Published_11 June 2024

တက္ကသိုလ်ဝင်စာမေးပွဲတွင် မဟော်သဓာကိုယ်ပိုင် အထက်တန်းကျောင်းမှ(၆)ဘာသာ(၁၄)ဦး၊(၅) ဘာသာ (၁၆)ဦးအပါအဝင်(၆)ဘာသာမှ(၁)ဘာသာအထိဂုဏ်ထူးထွက်သူ (၁၂၁)ဦး၊ ဘာသာရပ်အလိုက်ဂုဏ်ထူးထွက်သူ (၃၅၉)ဦး ရှိခဲ့ကြောင်း ၎င်းကိုယ်ပိုင်အထက်တန်းကျောင်း၏ ဖော်ပြချက်အရသိရသည်။

 

မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းမှ

1(၆)ဘာသာ (၁၄)ယောက်၊ 2(၅)ဘာသာ (၁၆)ယောက်၊ 3(၄)ဘာသာ (၂၀)ယောက်၊ 4(၃)ဘာသာ (၁၅)ယောက်၊ 5(၂)ဘာသာ (၁၅)ယောက်၊ 6(၁)ဘာသာ(၄၁)ယောက်ပါပြီး၊ 7ရိုးရိုးအောင်(၁၅၅)ယောက်​ရှိသည်ဟုဆိုသည်။

(၂၀၂၄)တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝိပ္ပံတွဲမှာ တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသူစာရင်းတွင် မဟော်သဓာကိုယ်ပိုင် အထက်တန်းကျောင်းမှ အောင်မြင်သူ(၂)ဦး ပါဝင်သလို ရန်ကုန်တိုင်းဒေသကြီးအဆင့် ဝိပ္ပံတွဲအမှတ်အများဆုံးရရှိသူ(၃)ဦးရှိပြီး ၎င်းတို့မှာ 

၁။မအေးချမ်းပြည့်မွန်

၂။မမြဆုခိုင်

၃။မောင်ရဲထက်နိုင် တို့(၃)ဦးတို့ဖြစ်သည်။

မဟော်သဓာကိုယ်ပိုင် အထက်တန်းကျောင်းမှ အောင်သည့်ထဲမပါသူ(၄)ဦးရှိပြီး၎င်းတို့အတွက် စိတ်မကောင်းကြောင်း ‌ကျောင်းမှထုတ်ပြန်ထားသည်။
Yangon_Times/tthl
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group