Published 11 June 2024

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီး မြင်းလှည်ဂိတ်မှတ်တိုင်အနီးတွင် ရပ်ထားသော ကားအား လိုက်ထရပ်ကားမှဝင်တိုက်မှု ဖြစ်ပွား ကြောင်း မီးသတ်တပ်ဖွဲ့နှငိ့ပရဟိတအသင်း ထံမှ သိရသည်။

ဇွန်လ ၁၀ရက် ည ၁၁ နာရီ ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကာ ယာဉ်တိုက်မှုကြောင့် ယာဉ်အတွင်းလူညှပ်မှု ဖြစ်သည့်အပြင် ယာဉ်ပါ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး လူမှုကူညီရေးအသင်းများ လာရောက်ခဲ့ကာ ကားအတွင်း ညှပ်နေသူကို ဆွဲ ထုတ်နိုင်ခဲ့ ပြီး မီးလောင်သည့်ယာဉ်ကို ငြှိမ်းသတ်နိုင်ခဲ့ကာ လုပ်ငန်းစဉ်များ အားလုံး ည ၁၁နာရီ၅၂မိနစ်တွင် ပြီးစီးခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာ ကို ရွှေမေတ္တာ လူမှုကူညီ‌ေရးအသင်း မှ လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group