Published 11 June 2024

၂၀၂၃ - ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဥ်းထောင်မှ ဝင်ရောက် ဖြေဆိုသူအားလုံး အောင်မြင်ကြောင်း အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတွေထံ မှ သိရသည်။

မတ်လကကျင်းပခဲ့သည့် ၂၀၂၃ - ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဥ်းထောင်မှ ဝင်ရောက်ဖြေဆိုသူ (၇) ဦးရှိခဲ့ပြီး ဖြေဆိုသူအားလုံး ရာနှုန်းပြည့်အောင်မြင်ကြောင်း သိရသည်။

အဆိုပါ အောင်မြင်သည့် ၇ဦး တွင် တစ်ဦး မှာ ဝိဇ္ဇာ တွဲ ဖြင့် တစ်နိုင်ငံ လုံးတွင် တတိယ အမှတ် အများဆုံး ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ဗဟိုအကျဥ်းထောင်မှ အကျဥ်းသား၊ အကျဉ်းသူ (၇) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၄) ဘာသာ ဂုဏ်ထူးဖြင့် (၁) ဦး၊ (၃)ဘာသာဂုဏ်ထူးဖြင့် (၄) ဦး၊ (၂) ဘာသာဂုဏ်ထူးဖြင့် (၂) ဦး စုစုပေါင်း ၇ ဦးလုံး (၁၀၀% ) ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group