Published_11 June 2024

ယခုဘဏ္ဍာနှစ်စဖြစ်သည့် နှစ်လတာကာလအတွင်း မြဝတီကုန်သွယ်မှု မှ ကန်ဒေါ်လာသန်း၅၀၀ခန့် ရရှိ ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှသိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လအတွင်း မြဝတီနယ်စပ်ကုန်သွယ်မှု မှ စုစုပေါင်း ကန်ဒေါ်လာ ၄၉၅ ဒသမ ၀၀၄ သန်းရရှိ ကြောင်းသိရသည်။

ယခင် ကာလတူက စုစုပေါင်းကုန်သွယ်မှုပမာဏ  ဒေါ်လာ ၈၂၉ ဒသမ ၆၂၂ သန်း အထိရှိခဲ့ရာ   ယခင်နှစ်ကာလတူအောက်လျော့ကျနေကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် နှစ်လတွင် ယခင်နှစ်ကာလတူထက် သွင်းကုန်တင်သွင်းမှု ဒေါ်လာသန်း ၂၉၀ ကျော်အထိ လျော့ကျခဲ့ပြီး ပို့ကုန်တင်ပို့မှု ဒေါ်လာ ၄၄ သန်းကျော် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၄ ဒသမ ၆၁၈ သန်း လျော့ကျခဲ့ ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group