#Local_News
Published_ 2 July 2024
▪️ ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ လှိုင်မြစ်ကျော်ဓာတ်အားလိုင်းသွယ်တန်းခြင်း လုပ်ငန်း ၉၇ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။
▪️ အဆိုပါ ဓာတ်အားလိုင်းသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသော ဓာတ်အားများကို ဓာတ်အားသုံးစွဲမှုများပြားသည့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ ဓာတ်အားပျောက်ဆုံးမှု နည်းပါးစွာနှင့် ဗို့အားပြည့်ဝတည်ငြိမ်စွာ ပို့လွှတ်နိုင်ရေးအတွက် တည်ဆောက်နေတာ ဖြစ်ပါတယ်။
▪️ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ဇူလိုင်(၁)ရက်တွင် ရွှေပြည်သာမြို့နယ်ရှိ ဝါးတရာကျေးရွာ အနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့ ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ လှိုင်မြစ်ကျော်ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
▪️ ဝန်ကြီးက ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် မြစ်ကျော်ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်စဉ် ရေလမ်းကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ကြပ်မတ်ဂရုပြုဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီရေးနှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရေး ဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါတယ်။
▪️ ထို့နောက်ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း မြစ်ကျော်တာဝါတိုင်များ တည်ဆောက်ပြီးစီးမှု၊ မြစ်ကျော်ဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေလမ်းကြောင်းအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။
▪️ လက်ရှိအချိန်တွင် ၂၃၀ ကေဗွီဗို့အားစနစ်ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ကနဦးဓာတ်အားပို့လွှတ်နိုင်ရန်အတွက် လှိုင်မြစ်ကျော် ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လပထမပတ်အတွင်းပြီးစီးနိုင်ရေး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၂၄၀ ဖြင့် အဖွဲ့လေးဖွဲ့ခွဲကာ ကြိုးဆွဲခြင်း လုပ်ငန်းများဆောင်ရွက်နေတာဖြစ်ပါတယ်။
▪️ အဆိုပါ ဓာတ်အားလိုင်းတည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့သို့ ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ-လှော်ကား ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ကမာနတ်-လှော်ကား ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ ကမာနတ်-သန်လျင်-သီလဝါ ဓာတ်အားလိုင်းတို့ဖြင့် ဗိုအားပြည့်ဝတည်ငြိမ်စွာ ပို့လွှတ်သွားနိုင်မှာ ဖြစ်ပါတယ်။
#Ymg_mnn #Yangon_Media_Group
#Local_News
Published 02 July 2024
▪️ တရုတ်နိုင်ငံမှ ကျင်းပသည့်'ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်'သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံ ရှီးကျန်းဒေသ၏ ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (4th China Xizang Trans-Himalaya Forum for International Cooperation) ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ညန်ချီမြို့၌ ကျင်းပမည်ဖြစ်သည်။
▪️ အဆိုပါဖိုရမ်သို့ တက်ရောက်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ညန်ချီမြို့သို့ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
▪️ ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့်သဘာဝတရားအကြား သဟဇာတဖြစ်သော ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စသည့် ကဏ္ဍသုံးခုကို ချိတ်ဆက်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်းနှင့် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Daily_News
Published 01 July 2024
၁။ ဩဂုတ်လထဲတွင် 'တောင်ပြုံးပွဲတော်ကြီး' (၁၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပမည်
၂။ ယခုအပတ်အဖွင့်ရွှေဈေး(YGEA)သောင်းဂဏာန်းတက်၊ (၄၅)သိန်းကျော်သွား
၃။ ထိုင်း ဆီးဂိမ်း၌ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲပြုလုပ်
၄။ ထိုင်းဒူးရင်းသီးများကို တရုတ်မှ စံချိန်တင်ဝယ်ယူလာသဖြင့် ထိုင်းမှ ဒူးရင်းသီးစိုက်ပျိုးသူများ စီးပွားအလွန်ဖြစ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ထိုင်းနိုင်ငံမှာပြုလုပ်မယ့် ၂၀၂၅ ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 01 July 2024
#ခရီးရှည်မြင်းစီးအားကစား #မြင်းစီးအားကစားအဖွဲ့ချုပ်
#NN #Yangon_Times
ကမ္ဘာ့ရွှေဈေးအနည်းငယ်တက်လို့ ဇွန်လ (၂၉) ရက်အကယ်ဒမီ မီးလင်းရွှေစျေးကွက် အပိတ်ဈေးနှုန်းအဖြစ် 4,483,206 ရှိရာမှ ဇူလိုင်လ (၁) ရက် အဖွင့်ရွှေဈေး4,502,514 ဖြစ်သွားတယ်လို့ YGEA မှ သိရပါတယ်။
#Local_News
Published 01 July 2024
#ရွှေဈေးသောင်းဂဏန်းတက် #YGEA
#tthl #Yangon_Times
တောင်ပြုံးပွဲတော်ကို ဝါခေါင်လဆန်း(၈) ရက် ဩဂုတ်လ(၁၂)ရက်ကနေစလို့ (၁၅)ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး ဘုရားဖူးတိုင်းရင်းသားပြည်သူတွေ၊ ရိုးရာဓလေ့ ကိုးကွယ်သူတွေ၊ ဈေးသူဈေးသားတွေ စည်ကားသိုက်မြိုက်စွာပါဝင်ဆင်နွှဲနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 01 July 2024
#'တောင်ပြုံးပွဲတော်ကြီး' #စည်ကားသိုက်မြိုက်စွာကျင်းပ
#tthl #Yangon_Times
#Local_News
Published 01 July 2024
▪️ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို မမေ့လျော့အောင် မြန်မာအမျိုးသမီးများနေ့အကြိုအဖြစ် ရန်ကုန်တိုင်း ဒေသကြီးတွင် "ရိုးရာဆင်မြန်းတော်ဝင်ပန်း" ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
▪️ အဆိုပါ "ရိုးရာဆင်မြန်းတော်ဝင်ပန်း" ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။
▪️ ပြိုင်ပွဲဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ "အမျိုးသမီးငယ်အများစုသည် မိမိတို့လူမျိုးအလိုက် ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများကို မေ့လျော့နေကြောင်း၊ ဒါကြောင့်အမျိုးသမီးများအနေဖြင့် မိမိတို့၏ ရိုးရာဝတ်စုံကို ဆင်မြန်းဝတ်ဆင်ထားခြင်းဖြင့် ကျက်သရေမင်္ဂလာရှိတယ်ဆိုတာကိုပေါ်လွင်သိရှိစေရန်အတွက် ယခုလိုပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း "ပြောကြားခဲ့သည်။
▪️ မြန်မာအမျိုးသမီးများနေ့အကြို ရိုးရာဆင်မြန်းတော်ဝင်ပန်း ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇွန် (၂၉)ရက် နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ခန်းမ၌ ကျင်းပခဲ့သည်။
▪️ ရှေးဦးစွာ တေးသံရှင် မထက်ဧကရီလွင်က ဗမာမလေးပါရှင့် အဖွင့်သီချင်း သီဆိုဖျော်ဖြေခဲ့သလို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရိုးရာအဝတ်အထည်အရောင်းဆိုင်များ၊ ရိုးရာအစားအစာအရောင်းဆိုင်များနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များသို့ လှည့်လည်ကြည့်ရှု ဝယ်ယူအားပေးကြသည်။
▪️ ၎င်းနောက် တိုင်းရင်းသူ(၈)ဦးက “စည်းလုံးစိုလေ သွေးချင်းတိုရဲ့မြေ” သီချင်းဖြင့် ဖျော်ဖြေကပြ တင်ဆက်ကြသည်။
▪️ ဆက်လက်၍ ကျောင်းသူ (၄၀)ဦးက ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများဖြင့် ပြိုင်ပွဲတွင်ယှဉ်ပြိုင်ကြပြီး နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ၍လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသူ (၁၄)ဦး က “လှမျိုးစုံကြွယ် ယဉ်တစ်ကိုယ်မယ်” “ခေတ်(၆)ခေတ်” ဝတ်စားဆင်ယင်ထုံးဖွဲ့မှု အလှပြအစီအစဉ်များဖြင့် လည်းကောင်း တင်ဆက်ကြသည်။
▪️ ထို့နောက် ရိုးရာဆင်မြန်း တော်ဝင်ပန်း ရိုးရာဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲ (၄၀) ဦးမှ (၁၀) ဦးအား ပဏာမရွေးချယ်ခဲ့ကြပြီး ၎င်း (၁၀) ဦးမှ (၅)ဦးအား ထပ်မံရွေးချယ်ကြပြီး နှစ်သိမ့်ဆုရရှိသူ(၅)ဦးအား စည်ပင်သာယာရေး ဝန်ကြီး (မြို့တော်ဝန်)၏ ဇနီးက ဆုများချီးမြှင့်သည်။
▪️ ယင်းနောက် ရွေးချယ်ထားသော (၅)ဦးအား ဒိုင်အဖွဲ့မှ ဗဟုသုတဉာဏ်စမ်း မေးခွန်းများမေးမြန်း၍ ပဉ္စမမှပထမရရှိကြသည့် ပြိုင်ပွဲဝင်များနှင့် ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးတို့က ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
Page 838 of 2467