#Daily_News
Published 04 July 2024
၁။ မိုးကြီးမည့်ဒေသများတွင် ရန်ကုန်နှင့်အောက်ပိုင်း ဒေသများပါဝင်လာ၊ မြစ်ရေကြီးဦးမည်
၂။ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း ဇူလိုင်၇ရက် နောက်ဆုံးထားဆောင်ရွက်ရန်နှင့် ကုန်ရ၊ကုန်ထုတ်၊ကုန်လက် ကျန် လချုပ် update စာရင်းပေးသွင်းခြင်းကို လစဉ် ၇ရက်အတွင်း ဆောင်ရွက်ရမည်
၃။ ယခုနှစ်အတွင်း မွန်ဒေသမှ ဆားတန်ချိန်လေးသောင်းသုံးထောင်ကျော်ထွက်ရှိ
၄။ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ခင်ပွန်းသည်ဆုံးရှုံးခဲ့ရသည့်အမျိုးသမီး ပဋိပက္ခတွေကိုအမြန်ဆုံး ပြီးဆုံးလိုကြောင်းထုတ်ဖော်ပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၃-၂၀၂၄နှစ် ဆားရာသီချိန်အတွင်း မွန်ဒေသမှ ဆားတန်ချိန်လေးသောင်းသုံးထောင်ကျော်ထွက်ရှိတယ်လို့ မွန်ပြည်နယ်ဆားလုပ်ငန်းဌာနခွဲက သိရပါတယ်။
#Local_News
Published 04 July 2024
#ဆားတန်ချိန်၄၃၀၀၀ကျော်ထွက် #မွန်ပြည်နယ်ဆားလုပ်ငန်းဌာနခွဲ
#NN #Yangon_Times
#Local_News
Published 04 July 2024
▪️ ၂၀၂၄ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းနှင့် အောင်လက်မှတ်များ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရုံးများတွင်ထုတ်၍ရပြီဖြစ်ကြောင်း ဇူလိုင်လ(၄)ရက်တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
▪️ ထုတ်ပြန်ချက်တွင်၂၀၂၄ ခုနှစ်စနစ်သစ် တက္က သိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအပါအဝင် မည်သည့်နှစ်အတွက်မဆို တက္ကသိုလ်ဝင်စာမေးပွဲ/အခြေခံပညာအထက်တန်းစာမေးပွဲ အောင်လက် မှတ်နှင့် အမှတ်စာရင်းများကို နေပြည်တော်နှင့် ရန်ကုန်ရှိ အောက်ဖော်ပြပါ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရုံးများတွင် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအတွင်း လျှောက်လွှာလက်ခံ၍ တိုက်ရိုက်ထုတ်ပေးလျက်ရှိသည်ဟု ဆိုသည်။
▪️ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်) ရုံးအမှတ် (၅၂)၊ သီရိမဏ္ဍိုင်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော် https://goo.gl/maps/Kp9WZ73ghzRqni6p6 နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးခွဲ)အမှတ်(၄/၅)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့https://goo.gl/maps/5opUAFGGPequyw1J7 ၌ထုတ်ယူနိုင်မည်ဖြစ်သည်။
▪️ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များတွင် ရုံးပိတ်ထားကြောင်းနှင့်အောင်လက်မှတ် ထုတ်ယူရန်အတွက် လိုအပ်သည့် အချက်များမှာ -
• အမည်
• ခုံအမှတ်
• အောင်မြင်သည့်ခုနှစ်
• မွေးသက္ကရာဇ်
• စာစစ်ဌာန
• ဖြေဆိုဘာသာတွဲ
• အဖအမည်
• အမိအမည်
▪️ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် သတ်မှတ်လျှောက်လွှာပုံစံ ဝယ်ယူ၍ အထက်ပါ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး
• အပြာနောက်ခံ (၁.၅" x ၂") ဆိုဒ်ဓါတ်ပုံ ၃ ပုံ
• နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တို့ဖြင့် ပူးတွဲ တင်ပေးရပါမည်။
▪️ အမှတ်စာရင်း ထုတ်ယူရန်အတွက် လိုအပ်သည့် အချက်များမှာ -
• အမည်
• ခုံအမှတ်
• အောင်မြင်သည့်ခုနှစ်
• စာစစ်ဌာန
▪️ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် သတ်မှတ်လျှောက်လွှာပုံစံ ဝယ်ယူ၍ အထက်ပါ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး အမှတ်စာရင်း လျှောက်ထား ထုတ်ယူနိုင်ပါသည်။
အထူးသတိပြုရန် အချက်အဖြစ်
• ဓါတ်ပုံသည် သတ်မှတ်အရွယ်အစား ဖြစ်ရပါမည်၊ မျက်နှာ၊ နားရွက် ထင်ရှားပြတ်သားရပါမည်။ ဓါတ်ပုံ အရည်အသွေး ကောင်းမွန်ရပါမည်။ မူလမျက်နှာသွင်ပြင်ပျောက်ကွယ်စေနိုင်သည့် မိတ်ကပ်၊ သနပ်ခါး လိမ်းခြယ်ထားမှုမဖြစ်စေရပါ။ အမြင်သင့်လျော်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့ မှုဖြစ်ရပါမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် မကိုက်ညီသော ဓါတ်ပုံများဖြင့် လျှောက်လွှာတင်သွင်းပါက လက်ခံဆောင်ရွက်ပေးမည် မဟုတ်ကြောင်းနှင့် အသေးစိတ်သိလိုသူများမြန်မာနိုင်ငံစာစစ်ဦးစီးဌာန Facebook Page ၌ဖော်ပြပါရှိကြောင်း သိရသည်။
#tthl #Yangon_Times
အခုနှစ်မှာ ပုဂ္ဂလိကကျောင်းဟောင်း ၆၄ကျောင်း၊ ကျောင်းသစ်(၅၀)ကျော် ကျောင်းမှတ်ပုံတင်သက်တမ်းအတိုင်း (၅)နှစ်တာဖွင့်ခွင့်ပြုထားပြီး ကျန်ကျောင်း(၂၀၀)ကျော်ကို ယာယီဖွင့်ခွင့်(၂)နှစ်ပြုပြီးပြုပြင်ခိုင်းထားတယ်လို့ သိရပါတယ်။
#Local_News
Published 04 July 2024
#ပုဂ္ဂလိကကျောင်း #ကျောင်းမှတ်ပုံတင်သက်တမ်း
#tthl #Yangon_Times
ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ရွှေကူမြို့နယ်တွေက မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ဒီကနေ့အထိ မြစ်ရေတွေဆက်လက်ဝင်ရောက်နေတာကြောင့် ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရပါတယ်။
#Local_News
Published 04 July 2024
#မြစ်ရေဆက်လက်ဝင်ရောက် #ဗန်းမော်နှင့်ရွှေကူရှိမြေနိမ့်ပိုင်းရပ်ကွက်
#NN #Yangon_Times
MyRo စနစ်မှာ ဆန်စပါး သိုလှောင်မှတ်ပုံတင်တာကို ဇူလိုင် ၇ ရက်နောက်ဆုံးထားဆောင်ရွက်ရမှာဖြစ်ပြီး ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် လချုပ် update စာရင်းပေးသွင်းခြင်းကို လစဉ် ခုနှစ်ရက်အတွင်း မပျက်မကွက် တိကျစွာဆောင်ရွက်ပေးရန်လိုအပ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 04 July 2024
#ဆန်စပါးသိုလှောင်မှတ်ပုံတင် #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#NN #Yangon_Times
ရန်ကုန်တိုင်း၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီး မိုးကြီးနိုင်ပြီး ဧရာဝတီ၊ ချင်းတွင်း၊ နန့်ယင်း၊ နန့်ကောင်းမြစ်ရေတွေ ကြီးနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 04 July 2024
#မြစ်ရေကြီး #ရန်ကုန်နှင့်အောက်ပိုင်းဒေသ
#tthl #Yangon_Times
Page 833 of 2467