၁၁ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အမျိုးမျိုးပြောဆိုသုံးသပ်နေမှုများရှိနေပြီး ယင်းနှင့်ပတ်သက်၍ ပြည်သူ လူထုပိုမိုသိရှိစေရန်အတွက်နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ (၁၁)ရက်နေ့တွင် ထပ်မံ၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးပါတယ်။
@ymg/knl
တညင်းကုန်းလက်ကားဈေးကြီးဝန်းအတွင်း ညအိပ်လာရောက် ရပ်နားတဲ့ကားတွေ ပိုမိုများလာတယ်၊ ဈေးဝန်းအတွင်း ညအိပ်ကားကြီးများကို ၂၄နာရီ လုံခြုံမှုအပြည့်နဲ့ တစ်နေကုန်ကားရပ်ထားနိုင်ပြီး ဝန်ဆောင်ခ အဖြစ် ၃၀၀၀ ကျပ် ကောက်ယူပါတယ်။ နေ့စဉ်အစီးရေ၅၀၀ကျော်ရပ်နားပါတယ်။
Yangon Times/LW
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ကန်ရိပ်သာလမ်းထောင့်တွင် ယာဉ်တို-က်မှု ဖြစ်ပွားတစ်ခု ဖြစ်ပွားပြီး အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။
ဖေဖော်ဝါရီ (၁၀)ရက် ည(၇)နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ အမျိုးသား (၂)ဦး မစိုးရိမ်ရအား ရွှေရုပ်လွှာပရဟိတအသင်း လူနာတင် ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times

Published 11 February 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ဇေယျာသီရိ (၄)ရပ်ကွက်ရှိ လူမှုကူညီရေးရုံးနှင်ြမော်တော်ယာဉ်အချို့ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံ က သိရသည်။
ဖေဖေါ်ဝါရီ ၁၁ရက် နံနက်၂နာရီခွဲခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး မြိတ်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာနံနက် ၃ နာရီ၃၅ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု မှာမြိတ်မြို့ ရှိ ဂရုဏနာရေးကူညီ မှုအသင်းရုံး ဖြစ်ပြီး အသင်းမှ မော်တော်ယာဉ် အချို့လဲ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်စဉ်နှင့်ဆုံးရှုံးမှု တန်ဖိုးများကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times





Published 11 February 2024
ပြည်သူ့ရင်ပြင်၌ပြုလုပ်နေသည့် MSME ထုတ်ကုန်ပစ္စည်းများရောင်း ချပွဲ၌ မြန်မာ့လက်မှုစင်တာမှလက်မှုပစ္စည်းများထည့်သွင်း ရောင်းချနေကြောင်းယင်းစင်တာမှ သိရသည်။
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် MSME ထုတ်ကုန်ပစ္စည်းဆိုင်ခန်း ၃၅၆ ခန်းဖြင့် ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ပြီး ပြသရောင်းချနေခြင်းဖြစ်ကာ ယင်း ဈေးရောင်းပွဲတော်တွင် မြန်မာ့လက်မှုစင်တာမှ လက်မှုထည်ပစ္စည်းများ၊ စက်မှုဇုန် ၂၉ ဇုန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ သမဝါယမအသင်းများနှင့် ပုဂ္ဂလိက အသေးစား လုပ်ငန်းများမှ ထုတ်လုပ်သည့် MSME ထုတ်ကုန်များ ကို ပြသရောင်းချနေခြင်းဖြစ်ကြောင်းသိရသည်။
'ပြည်သူ့ရင်ပြင်မှာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စျေးရောင်းပွဲတော်မှာ မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်) ရဲ့ အရောင်းပြခန်းလေး ဖွင့်လှစ်ထားပါတယ်။ လာရောက် လေ့လာဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်'မြန်မာ့လက်မှုအနုပညာစင်တာမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
MSME ထုတ်ကုန်ပစ္စည်း ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်တာ ကျင်းပသွားမည် ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များ၊ မီးရှူးမီးပန်းပစ်ဖောက်ခြင်းနှင့် အတူ လုံခြုံရေးအစီအစဉ် များကိုလည်း စီစဉ်ထားကြောင်း သိရသည် ။ MSME ဈေးရောင်းပွဲတော်တွင် စားသောက်ကုန် ၊ ဖိနပ်နှင့် လူသုံးကုန်ဆိုင်ခန်း များ ပြသရောင်းချနေပြီး အဆိုပါ MSME ထုတ်ကုန်များ ပြသရောင်းချခြင်းသည် ပြည်ပသွင်းကုန်အစားထိုးထုတ်လုပ်ရန်၊ MSME ထုတ်ကုန်များ ဈေးကွက်ရရှိရန်နှင့် အများပြည်သူ ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို လာရောက်မည့် ပြည်သူများ သွားရေးလာရေး အဆင်ပြေနိုင်စေရန် YBS ကားများ စီစဉ်ပေးထားပြီး လာရောက်မည့် ပြည်သူများအတွက်လည်း နေ့စဉ် စတုဒိသာ ဒန်ပေါက်ပေးဝေ လှူဒါန်းခြင်းများလည်း ပြုလုပ်နေကြောင်းသိရသည် ။
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times
Published 11 February 2024
တိုက်ကြီးခရိုင်၌ ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးရာသီအတွက် မျိုးစေ့ချကိရိယာ (Seeder) အလက် ၅၁၀ ဖြန့်ဝေထားကြောင်းတိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မှသိရသည်။
အဆိုပါ မျိုးစေ့ချကိရိယာ (Seeder)အလက် ၅၁၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခု နွေစပါးရာသီအတွက် ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဝေထားခြင်းဖြစ်ကြောင်းသိရသည်။
မျိုးစေ့ချကိရိယာ (Seeder) များဖြင့် စပါး တိုက်ရိုက်အစေ့ချစိုက်ပျိုးနိုင်ပြီး Seeder အသုံးပြုခြင်းသည် အချိန်ကုန် သက်သာစေပြီး ကုန်ကျစရိတ် ကို လျှော့ချနိုင်ကာ တစ်ဧက အထွက်နှုန်းတိုး၍ တောင်သူများ ဝင်ငွေရလမ်း ပိုမိုရရှိနိုင်လာမည့် အကျိုးကျေးဇူးများပြားနိုင်ကြောင်းသိရသည်။
YMG/ NN
Yangon-Times
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times

Published 11 February 2024
ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေးကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲ (၂၀၂၃) ဆုချီး မြှင့်ပွဲကို ၂၀၂၄ခုနှစ်မတ်လ၌ ထိုင်းနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပဉ္စမအကြိမ် မြောက် ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲ (၂၀၂၃) (The 5th Myanmar World Peace Ethic Contest 2023)ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ ရန်ကုန်တိုင်း သာသနာ့နုဂ္ဂဟ အသင်းကြီးနှင့် ထိုင်းနိုင်ငံဓမ္မ ကာယကျောင်းတော်ကြီးတို့က ကျင်းပခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းမှ မောင်ဘုန်းမော်ရွှေ က ပထမဆုကို ဆွတ်ခူးရရှိခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲ (၂၀၂၃) တွင် ပထမဆုရ မောင်ဘုန်းမော်ရွှေ နှင့် နှစ်သိမ့်ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲကို ပြီးခဲ့သည့်ရက်ပိုင်းက လည်း အ.ထ.က (၅) ကမာရွတ် (သပြေခန်းမဆောင်) ၌ ကျင်းပရာ G-10 to G-12 Level တန်းတွင် ပထမဆုရ မောင်ဘုန်းမော်ရွှေနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများ အား မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ ရန်ကုန်တိုင်းသာသနာ့နုဂ္ဂဟ အသင်းဥက္ကဋ္ဌ သဒ္ဓမ္မဇောတိက ဓဇ၊ သုဓမ္မမဏိဇောတဓရ ဦးတင်မိုးအောင်၊ အမှတ် (၅) အခြေခံပညာ အထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမ ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times
Page 830 of 2234