ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ တောင်ကိုရီယားနိုင်ငံကို ရာသီချိန်လုပ်သားစေလွှတ်လိုပါက အလုပ်သမား၀န်ကြီးဌာနကို လာရောက်လျှောက်ထားနိုင်တယ်လို့ အလုပ်သမား ၀န်ကြီးဌာနထံက သိရပါတယ်။
#Local_News
Published 05 December 2023
#တောင်ကိုရီးယား #ရာသီချိန်လုပ်သားစေလွှတ်
#YMG/LW #Yangon_Times
#Local_News
Published 05 December 2023
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်သည့် FIFA-MFF U17 League 2023 ပြိုင်ပွဲကိုယခုလအတွင်း ကျင်းပသွားမည်ဖြစ်ရာအသင်း(၁၀)သင်းဖြင့် ကျင်းပရန်လျာထားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှသိရသည်။
လူငယ်မျိုးဆက်သစ် ကစားသမားများထွက်ပေါ်လာရေးနှင့်မြန်မာ့လက်ရွေးစင် လူငယ်အသင်းများအား ထောက်ပံ့မှု ဖြစ်စေရန် ရည်ရွယ်၍ယခုလ ၂၀၂၃ ဒီဇင်ဘာလ နောက်ဆုံးအပတ်အတွင်း ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ ယူ ၁၇ လိဂ်ပြိုင်ပွဲအား အသင်း(၁၀)သင်းဖြင့် ကျင်းပရန်လျာထားပြီး ပြိုင်ပွဲဝင် ကစားသမားများအား ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း ဖွားမြင်သူများကိုသာ ပါဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊အသင်းတစ်သင်းတွင် အုပ်ချုပ်မှု အဖွဲ့ဝင်အနည်းဆုံး(၆)ဦး မှ အများဆုံး (၁၅)ဦး၊ ကစားသမား အနည်းဆုံး (၂၃)ဦးမှ အများဆုံး (၃၀)ဦး မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး ပထမ အကျော့၊ ဒုတိယ အကျော့ ပွဲစဉ်များအား ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းများအတိုင်း ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
FIFA-MFF U17 League 2023 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသော အသင်းများ အနေဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ လာရောက်ဆက်သွယ်နိုင်ပြီး
FIFA နှင့် MFF တို့ပူးပေါင်း၍ မြန်မာ ယူ၁၅ လိဂ်ကိုလည်း ယခုနှစ် ဇွန်လ ၂၄ ရက်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မန္တလေးမြို့(အထက်မြန်မာပြည်ဇုန်)နှင့် ရန်ကုန်မြို့ (အောက်မြန်မာပြည်ဇုန်)တို့တွင် ကျင်းပခဲ့ကာ ပြိုင်ပွဲဝင် အသင်းပေါင်း ၂၁ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
#Local_News #FIFA #MFF #မြန်မာယူ၁၇လိဂ်ပြိုင်ပွဲ #YMG/ NN #Yangon_Times
#Local_News
Published 5 December 2023
နေပြည်တော် လယ်ဝေးမြို့နယ် ပတ္တာကျေးရွာရှိ ရေသန့်စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၅ရက် နံနက် ၁၀နာရီ အချိန်ခန့်က မီးလောင်ကျွမ်းသဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ သွားရောက်level-1အဆင့်ဖြင့် မီးငြှိမ်းသတ်ရာ လောင်ကျွမ်းမှု များသဖြင့် ၁၀နာရီ ၂၅ မိနစ် တွင် Level 2 အဆင့် မီးသတ်ရေယာဉ် အုပ်စုထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ ၅၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁နာရီ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူရှိကာ မီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှုတန်ဖိုးတို့ကို သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #နေပြည်တော် #ရေသန့်စက်ရုံမီးလောင်မှုဖြစ် #YMG/LW #Yangon_Times
"လာမယ့်တပို့တွဲ၊ တပေါင်းနဲ့တန်ခူးလတွေမှာ ပြည်တွင်းမှာ ရိုးရာပွဲတော်တွေ၊ အလှူမင်္ဂလာပွဲတွေရှိဦးမှာဖြစ်တဲ့အတွက် အိုးစည်ဒိုးပတ်တွေ အော်ဒါပြန်ရလာမှာဖြစ်တယ်"ဒို့ဗမာ အိုးစည်ဒိုးပတ် လုပ်ငန်းမှတာဝန်ရှိသူတစ်ဦး
#Local_News
Published 05 December 2023
#အိုးစည်ဒိုးပတ် #အလှူမင်္ဂလာပွဲ
#tthl #Yangon _Times
#Local_News
Published 05 December 2023
ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်းနှင့် နှစ်စဉ်ကြေးပေးသွင်းခြင်းကို ဇန်နဝါရီ ၁ ရက်မှစပြီး အီလက်ထရွန်နစ်စနစ်ဖြင့်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ သိရသည်။
သက်တမ်းတိုးလျှောက်ထားခြင်းအတွက် သတ်မှတ်အထောက်အထားများ အပြည့်အစုံတင်ပြရမည်ဖြစ်ပြီး ကနဦးအထောက်အထားစစ်ဆေးခကျပ် ၃၀၀၀၀ ကို Digital Payment ဖြင့် သွင်းရမည်ဖြစ်သည်။
ဆေးဝါးမှတ်ပုံတင်ကြေးကို ကျပ် ၅ သိန်းသတ်မှတ်ထားပြီး ငါးနှစ်တစ်ကြိမ်သက်တမ်းတိုးရမည်ဖြစ်ပြီးဆေးဝါးတစ်မျိုးအတွက် နှစ်စဉ်ကြေးAnnual Feeအနေဖြင့် ကျပ်၃သိန်းသွင်းရမည်ဟု ဖော်ပြထားသည်။
သက်တမ်းတိုးလျှောက်ထားခြင်းကို ဆေးဝါးမှတ်ပုံတင်သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း (၁၈၀)ကြိုတင်ပြီး လျှောက်ထားရမှာဖြစ်ပြီးသတ်မှတ်ကာလအတွင်း ဆောင်ရွက်ခြင်းမရှိပါက သက်တမ်းကုန်ဆုံးရက် ကစပြီး တစ်လကိုဒဏ်ငွေကျပ်ငါးသောင်းပေးဆောင်ရမှာဖြစ်သည်ဟု ဆိုသည်။
ဆေးဝါးမှတ်ပုံတင် နှစ်စဉ်ကြေးကို ဒစ်ဂျစ်တယ်စနစ်ဖြင့်သာ ပေးသွင်းရမည်ဖြစ်ပြီး နှစ်စဉ်ကြေးပေးသွင်းရန် (၂) နှစ်ဆက်တိုက် ပျက်ကွက်ပါက ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်းကို ဆက် လက်ဆောင်ရွက်ခွင့်ပြုမည်မဟုတ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ သိရသည်။
#Local_News #ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်း #သက်တမ်းမကုန်မီရက်(၁၈၀)ကြိုလျှောက် #tthl #Yangon _Times
#Local_News
Published 5 December 2023
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စခန်းကြီးကျေးရွာအနီး လှည်းကူး-ဖောင်ကြီး လမ်းတွင် ဒီဇင်ဘာ ၅ရက် နံနက် ၈နာရီခန့်က ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း လှည်းကူးမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် လူတစ်ဦးညှပ်နေကြောင်း သတင်းရရှိသဖြင့် လှည်းကူးမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများက သွားရောက်ကယ်ဆယ်ထုတ်ယူပေးတာကြောင့် ၈နာရီ၈မိခန့်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ယင်းထိခိုက်ဒဏ်ရာရသူများကို လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းနှင့်လူမှုကူညီရေးအသင်းများက ရှေးဦးသူနာပြုစုခြင်းတို့ ပြုလုပ်ပေးကာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ် #YMG/LW #Yangon_Times
#Local_News
Published_ 5 December 2023
လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများ လိုက်နာရေးနှင့်ပတ်သက်၍ ဝန်ကြီး ဦးကိုကိုလှိုင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera တို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)ဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Com-mittee of the Red Cross-ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena Ajmone Sessera ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာ ၄ ရက်က နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရသူတွေ အပါအဝင် ထောင်ပေါင်းများစွာသော မသန်စွမ်းသူတွေနဲ့အတူလုပ်ငန်းတွေဆောင်ရွက်နေတာ နှစ်ပေါင်း ၃၀ ကျော်တိုင်ခဲ့ပြီဖြစ်တယ်လို့ ICRC က ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်း ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းနဲ့ ရန်ကုန်တို့မှာရှိတဲ့ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာန ၅ ခုကို ပံ့ပိုးကူညီနေပြီး အမျိုးမျိုးသော ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးတဲ့အပြင်၊ ဒီဌာနတွေက ကိုယ်အင်္ဂါမသန်စွမ်းသူတွေ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ပါဝင်စေနိုင်ဖို့ ပြန်လည်သန်စွမ်းရေးဆိုင်ရာ အားကစားတွေကအစ အသေးစားစီးပွားရေးလုပ်ငန်းတွေ အစပြုနိုင်ဖို့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေပံ့ပိုးပေးတာအပါအဝင် အမျိုးမျိုးသော လုပ်ငန်းတွေအားဖြင့် အားပေးမြှင့်တင်လျက်ရှိတယ်လို့ ICRC မြန်မာ က သတင်းထုတ်ပြန် ထားပါတယ်။
#Local_News #လူသားချင်းစာနာထောက်ထားမှု #နိုင်ငံတကာဥပဒေ #ymg_mnn #Yangon_Media_Group
Page 826 of 2106