#Local_News
Published-29 January 2024
YBS ယာဉ်လိုင်း၄၀ခန့်၌ YPS QR Code အသုံးပြုနိုင်ပြီဖြစ်ကြောင်း YPS မှ သိရသည်။
အဆိုပါ အသုံးပြုနိုင်သည့် YBS ယာဉ်လိုင်း များမှာ12,13, 19, 24, 21, 22, 25, 27 ,30, 38, 39, 42, 55, 57, 63, 64, 65, 66, 76, 79. 80, 81, 84, 85, 100, 103, 111, 127, 128,130, 131, 132, 133, 134, 135, 136, 138, 139, 142 တို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် YPS QR Code ကို အသုံးပြုရန် MPyps + အက်ပ်(Android Version)ကို install လုပ်ထားရန် လိုအပ်ပြီး Google Playstore မှာ Download ရယူနိုင်ကြောင်း သိရသည်။
ထို့အပြင် YBS စီးလျှင် YPS Card ကို ဖြစ်စေ၊ YBS QR Code ကိုဖြစ်စေ အသုံးပြုနိုင်ပြီး YPS card Services များ နှင့် YPS QR Code Top Up Service ဝန်ဆောင်မှုများကို YPS Card အရောင်းကောင်တာများ(KIOSK)၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင်မြင့် ရုပ်ရှင်ရုံများ၊ Capital အဆင်မြင့်ကုန်တိုက်များနှင့် Wellington Pharmacy များတွင် အလွယ်တကူ ရယူနိုင်ကြောင်းသိရသည်။
အဆိုပါ YPS QR Code ကို အသေးစိတ် သိရှိလိုပါက Call Center(Hotline) 09969990905 သို့ တနင်္လာမှ သောကြာအထိ ရုံးချိန် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
#Local_News #YBSယာဉ်လိုင်း၄၀ #YPS_QR_Codeအသုံးပြုနိုင် #YMG /NN #Yangon_Times
#Local_News
Published_ 29 January 2024
ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေး အနက်ထားပြီး ကြားဝင် ဖြေရှင်းပေးနိုင်ရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တိုက်တွန်းလိုက်သည်။
ယနေ့ ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ပြန်သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၂၀၂၃ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေး ကြေညာချက် တွင် အထက်ပါအတိုင်း တိုက်တွန်းထားခြင်းဖြစ်သည်။
ယင်းအပြင် RCSSအနေဖြင့် သက်ဆိုင် ရာ အဖွဲအစည်းများနှင့် တွေ့ဆုံညှိနှိင်းဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်း လမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
RCSS ထိန်းချုပ်သည့် နယ်မြေများအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ အွန်လိုင်း ငွေကြေးလိမ်လည်ခြင်း(ကျားဖြန့်) ပိတ်ပင်တားဆီးရေး လုပ်ငန်းနှင့် လူကုန်ကူးမှုတားဆီးရေးလုပ်ငန်းတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အစည်းအဝေးသို့အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(CEC)များ၊ ဗဟိုဦးစီးကော်မတီဝင်(CLC)များ၊ ဗဟိုကော်မတီဝင်(CC)များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၂၅၆)ဦး တက်ရောက်ခဲ့ကြောင်း၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၏ ၂၀၂၃ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီလ (၂၆ ရက်နှင့် ၂၈)ရက်တွင် ဗဟိုဌာနချုပ် ရှိရာလွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #အာဆီယံကြားဝင်ဖြေရှင်းပေး #RCSSတိုက်တွန်း #Yangon_Times/PP
#Local_News
Published-29 January 2024
၂၀၂၄ ခုနှစ်တွင် မြန်မာ့စီးပွားရေး GDP ၂ ရာခိုင်နှုန်း နှင့် ၃ဒသမ ၂ ရာခိုင်နှုန်းကြား တိုးတက်နိုင်ရန်မျှော်မှန်းထားကြောင်း ကုန်သွယ်မှုကိုယ်စားလှယ် Mr.Vladimir Kazadaev က ပြောသည်။
မော်စကို၌ ကျင်းပသည့် ဒုတိယအကြိမ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်တွင် ကုန်သွယ်မှုကိုယ်စားလှယ် Mr.Vladimir Kazadaev မှမိန့်ခွန်း၌ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
၎င်း၏မိန့်ခွန်းတွင် ၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး ဖွံ့တိုးတက်မှု ရလဒ်များကို တင်ပြခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ၊မြန်မာ့စီးပွားဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် အကြံပြုချက်များပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံသည်နိုင်ငံတကာနှင့် နှိင်းယှဉ်လျှင်အနုတ်လက္ခဏာများ ရှိနေသော်လည်း မြန်မာ့စီးပွားရေးသည် တိုးတက်မှုလမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ် GDP သည် ၁ရာခိုင်နှုန်းမှ၂ဒသမ ၈ ရာခိုင်နှုန်းကြားတိုးတက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းချက်မှာ GDP ၏ ၂ ရာခိုင်နှုန်းနှင့် ၃ဒသမ၂ ရာခိုင်နှုန်းကြား တိုးတက်မှုတွင်တည်ငြိမ်ရေးဖြစ်ကြောင်း သိရသည်။
၎င်းအပြင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အလားအလာ အလွန်ကြီးမားသော နိုင်ငံဖြစ်ပြီး America ၊EU နှင့် UK နိုင်ငံများကဲ့သို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သော်လည်း မြန်မာနိုင်ငံတွင် ၄င်းတို့၏လုပ်ငန်းများကို အရှိန်မလျှော့ကြောင်း၊ စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည်လည်း ၂၀၂၃ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၉၅ဒသမ၃ ဘီလီယံ (+ဝ.၇%) တိုးလာကြောင်း သိရသည်။
စွမ်းအင်၊ လျှပ်စစ်ဓာတ်အား၊ ICT၊ ပြည်တွင်းစက်မှုလုပ်ငန်းများ (ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ ပြုပြင်ထုတ်လုပ်ခြင်း) သည်အလားအလာကောင်းများဖြစ်ပြီး အောင်မြင်မှုသော့ချက်မှာ ရေရှည်စီးပွားရေးအတွက် ကစားလိုစိတ် - ရေရှည်စီမံကိန်းများ ရင်းနှီးမြှုပ်နှံခြင်း၊ မိမိထုတ်ကုန်နှင့် ဖြေရှင်းချက်များကို မှန်ကန်စွာနေရာချနိုင်စွမ်း - ဒေသတွင်းဈေးကွက်နှင့်လိုအပ်ချက်များကို စဉ်းစားခြင်း၊ 'one-time supply' paradigm မှ ဖယ်ခွာခြင်း - မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော နိုင်ငံခြား ပြိုင်ဘက်များသည် Training ၊ soft power ၊ သီးခြားသတ်မှတ်ထားသော block များပါဝင်သည့် ဆက်မပြတ်အကောင်အထည်ဖော်နိုင်သော စီမံကိန်းကြီးများမှတဆင့် ၎င်းတို့၏ အကျိုး စီးပွါးအတွက်လုပ်ဆောင်ချက်များ သင်ယူခဲ့ကြကြောင်းသိရသည်။
ကုန်သွယ်မှုအလားအလာများမှာလည်း လယ်ယာထွက်ကုန် တင်သွင်းမှုတိုးမြှင့်ရေးသည် ဦးစားပေး ကဏ္ဍဖြစ်ကြောင်း၊ EAEU General System of Preferences သည် ဖွံ့ဖြိုးမှုနှေးသောနိုင်ငံမှသွင်းကုန်အမျိုးမျိုးပေါ်တွင် သွင်းကုန်အကောက်ခွန်များကို ဖယ်ရှားပေးသည့် မြန်မာနိုင်ငံ၏ပို့ကုန်လုပ်ငန်းရှင်များကို ကူညီပေးသော စနစ်ဖြစ်
ကြောင်းနှင့် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ တင်ပို့နိုင်သည့် ပင်လယ်စာ၊ ဆန်၊ ကော်ဖီနှင့် အခြားထုတ်ကုန်များစွာပါဝင်ကြောင်းသိရသည်။
#Local_News #မြန်မာ့စီးပွားရေး #တိုးတက်နိုင်ရန်မျှော်မှန်း #YMG/ NN #Yangon_Times
#Local_News
Published 29 January 2024
ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူ -ရန်ကုန် ကားလမ်းမိုင်တိုင်အမှတ်(၁၄/၂)နှင့်(၁၄/၃)ကြားတွင် ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဆီဘောက်ဆာယာဉ်မှ ယာဉ်မောင်း ဖြစ်သူ တစ်ဦးေ-သဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဇန်န၀ါရီ ၂၉ ရက် နံနက် ၆နာရီ ၄၀ခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းရရှိချက်အရ ဓနုဖြူမြို့နယ် မီးသတ်စခန်းမှ သန္ဓေ မီးသတ်ဖွဲ့ဝင်များက သက်ဆိုင်ရာ အဖွဲ့စည်းများနှင့် ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
"ဓနုဖြူမြို့တောင်ဘက် ၄ မိုင်ခန့်အကွာညောင်ချောင်းရွာအနီးမှာဖြစ်တာ ကုန်တင်ကားက ဆန်အိပ်တွေ သယ်လာတဲ့ ကား မျက်နှာချင်းဆိုင်လာတဲ့ ဆီဘောက်ဆာ ကားနဲ့တိုက်မိသွားတာ မနက်ပိုင်းက ရာသီဥတုက အုပ်မှိုင်းမှိုင်း ဆိုတော့မြင်ကွင်းမရှင်းဘဲ ဖြစ်သွားတာ ထင်တယ်ေ-သဆုံးသွားတဲ့ ယာဉ်မောင်းက ကားအောက်မှာညှပ်နေလို့ မီးသတ်တပ်ဖွဲ့တွေ အကူညီနဲ့ ထုတ် ကသေးတယ်''ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာယာဉ်မှ ယာဉ်မောင်း ဖြစ်သူ မှာေ-သဆုံးပြီး ယာဉ်အကူဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိသဖြင့် ဓနုဖြူပြည်သူ့ဆေးရုံသို့ ပုဏ္ဏမာပရဟိတအဖွဲ့မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ကုန်တင်ယာဉ်နှင့်ဆီဘောက်ဆာယာဉ် #မျက်နှာချင်းဆိုင်တိုက်မိ #ယာဉ်မောင်းဖြစ်သူေ-သဆုံး #YMG/LW #Yangon_Times
၂၈ ဇန်နဝါရီ ၂၀၂၄
လာအိုမှာကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်တက်ရောက်နေပါတယ်။
မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားမပြုသူတစ်ဦးကို စေလွှတ်ဖို့ အာဆီယံကဆုံးဖြတ်ထားတဲ့အပေါ် မြန်မာနိုင်ငံနစကမှ လာအိုမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပထမဆုံးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဒေါ်မာလာသန်းထိုက်ကို စတင်စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနှင့်အခြား သံတမန်အရင်းအမြစ်နှစ်ခုကလည်း ဒေါ်မာလာသန်းထိုက် တက်ရောက်နေတာကို အတည်ပြုတယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။
“အာဆီယံရဲ့မူဝါဒမပြောင်းလဲဘူး။ မြန်မာဟာ အာဆီယံရဲ့ ဆုံးဖြတ်ချက်လုပ်ဆောင်ရာမှာ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူး” လို့ ရက်နိုမာဆူဒီက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun ဟာ ရာထူးလက်ခံပြီးသိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံ နေပြည်တော်ကိုလာရောက်ပြီး နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလာရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကိစ္စများဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ လွမ်ဖရာဘန်မြို့မှာ ယနေ့ ဇန်နဝါရီ ၂၈ ရက်မှာကျင်းပနေတာဖြစ်ပါတယ်။
@ymg/knl
Published_28 Jan 2024
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့အတွင်း KIA ၊ TNLA အဖွဲ့နှင့် PDF အဖွဲ့တို့ကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းကာ မိုင်းရှင်းလင်းရေး များ ဆက်လက်ဆောင်ရွက်ခဲ့ရကြောင်း နစကသတင်းထုတ်ပြန်ရေး အဖွဲ့ က ထုတ်ပြန်လိုက်သည်။
KIA ၊TNLA အဖွဲ့နှင့် PDF တို့ အုပ်စုဖွဲ့လျက် ဇန်နဝါရီလ ၁၈ ရက်မှ စ၍ မိုးမိတ်မြို့ လုံခြုံရေး စခန်းများကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာခဲ့သောကြောင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်း ရေးစစ်ဆင်ရေး (Counter- Terrorism Operation)ကို စစ်ကူ၊ စစ်ကြောင်းများ၊ အမြောက်နှင့် လက်နက်ကြီး ပစ်ကူများဖြင့် ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ (၁၆)ကြိမ် ဖြစ်ပွားခဲ့ပြီး မိုးမိတ်မြို့ ကို ဇန်နဝါရီ ၂၇ ရက်တွင် တပ်မတော် စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့များက မိုးမိတ်မြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း စစ်ရေးနှင့်သက်ဆိုင်ခြင်း မရှိသည့် ဘာသာ ရေးဆိုင်ရာ အဆောက်အဦများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ် များ တွင် သဲအိတ်များစီ၍ ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်အဆောက်အဦများအကြားနှင့် အများ ပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင် ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ် တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန် ထားသည့်ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းအတိုင်း တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရကြောင်းလည်း နစက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး KIA ၊ TNLA အဖွဲ့နှင့် PDF အဖွဲ့တို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက် လုပ်ငန်း များလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိုးမိတ်မြို့အတွင်း နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင် ရောက်နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှား ရှင်းလင်းပေးခြင်း၊စာသင်ကျောင်း ပျက်စီးမှုများကို ပြန် လည် ပြုပြင်ပေးခြင်း၊ မိုင်း ရှင်းလင်းပေးခြင်း များစသည်ဖြင့် မြို့ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း လည်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group







Published 28 January 2024
ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ကိုးလတာအတွင်း ပြည်တွင်းပြည်ပခရီးသွား ၈၀၀၀ကျော်ဝင်ရောက်ခဲ့ကြောင်းရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) သိရသည်။ထိုသို့ဝင်ရောက်ရာတွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ဧပြီလမှ ဒီဇင်ဘာလအထိပြည်တွင်းခရီးသွား ၈၃၆၀ ဦး၊ပြည်ပနိုင်ငံသား ၁၂၃ ဦးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဝင်ရောက်ခဲ့သည့်ပြည်တွင်း၊ပြည်ပခရီးသွားများထံမှ ပြတိုက် ဝင်ကြေး(၃၈၅၂၆၀၀၀)ကျပ်ကောက်ခံရရှိထားကြောင်းသိရသည်။
အဆိုပါ ပုဂံရှေးဟောင်းသုတေသန ပြတိုက်အား တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များမှအပနေ့စဉ် နံနက် (၉) နာရီခွဲမှ ညနေ (၄)နာရီခွဲထိ ပုံမှန်ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာခွဲ) ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ဝင်ရောက် လေ့လာသည့် ဇုန်ဝင်ကြေးကိုလည်း ၂၀၂၃ခုနှစ် ဒီဇင်ဘာ (၁) ရက်မှစတင်ကာ ပြည်ပဧည့်သည်တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှင့် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ၁၀၀၀ ကျပ်သို့ တိုးမြင့်ကောက်ခံနေပြီး ပြတိုက်သို့ (၁၀)နှစ်အောက် ကလေးငယ်များ၊ ရဟန်းတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးတို့ကိုမူအခမဲ့ဝင်ရောက်ခွင့် ပြုပေးထားကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 827 of 2206