#Daily_News
Published_04 May 2024
၁။ ရွှေတိဂုံစေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရန် စီစဉ်ဆောင်ရွက်နေ၊ မိုးကုန်မှစနိုင်မည်ခန့်မှန်း
၂။ ရာသီချိန်ဖြစ်သော်လည်း ထန်းလျက်ကုန်အဝင်နည်းပြီး စျေးမြင့်နေ
၃။ သက်ြန်ကာလနောက်ပိုင်း ပြောင်းဈေး ပြန်တက်နေ
၄။ ဂျပန်ယန်းငွေတန်ဖိုးကျဆင်းလာကာ အစားအသောက်နှင့် အခြားစရိတ်စကများမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မိုးခေါ်ပွဲတွေကို မြန်မာနိုင်ငံမှာသာမက နိုင်ငံတော်တော်များများမှာလည်း ဆောင်ရွက်နေကြပြီး မြန်မာနိုင်ငံရိုးရာ မိုးခေါ်ပွဲကို ယူနက်စကိုက အသိအမှတ်ပြုအောင်ရည်ရွယ်ကျင်းပတာဖြစ်တယ်။
Yangon_Times/tthl
#Local_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 4 May 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာ အနီး ယာဉ်တစ်စီးတိမ်းမှောက်မှု ဖြစ်ကာ အမျိုးသားတစ်ဦးေ-သဆုံးမှု ခဲ့ကြောင်းဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်လူမှုကူညီရေးအသင်းထံက သိရသည်။
မေလ ၄ရက် မနက်ပိုင်းက ဘီးလင်းမြို့နယ် သပြေနီကျေးရွာအဝင်ကွေ့တွင် အန်ဇာတုန်းယဥ် အရှိန်လွန်တိမ်းမှောက်မှု့ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါယာဉ် တိမ်းမှောက်မှုကြောင့်ယာဉ်ပေါ်ပါ ၈ဦး အနက် ၆ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ ပြီး အမျိုးသားတစ်ဦးမှာ ဦးခေါင်း ထိခိုက်ဒဏ်ရာ နှင့်ညာခြေပြတ်ဒဏ်ရာ များ ဖြင့် ဆေးရုံ သို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူများကို ဘီးလင်းဆေးရုံသို့ အရေးပေါ်ကယ်ဆယ်ရေးယာဥ်(3)စီးဖြင့်ပူးပေါင်းကူညီကယ်ဆယ်ပေးခဲ့ကြကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group

သက်ြန်မတိုင်မီက ကျဆင်းခဲ့တဲ့ မြန်မာ့ပြောင်းဆံဈေးနှုန်းတွေက သက်ြန်ကာလနောက်ပိုင်းကနေ ပြောင်းဈေး တွေ ပြန်တက်နေတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ထန်းတက်သမား ရှားလာတာကြောင့် ရာသီချိန်ဖြစ်ပေမယ့် ဈေးကွက်ထဲကို ထန်းလျက်ကုန်အဝင်နည်းကာ စျေးမြင့်လာတယ်လို့ ထန်းလျက်ပွဲရုံတွေ့ထံ ကသိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရွှေတိဂုံ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ဖို့က ခွင့်ပြုချက်ရမှစတင်ဆောင်ရွက်နိုင်မယ်။
မိုးကုန်မှ ငြမ်းဆင်တာတွေ စတင်နိုင်မှာဖြစ်သလို ငြမ်းဆင်ချိန်က စုစုပေါင်းတစ်လခွဲခန့် ကြာမြင့်နိုင်တယ်။
Yangon_Times/tthl
#Local_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 04 May 2024
"Painted Jezebel" လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို မေလ ၅ ရက်၌ ထုတ်ဝေသွားမည်ဖြစ်ရာ ရန်ကုန်စာတိုက်ကြီးအပါအဝင် စာတိုက်ကြီးများ၌ တစ်ပြိုင် တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထား မှတ်ချက် ပြုထားသော"Painted Jezebel" လိပ်ပြာပုံ အားတံဆိပ်ခေါင်းအဖြစ် မေလ၅ရက် တွင်စတင်ထုတ်ဝေမည်ဖြစ်သည်။
ထို့အပြင် ယင်းနေ့ ၉ နာရီခွဲမှ စတင်ပြီး နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင် တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီး တို့တွင် မေလ ၅ ရက် တနင်္ဂနွေနေ့၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 822 of 2360