Published-21 September 2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ဘားအံတက္ကသိုလ် ကျောင်းအနောက်ဘက်လမ်း၌ယနေ့နံနက်က ကားတစ်စီး မတော်တဆတိမ်းမှောက်၍ ထိခိုက်ဒဏ်ရာရရှိသူ (၄)ဦးရှိကြောင်း Myanmar Rescue Organization Hpa An က သိရသည်။
စက်တင်ဘာလ ၂၁ ရက် နံနက် ၁နာရီခွဲ အချိန်၌ ဘားအံမြို့အမှတ် ( ၉ )ရပ် ကွက် ၊မေတ္တာလမ်း ဘားအံတက္ကသိုလ် ကျောင်းအနောက်ဘက်လမ်း၌ ကားတစ်စီး မတော်တဆ တိမ်းမှောက်၍ ကားအတွင်းညှပ်နေသူ အမျိုးသား (၂)ဦးနှင့် အပြင်ထွက်နေသောလူနာအမျိုးသား (၁)ဦး၊အမျိုးသမီး (၁) ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
ဖြစ်စဥ်နေရာသို့ Myanmar Rescue Organization - Hpa An ၏ အရေးပေါ်
ကယ်ဆယ်ရေးအဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီမှုဆောင်ရွက်ကာဒဏ်ရာများပြုစုပေးပြီး လူနာ (၄) ဦးအား မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ဘားအံ၏ လူနာတင်ယာဥ် နှစ်စီးဖြင့် တောင်ကလေးစစ်ဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 20 September 2023
၁။ Asian Game ပြိုင်ပွဲတွင် မြန်မာမှ ဘင်္ဂလားဒေ့ရှ်ကို(၁)ဂိုး(၀)ဖြင့် အနိုင်ရပြီး ပွဲဦးထွက်လှခဲ့၊အိမ်ရှင်တရုတ်နှင့် ဆက်ပြိုင်မည်
၂။ မြန်မာတစ်နိုင်ငံလုံးရှိ သဘင်သက်ကြီးဘိုးဘွား ဦးရေတစ်ထောင်ကျော်ကို ပူဇော်ကန်တော့သွားမည်
၃။ ပြည်တွင်းထွက် ဆီမီးခွက်များ လာမည့် သီတင်းကျွတ်ကာလအတွက် ဝယ်ယူမှု ယခင်နှစ်ထက် သုံးဆကျော်မြင့်တတ်
၄။ တရုတ်ပြည် ကျင်မေတောင်ရှိ လက်ဖက်တောဟောင်း နေရာဒေသကြီးအား ယူနက်စ်ကိုကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်း .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ငမိုးရိပ်ချောင်း ရေမြင့်တတ်မှုကြောင့် လှည်းကူးရှိ အိမ်ခြေ ၁၅၀ ခန့်ရေနစ်မြုပ်ဒဏ်ခံနေရ
စက်တင်ဘာ ၁၇ ည ပိုင်းက ချောင်းရေ မြင့်တတ်လာတာကြောင့် လှည်းမြို့နယ်ထဲက ချောင်းနဲ့ နီးစပ်ရာ ရပ်ကွက်တွေနဲ့ မြေနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်အတွင်းကို ရေများဝင်ရောက်လာတဲ့ အတွက် နေထိုင်ဖို့မဖြစ်တဲ့ နေအိမ်မှပြည်သူတွေဟာ ဘေးကင်းရာကို ယာယီရွှေ့ပြောင်းနေထိုင်နေရတယ်လို့ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 20 September 2023
#YMG #Yangon_Times #Yangon_Media_Group
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ နိုဝင်ဘာတွင် ပြန်ဖွင့်မည်
‘အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှာ ဂီတ၊သဘင်၊ပန်းချီ၊ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်ဆိုပြီး အထူးပြုဘာသာရပ်မေဂျာ(၅)ခုရှိရာမှ လာမယ့်နှစ်မှာတော့ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုဘာသာရပ်မေဂျာတစ်ခုလည်း ထပ်တိုးဖိုရှိတယ်’ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှတာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 20 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 20 September 2023
ရန်ကုန်လေဆိပ်အတွင်း ခရီးသည်လိုက်ပါပို့ဆောင်မည့်သူများ ယာယီဝင်/ထွက်ခွင့် ကတ်ဖြင့် ဝင်ရောက်နိုင်ပြီလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ကြေညာထားသည်။
လိုက်ပါပို့ဆောင်သူများအနေဖြင့် လေဆိပ် Public Area ယာယီဝင်/ထွက် ခွင့်ကတ် ထုတ်ယူရာတွင် မှတ်ပုံတင် ပြသရန် လိုအပ်ပြီး မည်သည့်အခကြေးငွေမျှ ပေးဆောင်ရန်မလိုကြောင်းလည်းသိရသည်။
ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား ချိတ်ဆွဲ၍ ဂိတ်အမှတ် (၂)မှ အစစ်ဆေးခံဝင်ရောက်ကာ ဂိတ်အမှတ် (၆)မှ ပြန်လည်ထွက်ခွာရမည်ဟုသိရသည်။
လေဆိပ် Terminal Public Area အတွင်း ခရီးသည်ပို့ဆောင်/ကြိုဆိုစဉ် ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား အမြဲတမ်းချိတ်ဆွဲထားရမည် ဖြစ်ပြီး လေဆိပ်၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာရမည် ဖြစ်သလို အဆိုပါ ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား အလွဲသုံးစားပြုလုပ်ပါက အဆိုပါကတ်ပြား ဖြုတ်သိမ်းကာ သက်ဆိုင်ရာမှ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Published_ 20 September 2023
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းထွက် ဆီမီးခွက်များ လာမည့်သီတင်းကျွတ်ကာလအတွက် ဝယ်ယူမှု ယခင်နှစ်ထက် သုံးဆကျော်မြင့်တတ်
မြေစေးနဲ့ သဘာဝနည်းအတိုင်းပြုလုပ်ရတဲ့ ပြည်တွင်းထွက်ဆီမီးခွက်တွေကို လာမယ့်သီတင်းကျွတ်ကာလအတွက် ဝယ်ယူတာတွေဟာ ယမန်နှစ်ထက် ဝယ်ယူမှုသုံးဆကျော်
မြင့်တတ်လာတယ်လို့ မန္တလေးရှိ မြေထည်ပစ္စည်းရောင်းဝယ်ရေးလုပ်သူတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 20 September 2023
#YMG #Yangon_Times #Yangon_Media_Group
သဘင်သက်ကြီးဘိုးဘွား တစ်ထောင်ကျော်ကို ပူဇော်ကန်တော့မည်
‘သဘင်သက်ကြီးဘိုးဘွားတွေဟာ သဘင်လည်းမကနိုင်တော့သလို သူတိုရဲ့သားသမီး သဘင်မျိုးဆက်တွေဟာလည်း ကိုဗစ်ကာလကတည်းက အခုချိန်အထိ စားဝတ်နေရေးခက်ခဲနေတဲ့အတွက် ထောက်ပံ့နိုင်မှု နည်းပါးလို့ သဘင်သက်ကြီးဘိုးဘွားတွေဟာ နွမ်းပါးမှုတွေရှိနေတယ်’ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ အတွင်းရေးမှူးဦးနေဝင်း
Yangon_Times/tthl
#Local_News
#Published_ 20 September 2023
#YMG #Yangon_Times #Yangon_Media_Group
Page 822 of 1971