အောက်တိုဘာ၃၁၊၂၀၂၃
မြန်မာနှင့် တရုတ် နှစ်နိုင်ငံပူးတွဲ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအခြေအနေကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုရေးဝန်ကြီး Wang Xiaohong တို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုရေးဝန်ကြီး Wang Xiaohong ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို အောက်တိုဘာ ၃၁ရက် မနက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် အထက်ပါကိစ္စ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်ကတည်းက တိုင်းရင်းသား အဖွဲ့များ အချင်းချင်း အားပြိုင်မှုများဖြစ်ပေါ်ကာ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှု၊ အချို့တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချလျက်ရှိမှု၊ ကိုးကန့်ဒေသအတွင်း “ဖုန်” / “ရန်”အဖွဲ့တို့ အရေးအခင်း ဖြစ်ပွားခဲ့မှု၊ “ပယ်”အဖွဲ့အား တာဝန်ပေးအပ်ခဲ့မှု
တွေကိုလည်း ဗိုလ်ချုပ်မှူးကြီးနှင့် မစ္စတာWang Xiaohong တို့ ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။
ဆက်လက်ပြီး ထိုအဖွဲ့များ၏ အာဏာရလိုမှု၊ လက်နက်ခဲယမ်းများထုတ်လုပ်နေမှု၊ လက်နက် ခဲယမ်းများ ဝင်ရောက်မှုများကြောင့် ဒေသတွင်းနှင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်း ရေးကို ထိခိုက်ပျက်စီးစေလျက်ရှိမှု၊ နယ်စပ်ဒေသတွင် တရားမဝင်အွန်လိုင်း လောင်း ကစားမှုများနှင့် ဆက်သွယ်ရေး လိမ်လည်မှုများ ဖြစ်ပေါ်လျက်ရှိမှုတို့ကို ထိထိရောက်ရောက် တင်းတင်းကြပ်ကြပ် အရင်းအမြစ် ကစ၍ နှိမ်နင်းဖော်ထုတ် ဆောင်ရွက်သွားမည့်အခြေအနေများ၊ အဆိုပါ ဒေသအတွင်းရှိ ဥပဒေနှင့်ညီညွတ်မှု မရှိသည့်လုပ်ငန်းများကို စိစစ်ဖော်ထုတ်သွားမည့် အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရ သည့် နိုင်ငံတစ်နိုင်ဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည် စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံမှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံ ၏ အရှေ့မြောက်ပိုင်းဒေသတွင် MNDAA သောင်းကျန်းသူများက နယ်မြေ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ ရန်ရည်ရွယ်၍ လုံခြုံရေးစခန်းများအား တိုက်ခိုက်မှုများ ဆောင်ရွက်လာသည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ယင်းအပြင် လောက်ကိုင်ဒေသတွင် ကိုယ်ကျိုးစီးပွား အတွက် အွန်လိုင်းလောင်းကစားများ၊ ဆက်သွယ်ရေး လိမ်လည်မှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့်ရောင်းဝယ်မှုများ ဆောင်ရွက်နေမှုများအား နှစ်နိုင်ငံပူးပေါင်း၍ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာ့နိုင်ငံရေးအပါအဝင် အခြားကမ္ဘာ့နိုင်ငံအရေး များ၌ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုမှ ဝင်ရောက်စွက်ဖက်၍ ၎င်းတို့နိုင်ငံ၏ အကျိုးအတွက်သာကြည့်ပြီး အခြားနိုင်ငံများအပေါ် Double Standard ဖြင့် ချယ်လှယ်ဆောင်ရွက်နေသည့်အခြေအနေများကိုလည်း ဆက်လက်ဆွေးနွေးခဲ့ကြတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး တို့တက်ရောက်ကြပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
-ymg/knl
#Daily_News
Published_ 31 October 2023
၁။ အုန်းသီးရဲ့ စွန့်ပစ်ပစ္စည်းဖြစ်သည့် အုန်းခွံ ဝယ်လိုအားကောင်းနေ
၂။ တံတားအကန့်နှစ်ခု ပြိုကျခဲ့သည့် ဦးပိန်တံတားကို ရှေးမူလက်ရာအတိုင်း ပြုပြင်မည်၊ စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ဟုဆို
၃။ ဝါထွက်ကာလဖြစ်သောကြောင့် အိမ်ခြံမြေ အငှားဈေးကွက်သွက်နေပြီး တန်ဖိုးနည်းကွန်ဒိုနှင့်တိုက်ခန်းများ အရောင်းအဝယ်အနည်းငယ်ဖြစ်လာ
၄။ ဂေဟစနစ် ရှင်သန်ရေးကို အလေးထားကာ နည်းပညာဆန်းသစ်တီထွင်မှုများ ကြိုးပမ်းဆောင်ရွက်လာသည့် နည်းပညာလုပ်ငန်းသစ်များ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 31 October 2023
ယခုနိုဝင်ဘာလ(၁)ရက်တွင်ဖွင့်မည့် (၅၆)ကြိမ်မြောက်ထီဖွင့်ပွဲတွင် ထီလက်မှတ်ရောင်းချရငွေများထဲမှ (၇၀)ရာခိုင်နှုန်းအပြင် ဘဏ္ဍာသိမ်းရငွေကျပ်သန်း(၂၅၀)ဖြင့် တစ်သိန်းမှဆယ်သိန်းအထိထီဆုပေါင်း(၂၂၂၄)ဆု ထပ်ဆောင်းချီးမြှင့်သွားမည်ဖြစ်ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်တွင်းအခွန်ဦးစီးဌာနမှသိရသည်။
အောက်တိုဘာလတွင် ထီလက်မှတ်ရောင်းရငွေကျပ်သန်း(၆၂၃၂.၉၂၀)ရရှိခဲ့ပြီး ၇၀ရာခိုင်နှုန်းဆုချီးမြှင့်ငွေ အဖြစ်ကျပ်သန်း(၄၃.၆၃.၀၄၄)ကိုထီဆုများအဖြစ် အထူးဆုကြီးကျပ်သိန်းငါးထောင်း၊သိန်းနှစ်ထောင်၊သိန်း တစ်ထောင်တစ်ဆုစီ၊ ကျပ်သိန်း(၅၀၀)၊သိန်းနှစ်ရာ၊သိန်းတစ်ရာ၊သိန်းငါးဆယ်၊သိန်းနှစ်ဆယ်၊ သိန်းတစ်ဆယ်စုစုပေါင်း(၆၈)ဆု၊ဝေဝေဆာဆာပဒေသာဆုအမျိုးအစားငါးမျိုး ဆုအရေအတွက်အားဖြင့် (၁၂၉၄၃၀)ဆုတို့ကိုချီးမြှင့်သွားမည်ဖြစ်သည်။
ယင်းဆုများအပြင် ဘဏ္ဍာသိန်းရငွေကျပ်သန်း(၂၅၀)ကို ဆယ်သိန်းဆု(၄)ဆု၊သုံးသိန်းဆု(၂၀)ဆု၊နှစ်သိန်းဆု (၂၀၀)ဆုနှင့်တစ်သိန်းဆု(၂၀၀၀)ဆုထပ်တိုးချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 31 October 2023
ဝါရှင်တန်အခြေစိုက် အမေရိကန်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများနှင့် Associates of the American Foreign Service Worldwide (AAFSW) အသင်းတို့ပူးပေါင်း၍ အာဆီယံ ယဉ်ကျေးမှုနေ့အခမ်းအနားကို အောက်တိုဘာ ၃၀ ရက်တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၌ကျင်းပရာ ဝါရှင်တန်ရှိ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း ဦးဆောင်၍ သံရုံးဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားတွင် အာဆီယံသံရုံးများမှ နိုင်ငံအလိုက် ယဉ်ကျေးမှုအနုပညာ အဆို၊ အက၊ အတီးတို့ဖြင့် ဖျော်ဖြေခြင်း ရိုးရာစားသောက်ဖွယ်ရာများဖြင့် တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ အာဆီယံသံရုံးများ၏ မိတ်ဖက်၊ လုပ်ဖော်ကိုင်ဖက်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များကို ဧည့်ခံခဲ့ကြပါတယ်။
မြန်မာသံရုံးအနေဖြင့် မြန်မာ့ရိုးရာသင်္ကြန် ယိမ်းအကအဖွဲ့ဖြင့် ပါဝင်ဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။ အခမ်းအနားတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မြန်မာ့ရှုခင်းသာ ဗီဒီယိုပြကွက်များကိုလည်း တက်ရောက် လာသူများကို ပြသခဲ့တယ်။
အခမ်းအနားသို့ အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝါရှင်တန် အခြေစိုက် သံရုံးအကြီးအကဲများနှင့် သံတမန်များ (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#Yangon_Times/mnn
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 31 October 2023
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် အတွင်း ရှိ မြနန်းစံကျော် ရွှေနန်းတော် တွင် အများ ပြည်သူများ ကြည့်ရှုနိုင်ရန် အတွက် ဘုရင့်အသုံးဆောင် ပစ္စည်းများ ကို ပြန်လည်ခင်းကျင်းပြသ မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ထံ ကသိရသည်။
အဆိုပါ ဘုရင့်အသုံး ဆောင် ပစ္စည်းများ ပြန်လည် ခင်းကျင်း ပြသနိုင်ရန် အတွက် ဘုန်းတော်ကြီးကျောင်းများနှင့် ပုဂ္ဂလိက များ က ယင်းရှေးဟောင်း ပစ္စည်းများ ကို သက်ဆိုင်ရာ အထောက်အထားနှင့် တကွ လာရောက် လှူဒါန်း နိုင်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန က ထုတ်ပြန်ကြေညာထားသည်။
ထိုလာရောက်လှူဒါန်း သည့် ပစ္စည်း များ အနက်မှ ရှားပါး ပြီး တန်ဖိုး ကြီးမားသော ပစ္စည်းများ ကို စိစစ်ရွေးချယ်ပြီး အဆိုပါ ပစ္စည်းများ အတွက် ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published-31 October 2023
တောင်ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၁၄၈)ဦးကို အောက်တိုဘာလ ၃၁ရက်(ယနေ့)ထပ်မံစေလွှတ်ခဲ့သည်။
ယင်းကဲ့သို့စေလွှတ်ခဲ့သော မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ် (၄၄)ဦးနှင့် Re-entry လုပ်သား (၁၀၄)ဦး စုစုပေါင်း (၁၄၈) ဦးပါဝင်ပြီး ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ (၂၄)ရက်ကလည်း ကုန်ထုတ်လုပ်သား (၁၆၃)ဦးနှင့် စိုက်ပျိုးရေးလုပ်သား (၂၁)ဦး၊ စုစုပေါင်း (၁၈၄)ဦးကိုစေလွှတ်ခဲ့ပြီး ယခုအောက်တိုဘာလအတွင်း မြန်မာလုပ်သားစေလွှတ်မှု ၂ကြိမ်သာရှိသေးကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံး၏ အချက်အလက် များအရသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက EPS စနစ်ဖြင့်မြန်မာလုပ်သားစေလွှတ်မှု ၇၃၃ဦးရှိခဲ့ပြီး ယခင်လများကလည်း မြန်မာလုပ်သားစေလွှတ်မှုများပြားခဲ့ကြောင်းသိရသည်။
#Yangon_Times/PP
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 819 of 2034