Published_ 21 September 2023
စက်တင်ဘာ၂၁ရက် (၁၄:၀၈)နာရီ အချိန်ခန့်တွင်သပြေဝ-တောင်တွင်းကြီးမဟာဓာတ်အားလိုင်းအပြစ်ဖြင့်ဓာတ်အားစနစ်ချို့ယွင်းမှု ဖြစ်ပေါ်သွားပါသဖြင့် ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ပြည်သူများထံ အသိပေးပန်ကြားခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နေရာများ ယာယီဓါတ်အားပြတ်တောက်မည်ဖြစ်ကာ ဓါတ်အား ပြန်လည်ပေးနိုင်ရန် အတွက် အချိန်နှင့်တပြေးညီ ဆောင်ရွက်နေကြောင်း ပန်ကြားချက်တွင်ပါရှိသည်။
Yangon_Times/LW
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
EVကား (၁၀)စီးဖြင့် နေပြည်တော်တွင် တက်စီဝန်ဆောင်မှုပေးနေ
‘တက်စီ ငှားရမ်းလိုသူတွေအနေနဲ့ နေအိမ်တွေကနေ မိနစ်၂၀ခန့် ကြိုတင်ဖုန်းဆက်ပြီး ငှားရမ်းနိုင်ပြီး စတက်တက်ချင်းကျပ်(၁၅၀၀)၊ အကွာအဝေးအလိုက် တစ်ကီလိုကို ကျပ်(၅၀၀)၊ မနက်၉နာရီမှ ၆နာရီအတွင်း တစ်ကီလိုကို ကျပ်(၁၀၀၀) နှုန်းနဲ့ ပြေးဆွဲနေတယ်’ EVNET Taxiမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
အခြေခံ စားသောက်ကုန်အချို့ဈေး ပြန်ကျပေမယ့် အရောင်းဝယ်အလွန်အေးနေ
ပြည်ပဝယ်လိုအား နည်းလာပြီး ဈေးကွက်အတွင်း ကုန်အဝင်များလာကာ စားသောက်ကုန်အချို့ ဈေးပြန်ကျလာပေမယ့် ယခင်က ဈေးကွက်တည်ငြိမ်မှုမရှိတာကြောင့် ဝယ်ယူသူအချို့က လိုအပ်သလောက်သာ ဝယ်ယူနေခြင်း၊ ယခုရက်ပိုင်း မိုးများပြီး နေရာအချို့ သွားလာရခက်နေတာတွေ ကြောင့် အရောင်းဝယ်အလွန်အေးနေတယ်လို့ ပွဲရုံများထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
စားအုန်းဆီ ပေပါလိုက် ဝယ်ရောင်းသူများ အမြတ်ပိုမတင်အောင် ခံဝန်လက်မှတ်ထိုးခိုင်း
‘အမြတ်(၂)ရာခိုင်နှုန်းထက် ပိုမရောင်းဖို့ လက်လီပြန်ရောင်းတဲ့ဆိုင်တွေကို ဆိုင်တစ်ဆိုင်ချင်းကို ကတိပြုခံဝန်လက်မှတ်ထိုးစေကာ မှတ်ပုံတင်မိတ္တူရော၊ ခံဝန်လက်မှတ်ရော လက်ကားဒိုင်တွေကယူပြီးမှ ရောင်းချပေးနေပါတယ်’ ဘုရင့်နောင် စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 21 September 2023
ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ(Special EPS- TOPIK)ကို ဝင်ရောက်ဖြေဆို ခွင့် ရရှိသူ ဦးရေ ၁၆၀၀ ကျော် ရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS)၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို စက်တင်ဘာလ ၄ ရက်မှာ စတင်လက်ခံခဲ့တာဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်လျှောက်ထားနိုင်သူ အလုပ်သမားဦးရေ ၁၅,၀၀၀ ကျော် ထဲ မှ ဖြေဆိုခွင့်ရရှိသူများ၏အမည်စာရင်းကို POEAက ယခုလိုထုတ်ပြန်လိုက် ခြင်း ဖြစ်သည်။
စာမေးပွဲ ဖြေဆိုမှု ကို အောက်တိုဘာလ ၄ ရက်ကနေ ၂၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီးယခုစာမေးပွဲ ကို တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်အထက်နေထိုင်လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံပြန်လည်ရောက်ရှိနေသည့် အလုပ်သမားဟောင်းတွေအတွက် ရည်ရွယ်ပြုလုပ်တာဖြစ်ကြောင်းPOEA မှ ကနဦး ထုတ်ပြန်ထားချက် အရ သိရသည်။
Special EPS TOPIK စာမေးပွဲဝင်ရောက်ဖြေဆိုမယ့်သူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၉ နှစ်အတွင်းရှိရမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံတွင် E-9 ၊ E-10 ဗီဇာနှင့်၅ နှစ်အထက်နေထိုင်ဖူးသူ၊ ထောင်ဒဏ်ပြစ်ဒဏ်ကျဖူးပြီး မြန်မာနိုင်ငံမှ ပြည်ပထွက်ခွာခွင့်တားမြစ်ခံရသူ၊ တစ်
ဖက်နိုင်ငံမှ နှင်ထုတ်ခံထားရဖူးသူများ ဖြေဆိုခွင့်မရရှိကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published-21 September 2023
မြန်မာ-ကာတာ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကို ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဖော်ဆောင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကာတာသံရုံး ယာယီတာဝန်ခံတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာသံရုံး ယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ် အေ အယ်လ်-ကူဝါရီ ကို စက်တင်ဘာလ ၂၀ရက် နံနက်(၁၀) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။
တွေ့ဆုံစဉ် မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစရှိသော ကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အထူးသဖြင့် အာဆီယံ-အာရပ် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် ကုလသမဂ္ဂမူဘောင်အောက်မှ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 21 September 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် တွံတေးတူးမြောင်းဘေးတွင် မြစ်ကမ်းပါးပြိုကျခဲ့ပြီး အိမ်ထောင်စု ဝင်အိမ်ထောင်စု(၉၄)စုအနက် အိမ်ထောင်စု(၆၈)စုရှိလူဦးရေစုစုပေါင်း (၂၉၇)ဦးကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးထားရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ(၂၀)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဆာပါချောင် ကျောင်းစုရပ်ကွက်၊ တွံတေးတူးမြောင်းဘေးတွင် ကမ်းပါးပြိုပြီးနေအိမ်(၆)လုံးမျောပါသွားခဲ့သည်ဟုဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် နေအိမ်နှင့်အတူ မ(၂)ဦးမျောပါသွားသဖြင့် ရှာဖွေကယ်ဆယ်ခဲ့ရာ ပြန်လည်ဆယ်ယူရရှိခဲ့ပြီး မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)အား ဒလဆေးရုံသို့ ပို့ဆောင်စဉ်(သေဆုံး)ခဲ့ပြီး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းနှင့် မျောပါသွားသည့် နေအိမ်များနှင့် အနီးနားဝန်းကျင်ရှိ နေအိမ်(၈၀)လုံးခန့်မှ အိမ်ထောင်စုဝင်များအား ရေဘေးလွတ်ရာ တာကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်းနှင့် ကျန်စစ်သားရပ်ကွက် အောင်တော်မူဘုန်းတော်ကြီးကျောင်းသို့ ကူညီရွေ့ပြောင်းပေးခဲ့ကြောင်း၊ လက်ရှိတွင် ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားရသည့် လူဦးရေ(၂၉၇)ဦးအထိရှိလာပြီး ရေဘေးလွတ်ရာတာကြီး ရပ်ကွက်ရှိ ပုညာရာမဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 821 of 1971