#Local_News
Published 12 July 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာ ၊ သန်လျင် -ကျောက်တန်းလမ်းတွင် ယာဉ်(၁)စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင် ၁၁ ရက်နေ့၊ နေ့လယ် ၂နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာ ၊ သန်လျင် -ကျောက်တန်းလမ်းတွင် ယာဉ်(၁)စီးမီးလောင်နေကြောင်း သတင်းရရှိသဖြင့် ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာခဲ့ငြှိမ်းသတ်ခဲ့ရာ ၂နာရီ ၁၀မိနစ်အချိန်၌ မီးငြှိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 11 July 2024
၁။ ဝမ်းပျက်ဝမ်းလျှောလူနာတစ်ရက်ထဲတွင် (၁၁၅)ဦးအထိရှိ၊ (၅)ရက်အတွင်း(၃၄၆)ဦးအထိရှိလာ
၂။ အိန္ဒိယတွင် ကျင်းပမည့် "အာရှ U-21 တန်းခုန် မြင်းစီးအားကစားပြိုင်ပွဲ"အတွက်အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲနေပြည်တော်၌ ပြုလုပ်မည်
၃။ ရှမ်းအက်ဖ်စီအသင်း ဖီဖာ- MFF ယူ-၁၇ လိဂ်အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖလားရရှိ
၄။ ဘိုးအင်းလေယာဉ်နှစ်ကြိမ်ပျက်ကျမှုနှင့် ပတ်သက်၍အမှုစစ်ဆေးခြင်း အသနားခံခွင့်အား တရားရေးဌာနရွေးချယ်ခွင့်ပေး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဘဏ်တွေမှာငွေအပ်နှံသူတွေ အဆင်ပြေစေဖို့ Digital နဲ့ Payment Platformတွေနဲ့ဆောင်ရွက်ပေးနေပြီး အပ်ငွေအမျိုးအစားပေါ်မူတည်ပြီး ငွေထုတ်ယူတာမှာ ကွဲပြားတာတွေရှိနိုင်တယ်လို့
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်ကပြောကြားလိုက်ပါတယ်။
#Local_News
Published 11 July 2024
#အပ်ငွေအမျိုးအစားပေါ်မူတည် #ငွေထုတ်ယူမှုကွဲပြားနိုင်
#NN #Yangon_Times
ကမ္ဘာ့ရွှေဈေးဟာ ယနေ့ဇူလိုင်(၁၁)ရက်မှာ မနေ့ကထက် (၁၆)ဒေါ်လာတက်ခဲ့ပြီး မြန်မာ့ရွှေဈေးကျပ်(၃၃၀၀၀)ကျော်တက်သွားတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 11 July 2024
#ကမ္ဘာ့ရွှေဈေးအနည်းငယ်တက် #မြန်မာ့ရွှေဈေးတက်
#tthl #Yangon_Times
ဖီဖာ MFFယူ-၁၇ အမှတ်ပေးပြိုင်ပွဲမှာ Game week 21 အထိ ရခိုင်အသင်းက ၅၄ မှတ်၊ ရှမ်းအသင်းက ၅၃ မှတ်နဲ့ အကြိတ်အနယ်ဖြစ်နေရာမှ နောက်ဆုံးပွဲစဉ်မှာ ရှမ်းအသင်းကအနိုင်ရခဲ့လို့ အမှတ်ပေးချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 11 July 2024
#ရှမ်းအက်ဖ်စီအသင်း # ဖီဖာMFFယူ-၁၇
#tthl #Yangon_Times
#Local_News
Published 11 July 2024
စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိမြို့နယ်အချို့၌ ဧရာဝတီမြစ်ရေမြင့်တက်၍ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေပြီး တာတမံများမကျိုးစေရေးအတွက် ရေကာတာတလျှောက်သဲအိတ်များဖြင့် ဆည်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံမီးသတ်အဖွဲ့မှ သိရသည်။
ဇူလိုင် ၁၁ ရက်နေ့၊ မနက်၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပိုးတန်းရပ်ကွက်၊ ပိုးတန်းရေစက်အနီး ကျောက်စီရေထိန်းနံရံများ ရေတိုက်စားမှုကြောင့် ကျိုးပေါက်မှုမဖြစ်စေရေးအတွက် စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သဲအိတ်များဖြင့် ဆည်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ယနေ့ မနက် ၁၁ နာရီအချိန်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရှိ အမှတ်(၄) ရပ်ကွက်၊အမှတ်(၆)ရပ်
ကွက်နှင့် အမှတ်(၇)ရပ်ကွက်များရှိ အိမ်ထောင်စုများအား ရေစကြိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြောင်းရွှေ့နေရာချထားရေးလုပ်ငန်းများနှင့် တာတမံများမကျိုးစေရေးအတွက် ရေကာတာတလျှောက်သဲအိတ်များဖြင့် ဆည်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published 11 July 2024
▪️ ရန်ကုန်တိုင်းရှိ တာမွေနှင့်ရွှေပြည်သာမြို့နယ်များမှ အခြေခံပညာကျောင်းများနှင့်ဘုန်းကြီးကျောင်းများ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်မှုများ ဆောင်ရွက်
ပေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် ရန်ကုန်မြို့တွင် ယခုမိုးရာသီ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများပြားလာခြင်းကြောင့် တာမွေမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းကမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးမှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်အတွင်းရှိ မေတ္တာညွန့်ရပ်ကွက်၊ မစိုးရိမ်ကျောင်းတိုက်၊ မြို့သစ်ကျောင်းတိုက်၊ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ မင်္ဂလာသုခပါဠိကျောင်းတိုက်ဝင်းပတ်ဝန်းကျင်အား ကလိုရင်းဆေးခတ်ခြင်း၊ ဆေးဖျန်းခြင်း၊ ပြင်းထန်ဝမ်ပျက်ဝမ်းလျောရောဂါကာကွယ်ရေးအကြောင်းကျန်းမာရေးပညာပေး ပိုစတာများကပ်ခြင်း၊ ပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်းတို့အားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ရွှေပြည်သာမြို့နယ်၊ အမှတ် (၆)ရပ်ကွက်အတွင်းရှိဘုန်းတော်ကြီးကျောင်း(၇၄) ကျောင်း၊ မယ်သီလရှင် ကျောင်း(၁၆)ကျောင်းတို့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ၊ဝမ်း ပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက်ရေသုံးစွဲသောနေရာများရေတုံကင်များတွင် ကလိုရင်းဆေးခတ်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်စာစောင်များပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် မင်္ဂလာဒုံ၊ ဗိုလ်တစ်ထောင်နှင့်ဒေါပုံမြို့နယ်၌လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 825 of 2467