အခုရက်ပိုင်းမှာ မိုးတိမ်တောင်တွေကြောင့် မိုးသက်လေပြင်းတိုက်ခတ်နိုင်သလို မေလမှာ ပုံမှန်အတိုင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေတွေလည်း ရှိတယ်။
(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်း)
Yangon_Times/tthl
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ငရုတ်ဈေးနှုန်းတွေ ကျဆင်းနေတာကြောင့် အရှုံးပေါ်နေတဲ့ ဆီဆိုင်တောင်သူ တွေအတွက် ဆီဆိုင်ငရုတ်ထုတ်ကုန်တွေကို စတင်ထုတ်လုပ်ပေးနေပြီလို့ ရှမ်းပြည်နယ်တောင်ပိုင်း ၊ဆီဆိုင်မြို့နယ်မှ ငရုတ်စိုက်တောင်သူများကို ဝန်ဆောင်မှုပေးနေသည့် အဖွဲ့မှသိရပါတယ်။
ဆီဆိုင်ဒေသကထွက်ရှိတဲ့ငရုတ် တစ်ပိဿာကိုအရင်နှစ်က ကျပ် ၁၀၀၀၀ ကနေ ၁၅၀၀၀ ကျပ် အထိရရှိကြပေမယ့် အခုနှစ်မှာ တစ်ပိဿာ ကျပ်၅၀၀၀ ၊ ၆၀၀၀ကျပ် လောက်ထိပဲ ဈေးနှုန်းရကြပြီး ငရုတ်စျေးကျဆင်းတာ၊ လုပ်သားရှားပါးတာ ၊ မြေသြဇာစျေးတွေ ကြီးမြင့်တာအပြင် နယ်မြေမအေးချမ်းတာ တွေကြောင့် အခုနှစ် တွက်ခြေမကိုက်ပဲ အရှုံးပေါ်ကြတာများတယ်လို့ ဆိုပါတယ်။
Yangon_Times/NN
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 03 May 2024
နာတာရှည်ဖြစ်နေသည့် ရုပ်ရှင်လောကသား(၉)ဦးကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မင်္ဂလာဦးဇော်မင်းတို့မှထောက်ပံ့ငွေ(၄)သိန်းစီပေးအပ် ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နာတာရှည်ဖြစ်နေသောရုပ်ရှင်လောကသားများထောက်ပံ့ကြေးပေးအပ်လှူဒါန်းပွဲကိုမေလ၂ရက် နေ့လည်၁နာရီကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆေးကုသစရိတ်ထောက်ပံ့ရရှိသူများမှာဦးစံတင်၊ဦးရွှေစင်၊ဦးကြည်၊ဦးကျော်ညွန့်၊ဒေါ်သင်းသင်းလဲ့၊ဇာတ်ပို့ဒေါ်လဲ့၊ဇာတ်ပို့ဦးကျော်မင်း၊တည်းဖြတ်ဦးအုံးမောင်၊ကင်မရာမင်းဦးသန်းညွန့်တို့ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက၃သိန်းမင်္ဂလာဦးဇော်မင်းက၁သိန်းထောက်ပံ့ပေးခဲ့သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကဆေးရုံတက်ရောက်ကုသသူများကို၁သိန်းစီထောက်ပံ့ပေးလျက်ရှိပြီး၁နှစ်ပြည့်မှနောက်တကြိမ်ထပ်မံခံစားခွင့်ရှိပြီး ယခု၉ဦးသည်နာတာရှည်ရောဂါဖြစ်နေသူများကိုသီးခြားထောက်ပံ့ပေးခြင်းဖြစ် ကြောင်းနှင့်ထောက်ပံ့ငွေကိုအခြေခံအဖွဲ့များမှတစ်ဆင့်ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 3 May 2024
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်၊ အနော်မာ(၁၈)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှသိရသည်။
မေလ၃ရက် နေ့လည်နှစ်နာရီနှစ်မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရေများထွက်ခွာ ငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။
ထိုသို့မီးငြှိမ်းသတ်ခြင်းကြောင့် နှစ်နာရီ၁၂မိနစ်အချိန်တွင် မီးထိန်းနိုင်ကာ နှစ်နာရီ၂၂မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်မှု ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
အမျိုးသမီးလိဂ်ပြိုင်ပွဲအဖြစ် မေလ(၇) ရက်မှာတော့ မြဝတီ-ရန်ကုန်ယူနိုက်တက် အသင်းတို့က ပဒုမ္မာကွင်းမှာကန်ကြဖို့ရှိပြီး ဧရာဝတီ-သစ္စာအားမာန်၊ ရှမ်းယူနိုက်တက်- ISPEအသင်းတို့ စလင်းကွင်းမှာ ကန်ကြမှာဖြစ်ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြောင်းစိုက်ပျိူးမှုထက် အကျိုးရလဒ်ပိုရှိတဲ့အတွက် ရှမ်းပြည်နယ်က ပြောင်းစိုက်တောင်သူအချို့ဟာ ပဲစဉ်းငုံကို အစားထိုး စိုက်ပျိူးလာတယ်လို့ ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများ အသင်းထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကျောင်းဖွင့်ရာသီ နီးကပ်လာပြီဖြစ်တာကြောင့် ကျောင်းဝတ်စုံတွေ ရောင်းရလာပြီး အခုနှစ်ကျောင်းဝတ်စုံ ဈေးနှုန်းတွေလည်း သုံးပုံတစ်ပုံအထိ ဈေးမြင့်တက်လာတယ်လို့ ကျောင်းဝတ်စုံရောင်းချသူတွေဆီက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 824 of 2360