#Local_News
Published_21 Jun 2024


▪️ လုံခြုံရေးတပ်ဖွဲ့ အဆင့်ဆင့်သတင်းပို့မှုကို အခြေခံ၍ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာ ဘိဝံသ ပျံလွန်တော်မူခဲ့ရသည့်ဖြစ်စဉ်အပေါ် သတင်းထုတ်ပြန်ခဲ့သော်လည်း ကွဲလွဲမှုများဖြစ်ပေါ်နေ၍ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး စိစစ်ဖော်ထုတ်နေကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

▪️ အခင်းဖြစ်စဉ်အတွင်းရှိနေခဲ့သော ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ၏ ရှင်းလင်းမိန့်ကြားမှု ဇွန်လ ၂၀ ရက်ညနေပိုင်းက လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့နေသည့်အပေါ် အထက်ပါအတိုင်း ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

 

▪️ ဖြစ်စဉ်နှင့်ပတ်သက်၍ နစက အနေဖြင့်ကနဦးသတင်းထုတ်ပြန်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ အဆင့်ဆင့်မှ သတင်းပို့တင်ပြလာသည့် အချက်အလက်များကို အခြေခံ၍ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကြီး၏ မိန့်ကြားမှုမှာ သတင်းထုတ်ပြန်ခဲ့မှုနှင့် ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းကြောင့် မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်စေရေးအတွက် စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

▪️ ဖြစ်စဉ်မှန်ကိုသိရှိရပါက လိုအပ်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#Yangon_Times/PP