#Local_News
Published 21 June 2024

▪️ မွန်ပြည်နယ်၊  မော်လမြိုင်မြို့တွင်တည်ဆောက်နေသည့် တိုင်းရင်းသားယဉ်ကျေးမှုစင်တာ၌ မွန်လူမျိုးအပါအဝင် တိုင်းရင်းသားလေးမျိုး၏ ရိုးရာအိမ်များထည့်သွင်းဆောက်လုပ်ရန်စီစဥ်နေကြောင်း သိရသည်။

 

‌ ▪️ အဆိုပါ စင်တာအတွင်း တိုင်းရင်းသားလူမျိုး(၄)မျိုးဖြစ်သည့် မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာတို့၏ ရိုးရာနေအိမ်များကို ထည့်သွင်းဆောင်လုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီးစင်တာအတွင်း တိုင်းရင်းသားလူမျိုး (၄)မျိုး၏ ရိုရာနေအိမ်အဆောက်အဦးများ ဆောက်လုပ်မှုအတွက် ယမန်နေ့ ဇွန်(၁၉)ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမအတွင်း ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှူအဖွဲ့ဝင်များနှင့် UHM ကုမ္ပဏီတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

▪️ ယင်းဆွေးနွေးပွဲတွင် ရိုးရာနေအိမ်လုပ်ငန်းတစ်ခုချင်းစီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် landmark သင်္ကေတများ ၊ ယဉ်ကျေးမှုအမွေအနှစ်များဖော်ဆောင်ရန်ဆွေးနွေးခဲ့ကြ‌ကြောင်း၊

 

▪️ တိုင်းရင်းသားယဉ်ကျေးမှု စင်တာကို မွန်ပြည်နယ်အတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်များကို မပျောက်မပျက်ထိန်းသိမ်း‌စောင့်ရှောက်ရန်နှင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးကို တိုးတက်ဖြစ်ထွန်းစေရန် ရည်ရွယ်၍  တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times