#Local_News
Published-21 June 2024

▪️ ဆဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် ကမ္ဘာအေးစေတီတော်၌ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့) အခမ်းအနား ကို ဇွန် ၂၁ ရက်နေ့ယနေ့တွင်ကျင်းပခဲ့ကြောင်း သိရသည်။

 

▪️ ရှေးဦးစွာနမောသတဿ သုံးကြိမ်ရွတ်ဖတ်၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး နတ်ဗြဟ္မာများကိုပင့်ဖိတ်ကာ သမ္ဗာသမ္ဗုဒ္ဓ သုံးလောက ထွဋ်ထားမြတ်စွာဘုရားနှင့် လက်ယာတော်ယံ ၊ လက်ဝဲတော်ယံ ရဟန္တာကိုယ်တော်မြတ်ကြီးများအားပင့်လျောက်ခဲ့ကြောင်း သိရသည်။

 

▪️ ထို့နောက် ပဌာန်းရောင်တော်ဖွင့်အဖွဲ့မှ  ကမ္ဘာအေးစေတီတော်ဘုရားရှစ်ခိုးဖြင့်ပူဇော်ပြီး မဟာသမယအခါတော်နေ့ကျင်းပရခြင်းအကြောင်းကို ဂေါကပအလှည့်ကျသဘာပတိဦးဝင်းမြင့်က ပြောကြားခဲ့သည်။

 

▪️ "နယုလပြည့်နေ့မဟာသမအခါတော်နေ့ဆိုတာ မြတ်စွာဘုရားရှင်လက်ထက်တော်ကထဲက  စစ်မက်ပြုကြမယ့်တိုင်းပြည်နှစ်ပြည်ကို ငြိမ်း‌အေးစေတဲ့အထိမ်းအမှတ်အနေနဲ့ ကျင်းပခြင်းဖြစ်ပါတယ်၊  ကျွန်တော်တို့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ဂေါပကအဖွဲ့အနေနဲ့ကတော့ မဟာသမယသုတ်ဖြစ်ပေါ်လာသကဲ့သို့ပဲ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများ တစ်ဦးနဲ့တစ်ဦးမေတ္တာသက်ဝင်ချစ်ခင်ပြီးတော့ စစ်မက်ဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်မေတ္တာပို့သပါတယ်"ဟု ၎င်းကဆိုသည်။

 

▪️ ထို့နောက် ဓမ္မယောဂီဝတ်အဖွဲ့မှ မဟာသမယသုတ် အမွန်းကိုရွတ်ဖတ်ပူဇော်ခဲ့ပြီး  ဝိသာခါဝတ်အဖွဲ့မှ မဟာသမယလေးဂါထာကို  ရွတ်ဖတ်ပူဇော်ကာ  စင်္ကြဝဌာအရပ်လေးမျက်နှာမှ လာရောက်ကြသည့် နတ်ဗြဟ္မာများ၏ ချီးကျူးပုံများကို ဝတ်အသင်းအဖွဲ့များမှ ရွတ်ဖတ်ပူဇော်၍ ဝတ်အဖွဲ့အသီးသီးမှ မဟာသမယသုတ်ကို စုပေါင်းရွတ်ဖတ်ပြီးနောက် မေတ္တာပို့ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times