11 June 2024

၂၀၂၃-၂၀၂၄ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်အောင်မြင်သူ(၇)သောင်း (၄)ထောင်ကျော်ရှိပြီးအောင်မြင်မှု(၅၇.၉)ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှသိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ‌ဖြေဆိုသူ ( ၁၂၈၈၀၁)ဦး  အနက်အောင်မြင်သူ( ၇၄၅၉၂)ဦးရှိကာ အောင်မြင်မှုရာခိုင်နှုန်း(၅၇.၉)ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။

၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၁၂၈၈၀၁) ဦးရှိခဲ့သလို အထူးအစီအစဉ်နှင့် ဖြေဆိုထားသူ (၃၀၀)နီးပါးလည်းရှိပြီး ယနေ့ဇွန်(၁၁)ရက်မှာ အောင်စာရင်းများ ထွက်ရှိခဲ့ကြောင်း သိရသည။

Yangon_Times/tthl

#Yangon_Media_Group #YMG #Yangon_Times