Published-23 October 2023
ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူရန်ကုန်အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်တစ်သိန်းကျော်အထိမြင့်တက်လာကြောင်းရွှေဈေးကွက်အတွင်းမှ သိရသည် ။
ထိုသို့မြင့်တက်ရာတွင် တစ်ပတ်တာအတွင်းကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စကိုကန်ဒေါ်လာ 65 ဒေါ်လာအထိမြင့်တက်လာပြီး ရန်ကုန်အခေါက်ရွှေတစ်ကျပ်သားကို 101,600 ကျပ်အထိဈေးနှုန်းလိုက်ပါ မြင့်တက်လာကြောင်း သိရသည်။
" အရှေ့အလယ်ပိုင်းအရေးကြောင့်ကမ္ဘာ့ရွှေဈေးတြွေမင့်တက်နေတဲ့အတွက်ဒီကဈေးတွေပါလိုက်တက်နေတာပါ ။အမှန်ဒီအချိန်ကပုံမှန်ဆိုရင်ကျရမယ့်အချိန်ထဲမှာပါပါတယ် " ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ် ။
ပုံမှန်အားဖြင့် ရွှေလုပ်ကွက်များမှ ရွှေကုန်ကြမ်းထွက်ရှိချိန်နှင့် ပြည်နယ်နှင့်တိုင်းများမှ လက်ဝတ်ရတနာကုန်ကြမ်းများ ဝင်ရောက်မှု များပြားချိန်များ၌ ပြည်တွင်းဈေး နှုန်းများကျဆင်းလေ့ရှိကြောင်း၊ လက်တလောတွင်ဈေးကွက်အတွင်း၌ ရောင်းလိုအား များပြီးဝယ်လိုအားနည်းပါးနေကြောင်း သိရသည်။
ယနေ့တွင် ကမ္ဘာ့ရွှေဈေးနှုန်းတစ်အောင်စကို ကန်ဒေါ်လာ 1980အထိဈေးနှုန်းမြင့်တက် နေ ပြီးရန်ကုန် ရွှေလုပ်ငန်းရှင်အသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားကို 3,096,100ကျပ်အထိ ဈေးနှုန်းရှိနေကြောင်းသိရသည်။
ပြင်ပဈေးကွက်၌မူအခေါက်ရွှေတစ်ကျပ်သားကို 3,450,000 ကျပ်ဝန်းကျင်အထိ ဈေးနှုန်းရှိနေပြီး နိုင်ငံခြားငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာကို 3260ကျပ်အထိဈေးနှုန်းရှိနေကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 23 October 2023
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ် အောင်ဇေယျကြိုးတံတားအောက်တွင် ဒိုင်နာယာဉ်မှ အရှိန် မထိန်းနိုင်ဘဲ အနှေးယာဉ် ကို တိုက်မိတာကြောင့် အနှေးယာဉ်မောင်းသူ ထိခိုက်ဒဏ်ရာရရှိ ပြီး စိုးရိမ် ရသည့် အနီ ရောင် အဆင့် တွင် ရှိနေကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်) ထံမှ သိရသည်။
အောက်တိုဘာ ၂၃ရက် နံနက် ၁၀နာရီ ခန့် က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အောင်ဇေယျ ကြိုးတံတားအောက် တွင် ဒိုင်နာယာဉ်မှ တစ်ဖက် ယာဉ်ကြော သို့ အကွေ့တွင် အရှိန်မထိမ်းနိုင်ဘဲ အနှေးယာဉ်ကို တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
'' အနှေးယာဉ်သမား က အသက် ၅၅ နှစ် ဝန်းကျင် ရှိတယ်၊ ဦးခေါင်း ပိုင်း အတော် ထိသွားတယ်၊နောက်စေ့ကွဲပြီး အရေခွံ လန် သွားတယ် စိုးရိမ် ရတဲ့ အနေထားရှိတယ် ''ဟုတွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်) မှတာဝန်ရှိသူကပြောသည်။
အဆိုပါ ယာဉ်တိုက်မှု ကို သက်ဆိုင်ရာမှ လာရောက် စစ်ဆေးပြီး ဒိုင်နာယာဉ်မောင်း ကို ဖမ်းဆီးကာ မြို့နယ်ရဲစခန်းကိုခေါ်ဆောင်သွားကြောင်း၊ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အနှေးယာဉ်မောင်းသူ ကို တွဲလက်လူမှုကူညီရေးအဖွဲ့ မှ အင်းစိန်ဆေးရုံ ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 23 October 2023
၁။ ဆောင်းကာလအေးမည့် ကွတ်ခိုင်မြို့တွင် စစ်ဘေးရှောင်ပြည်သူများအတွက် အနွေးထည်များ လိုအပ်နေ
၂။ ပြည်ပအလုပ်အကိုင် အေဂျင်စီ လိုင်စင်အာမခံကြေး ပြောင်းလဲမည့် နှုန်းထားလျာထားချက် လျော့ပေးဖို့ MOEAF တင်ပြထားဟုဆို
၃။ အုန်းစိုက်တောင်သူများကို သင်တန်းပေးခြင်းများအပြင် ပြည်ပခရီးစဉ်များ စေလွှတ်မည်
၄။ တရုတ်နှင့် ဆော်ဒီအာရေဗျတို့၏ ပူးပေါင်းဆောင်ရွက်ရေး သင်္ကေတဖြစ်သည့် NEOM အနာဂတ်မြို့ကြီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
သီတင်းကျွတ်ပွဲတော် ကာလနီးလာသောကြောင့် စက်သုံးဆီဈေးများ အဝယ်လိုက်ပြီး တက်ရိပ်ပြလာ
ယခု အောက်တိုဘာလဆန်းပိုင်းကစပြီး စက်သုံးဆီဈေးနှုန်းများ နေ့စဉ်အနည်းငယ်စီ ပြန်ကျလာရာ အောက်တိုဘာ 23 ရက်မှာတော့ 92 တစ်လီတာကို ရန်ကုန်ဈေးကွက်2065 ကျပ်ထိ ဈေးပြန်တက်လာတယ်လို့ သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဂေါ်ရန်ဂျီကျွန်းသို့ သီတင်းကျွတ်လာမည့်သူ မနှစ်ကထက်ပိုများ
‘ မိုးရာသီကုန်ပိုင်းမှာတော့ ခရီးသွားအနည်းငယ်သာရှိခဲ့ပြီး သီတင်းကျွတ်ပိတ်ရက်မှာတော့ ချောင်းသာ၊ ငွေဆောင်၊ငပလီကမ်းခြေတွေအပြင် ဂေါ်ရန်ဂျီကျွန်းကို လာရောက်ဖို့ ဘိုကင်တင်ထားသူတွေ များနေတယ်။မနှစ်ကထက် ပိုများတယ်’ ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 23 October 2023
အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် ဒေသအချို့တွင်နေရာကွက်ပြီး မိုးကြီး နိုင်သလို လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါ သဖြင့် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။
ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်သည်။
အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် အောက်တိုဘာလ(၂၃)ရက်မှ(၂၅)ရက် အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ထားပြီး အောက်တိုဘာလ(၂၅)ရက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့(Khepupara)နှင့် စစ်တကောင်းမြို့(Chittagong) တို့ကြားမှ ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းထားသည်။
Yangon_Times/tthl
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 23 October 2023
ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မွေးမြူရေးငါးကန်များ ပျက်စီးဆုံးရှုံးခဲ့သော်လည်း ဒေသထွက်
ငါးများ ရရှိမှုများတာကြောင့် မွေးမြူုရေးငါးဈေးကွက် ကို ထိခိုက်မှုမရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယအပတ်က ပဲခူးမြစ်ရေစံချိန်တင်မြင့်တတ်ခဲခြင်းကြောင့် ပဲခူးတိုင်းအတွင်းရှိ
ငါးကန်ဧကပေါင်း၂၂၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
"ရေကြီးတဲ့အတွက် ငါးကန် ပျက်စီးဆုံးရှုံးတာတွေ များတယ်၊ ဒါပေမယ့် ဒေသထွက် ငါးတွေက မိုးများတော့ဖမ်းဆီး ရရှိမှုများတဲ့အတွက် မွေးမြူရေးငါးဈေးကွက်ကိုတော့ ထိခိုက်မှုမရှိဘူး လက်ရှိပုံမှန်ပဲ အရောင်းဝယ်ဖြစ်နေတယ် ဈေးနှုန်း အတတ်အကျ မရှိဘူး'' ဟု ငါးမွေးမြုရေး လုပ်ငန်းရှင်တစ်ဦး ကပြောသည်။
ပဲခူးတိုင်းဒေသကြီးတွင် မွေးမြူရေး ငါးကန်ဧကပေါင်းသုံးသောင်းကျော်ရှိပြီး ဈေးကွက်အနေဖြင့် တိုင်းဒေသကြီး အတွင်း ရောင်းချမှုများကာ ပိုလျှံသည့်ငါးများကို ရန်ကုန်ရှိ ဗဟိုစံပြငါးဈေးသို့ ပို့ဆောင်ရောင်းချကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
လက်ကားဈေးအနေဖြင့် ငါးမြစ်ချင်းတစ်ပိသာလျှင် ၅၀၀၀ ကျပ် ငါးဒန်တစ်ပိသာ လျှင် ၄၅၀၀ ကျပ်စသည့် ဈေးနှုန်းများနှင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 843 of 2044