ဒလတံတား စီမံကိန်းပြီးစီးရန် နီးကပ်လာတာနဲ့အမျှ ဒလမြို့နယ်ဘက်ရှိ အိမ်ခြံမြေဈေးနှုန်းတွေကို ပုံမှန်ထက်ဈေးတိုးခေါ်လာတာတွေ ရှိပေမယ့် ပုံမှန်အနေထား ဈေးတန်းမှာရှိတဲ့ အိမ်ခြံမြေတွေသာ မြေပြင်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းထံက သိရပါတယ်။
#Local_News
Published_ 27 May 2024
#အိမ်ခြံမြေပုံမှန်ဈေးတန်းရှိ #အရောင်းအဝယ်ဖြစ်နေ
#YMG/LW #Yangon_Times
YGW မိဘမဲ့ကျောင်းမှာ ကျောင်းတက်မယ့်ကလေးငယ်(၅၀)ဦး ကျောင်းစတင်အပ်နှံထားပြီဖြစ်တယ်။ အဖြူအစိမ်းကျောင်းစိမ်းလေးတွေလိုနေတယ်။ နို့စို့ကလေးတွေအတွက် နို့မှုန့်နဲ့ ကလေးသေးခံဒိုင်ဘာတွေ လိုအပ်တယ်။ ဦးဇင်းတို့ Page အစစ်က မိုင်တိုင်ထည့်ထားတဲ့ ‘Ygw မိဘမဲ့ကျောင်း ရန်/မန်း အမြန်လမ်း ၃၀၆မိုင် ၂ဖာလုံ’ဆိုတဲ့ Pageပါ။ ကျန်တဲ့ Pageတွေကဦးဇင်းတို့ကျောင်းကမဟုတ်ပါဘူး။ ( YGWမိဘမဲ့ကျောင်းမှတာဝန်ရှိတဲ့ဆရာတော်တစ်ပါး)
#Local_News
Published_ 27 May 2024
#YGW မိဘမဲ့ကျောင်း #နို့မှုန့်နှင့်ကျောင်းဝတ်စုံလိုအပ်နေ
#tthl #Yangon_Times
၂၀၂၄-၂၀၂၅ ခုနှစ် မက္ကဒေးမီးယားရာသီချိန်အတွင်း မြန်မာနိုင်ငံကထွက်ရှိတဲ့ မက္ကဒေးမီးယားကုန်ချောဝယ်ယူဖို့ ဈေးကွက်သစ်နိုင်ငံအဖြစ်ရှရှားနိုင်ငံက ကမ်းလှမ်းထားပြီး ပင်လယ်ရေကြောင်းကနေ တင်ပို့သွားဖို့ မျှော်မှန်းထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published_ 27 May 2024
#မြန်မာ့မက္ကဒေးမီးယား #ဈေးကွက်သစ်နိုင်ငံအဖြစ်ရှရှားကမ်းလှမ်း
#YMG/ NN #Yangon_Times
ပြီးခဲ့တဲ့ ဆောင်းရာသီကာလက ဈေးကွက်အတွင်း ရာသီပေါ်သီးနှံတွေကုန်အဝင်များခဲ့ပြီး ဝယ်လိုအားမရှိတဲ့အတွက် ဈေးကျဆင်းခဲ့ကာ စိုက်ပျိုးတောင်သူတွေ အရှုံးပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုသို့တောင်သူတွေ အရှုံးပေါ်ခဲ့တဲ့အတွက် နောက်ထပ်ရာသီအတွက်ထပ်မံစိုက်ပျိုးတာ နည်းသွားတာကြောင့် လက်တလောမှာ ဈေးကွက် အတွင်းဟင်းသီးဟင်းရွက်များကုန်အဝင်နည်းလာပြီး ဈေးမြင့်လာတာဖြစ်တယ်လို့ သီရိမင်္ဂလာဈေးရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 27 May 2024
#စိုက်ပျိုးသူနည်း #ကုန်စိမ်းများဈေးမြင့်တက်
#YMG/LW #Yangon_Times
‘‘မုတ်သုန်ဝင်ချိန်ရာသီဥတုစအေးလာချိန်မှာလည်း မိုးရေချိန်နည်းတဲ့ပုဂံဒေသကို လာရောက်လည်ပတ်တဲ့ နေ့ချင်းပြန်ဘုရားဖူးတွေ၊ ပြည်တွင်း၊ ပြည်ပခရီးသွားတွေတစ်ရက်ကို (၄၀၀၀)မှ (၅၀၀၀)ဦးကြားဝင်ရောက်နေတယ်’’
(ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံ)ရုံးခွဲမှ တာဝန်ခံ၊ဒုတိယညွှန်ကြားရေးမှူးဦးဝင်းအောင်)
#Local_News
Published_ 27 May 2024
#ပုဂံသို့လာရောက်လည်ပတ် #(ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံ)ရုံးခွဲ
#tthl #Yangon_Times
#Local_News
Published 27 May 2024
▪️ ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင် စံခလဘူရီမြို့ နောင်လူကျေးရွာအုပ်စု ထိခရုန်(င်)ရွာ စစ်ဆေးရေးဂိတ်နားတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား ၃၀ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာန များ၏ဖေါ်ပြချက်အရသိရသည်။
▪️ ယမန်နေ့ နံနက် ၆နာရီ ၁၅မိနစ်က ထိုင်းနိုင်ငံဒေသခံအာဏာပိုင်အဖွဲ့များ ပူးပေါင်းကာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား အမျိုးသား ၁၈ဦးနှင့် အမျိုးသမီး ၉ ဦး ကလေးငယ်အမျိုးသား ၃ဦးနှင့်အတူ ခေါ်ဆောင်လာသူ၂ဦးတို့ စီးနင်းလာသည့် ကုန်တင်ကားကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ စစ်ဆေးမေးမြန်းချက်အရ မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံ ပဲခူးတိုင်း၊ မွန်ပြည်နယ် ၊ရန်ကုန် ၊ကရင်ပြည်နယ်၊ မန္တလေးတိုင်းတို့မှလာခြင်းဖြစ်ကာ ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် အခြားမြို့တို့တွင် သွားရောက်အလုပ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ လာရောက်လုပ်ကိုင်နိုင်ရန်အတွက် ပွဲစားခအဖြစ်တစ်ဦးလျှင် ဘတ် ၁၅၀၀၀မှ ၂၀၀၀၀ထိပေးရပြီး ငွေသားတချို့ကိုပေးချေးပြီးကြောင်း သိရှိရသည်။
▪️ ဖမ်းဆီးရမိသူများကို တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ရန် စံခလဘူရီ ရဲစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 27 May 2024
▪️ ဆိုင်ကလုန်းမုန်တိုင်း“ရီမယ်(လ်)” (REMAL)၏ အရှိန်ကြောင့် နောက်(၂၄) နာရီအတွင်း ဒေသတော် တော်များများအထူးသဖြင့် ကချင်၊ရခိုင်၊ချင်းတို့၌မိုးကြီးပြီးလေပြင်းတိုက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
▪️ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊
▪️ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟုဆိုသည်။
▪️ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်သည်။
▪️ သို့ဖြစ်ပါ၍ဆိုင်ကလုန်းမုန်တိုင်း“ရီမယ်(လ်) ” (REMAL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထား ကြောင်း သိရသည်။
▪️ နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၆) နာရီအတွင်း အား ကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်း ကောင်း တစ်ဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
#tthl #Yangon_Times
Page 843 of 2420