#Local_News
Published 3 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ဘီအိုစီ မီးပွိုင့်အနီး ယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းအမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အနီးဝန်းကျင်ရှိသူများထံမှ သိရသည်။
ဖေဖော်ဝါရီ (၂) ရက်၊ ည (၁၀)နာရီ၊ မိနစ် (၂၀) အချိန်ခန့်က လှိုင်သာယာမြို့နယ် ရန်ကုန် - ပုသိမ် လမ်းမကြီး ဘီအိုစီ မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုတွင်ကုန်တင်ယာဉ် (၂)စီး မှာ အရှိန်မထိန်းနိုင်ဘဲတိုက်မိပြီး လမ်းပေါ်ကို တိမ်းမှောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းအမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
#Local_News # ဘီအိုစီမီးပွိုင့်အနီး #အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
#Local_News
Published_3 Feb 2024
မနက်ဖြန် ဖေဖော်ဝါရီလ ၄ ရက် ပြုလုပ်မည့် Thai Fight မွေထိုင်းပြိုင်ပွဲ၌ (၁၆) ပွဲဆက်တိုက်အနိုင်ရထားသော ကယန်းလက်ဝှေ့မယ်ဘရော်နီကာနှင့်ထိုင်း မွေထိုင်းဖိုက် တာတို ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
ကယန်း လက်ဝှေ့ မယ် ဘရော်နီကာ မှာ (၁၆)ပွဲဆက်နိုင်ပွဲရယူထားသူ ဖြစ်သကဲ့ သို အခြားထိုင်းလက်ဝှေ့ပြိုင် ပွဲ ၂ ခုတွင် ခါးပတ်ရရှိထားသူဖြစ်ကြောင်း သိရသည်။
ယှဉ်ပြိုင်မည့်သူနှစ်ဦးလုံးမှာ အများစိတ်ဝင်စားသူများ ဖြစ်သောကြောင့် အဆိုပါ ပွဲစဉ်ကို ကြည့်ရှူသူများပြား မည် ဖြစ်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြကြသည်။
ကယန်းလက်ဝှေ့မယ်ဘရော်နီကာ အနေဖြင့် (၂)နှစ်ဆက် အမျိုးသမီးချန်ပီယံ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
#Local_News #ကယန်းလက်ဝှေ့မယ် #မွေထိုင်းဖိုက်တာ #ယှဉ်ပြိုင်ထိုးသတ်ကြ #Yangon_Times/PP
#Daily_News
Published_ 2 February 2024
၁။ ပြည်တွင်းစက်သုံးဆီ ဈေးဆက်လက်မြင့်တက်လာပြီး တစ်လီတာလျှင် ကျပ် ၅၀ မှ ၁၀၀ ကျော်အထိဈေးမြင့်
၂။ အကယ်ဒမီပေးပွဲကို နိုင်ငံတကာဆုပေးပွဲများနည်းတူ ကင်မရာ(၂၂)လုံးဖြင့် တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်မည်
၃။ ဓနုအမျိုးသမီးများထုတ်လုပ်သည့် ချဉ်ပေါင်လျှော်အိတ်ထုတ်ကုန်များ ကိုရီးယားသို့တင်ပို့သွားမည်
၄။ တရုတ်နှင့်လာအိုတို့ပူးပေါင်းဆောင်ရွက်သည့် ဓာတ်အားလိုင်းကုမ္ပဏီစတင်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လမ်းပန်းဆက်သွယ်ရေး သွားလာမှု အခက်ခဲဖြစ်တဲ့ ဒေသတွေမှာ သယ်ယူပို့ဆောင်ရေးစရိတ် ကုန်ကျမှုတွေ အလွန်များတဲ့အတွက် ပြောင်းစိုက်သူတွေအနေနဲ့ ပြောင်းဈေးရရှိမှု အလွန်နည်းတယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းထံက သိရပါတယ်။
#Lcoal_ News
Published_ 2 February 2024
#ပြောင်းဈေးပြန်မြင့်လာ #လမ်းပန်းဆက်သွယ်ရေးအခက်ခဲ
#YMG/LW #Yangon_Times
"ပုံမှန် မတ်လရောက်မှသာ အပူချိန်တွေတိုးလာလေ့ရှိပေမယ့် အခုနှစ်မှာ အယ်နီညိုသက်ရောက်မှုတွေရှိတဲ့အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ နေ့အပူချိန်တွေနဲ့ ညအပူချိန်တွေတိုးလာနိုင်တယ်" မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
#Lcoal_ News
Published_ 2 February 2024
#ဒေသ(၆)ခု၌ညအပူချိန်ပြန်တိုး #ကချင်မိုးပိုရွာမည်
#tthl #Yangon_Times
#Lcoal_ News
Published_ 2 February 2024
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကို၂၀၂၄ ခုနှစ်မတ်လတွင် ကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီ(၇)ရက်ကိုယ်စားလှယ်လောင်းနာမည်စာရင်းများ စတင်ပေးပို့နိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့မှ အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရွေးကောက်ပွဲ စည်းမျဉ်းများအတိုင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲ (၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်ထိ ၄ နှစ် သက်တမ်း)ကို ၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက် (စနေနေ့)တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရန် လျှောက်လွှာပုံစံများကိုဖေဖော်ဝါရီ၇ရက် မှစတင်ပြီး ဖေဖော်ဝါရီလ၂၉ရက် မွန်းလွဲ(၃)နာရီ နောက်ဆုံးထား၍ ရွေးကောက်ပွဲ ကော်မရှင်ရုံးခန်းသို့ ကိုယ်တိုင်လာရောက် တင်သွင်းရမည်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ (၄)နှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်နေရာများ ရွေးချယ်ရာတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ - ၁ ဦး၊ ဒုတိယ ဥက္ကဋ္ဌ - ၃ ဦး (အမျိုးသား - ၂ဦးနှင့် အမျိုးသမီး -၁ ဦး)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ (၆) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၁ (၃) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၂ (၁) ဦး၊ ဒိုင်ကော်မတီ (၁) ဦး၊ နည်းပြကော်မတီ (၁) ဦး၊ ကစားသမား ကော်မတီ (၁) ဦး၊ အမျိုးသမီးဘောလုံး ကော်မတီ (၁) ဦး၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ (၁) ဦး၊ စုစုပေါင်း ၁၉ ဦး ရွေးကောက်တင်မြှောက်သွားမည် ဖြစ်သည်။
ရွေးချယ်ခံမည့် နေရာများအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး တည်ရှိရာ(Goal Hotel၊ ဝေဇယန္တာ လမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်)ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းတွင် နံနက်(၁၀)နာရီမှ မွန်းလွဲ(၃) နာရီ အတွင်း ကိုယ်တိုင် လာရောက်ထုတ်ယူ၊ တင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင် ဖုန်း- ၀၉၂၆၆၀၇၁၄၁၀, ၀၉၉၇၆၅၀၃၂၀၁, ၀၉၅၀၃၅၁၄၃ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
#Lcoal_ News #ဘောလုံးအဖွဲ့ချုပ် #ကိုယ်စားလှယ်လောင်းနာမည်စာရင်းပေးပို့နိုင် #tthl #Yangon_Times
'ဓနုအမျိုးသမီးများထုတ်လုပ်သည့်ချဉ်ပေါင်လျှော်အိတ်ထုတ်ကုန်များ ကိုရီးယားသို့တင်ပို့သွားမည် ကျွန်မက ချည်ပေါင်ရိုးကနေထုတ်တဲ့ချည်တွေကိုတန်ဖိုးမြှင့်ထုတ်ကုန် အိတ်နဲ့ဖိနပ်တွေ ထုတ်လုပ်နေကြတာပါ၊ ဒါကိုရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယဒေသကကျေးရွာ ၁၂ ရွာမှာနေတဲ့ ဓနုအမျိုးသမီးလေးတွေကို သင်ကြားပေးပြီး တောင်ကိုရီးယားနိုင်ငံကို တင်ပို့သွားဖို့ဆောင်ရွက်နေပါတယ် 'Shwe Zee Kwat Food Manufacturing and International Export Com.,Ltd. ဒါရိုက်တာ ဒေါ်အိပိုးဖြူ (2023 Asean Includes Business Award ဆုရရှိထားသည့် မြန်မာ့ပထမဆုံးအမျိုးသမီး
#Local_News
Published 2 February 2024
#'ဓနုအမျိုးသမီး #ချဉ်ပေါင်လျှော်အိတ်ထုတ်ကုန်
#YMG/ NN #Yangon_Times
Page 848 of 2235