ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့သူတွေ များနေပြီး ယင်းစစ်ရှောင်တွေ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို ကရင် ပြည်နယ်မှာရှိတဲ့ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
'ပြီးခဲ့တဲ့ တစ်လဝန်းကျင်လောက်က အရောင်းအဝယ်သွက်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သီတင်းကျွတ် တန်ဆောင်တိုင် ရှိတယ်ဆိုတော့ မြန်မာလူမျိုးတွေရဲ့ ဓလေ့အတိုင်း ပိုက်ဆံတွေ သုံးကြစွဲကြတော့ အရောင်းအဝယ်သွက်ခဲ့ပါတယ်၊ ဒါပေမယ့်အခု ၁၅ရက်လောက်ရှိပြီ အရောင်းအဝယ် နည်းနည်းလေးအေးပါတယ် '
Yangon-Times/NN
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 13 December 2023
မီးဖိုချောင်သုံး (LPG)ဂတ်စ် လိုအပ်သလောက်ဝယ်ယူမရဘဲ ယခင်ထက်ဈေးမြင့်လာတယ်လို့ လက်လီရောင်းချသူတွေထံ ကသိရပါတယ်။
ပြီးခဲ့သည့် နှစ်ပတ်ခန့်က စပြီး မီးဖိုချောင်သုံးဂတ်စ်များ ဝယ်ယူမရသည့် အတွက် အချို့ လက်လီပြန်ရောင်းချသည့် ဆိုင်များ ပိတ်ထားရကြောင်း သိရသည်။
"" စက်ရုံဘက်က လာကိုမချပေးတာ ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းကတည်း က အရင်ရက်တွေကလည်း ခွဲတမ်းနဲ့ရသလို ဖြစ်နေတယ် ဂတ်စ်ဈေးတွေလည်း တတ်တယ် သို့ပေမယ့် မြို့နယ်တစ်ခုနဲ့တစ်ခုတော့မတူဘူး"'ဟု ရွှေပြည်သာမြို့နယ် မှ အိမ်သုံးဂတ်စ်ရောင်းချသူတစ်ဦးကပြောသည်။
လက်ရှိတွင် ဂတ်စ်ဖြန့်သည့် ကုမ္ပဏီများ က ပြင်ကလက်လီပြန်ရောင်းချသည့်ဆိုင်များကိူ ထုတ်ရောင်းချမှုနည်းပြီး စာချုပ်ချုပ်ထားသည့် စက်ရုံများ စားသောက်ဆိုင် များကိုသာ ပို့ပေးမှုများကြောင်း သိရသည်။
"" အရင်ကတပိသာကို ၆၀၀၀ကျပ် ဝန်းကျင်ကနေ အခု တပိသာ ကို ၈၀၀၀ ကျပ်ကနေ ၁၀၀၀၀ကျပ် ဝန်းကျင် အထိရှိတယ် မြို့ထဲ တိုက်ခန်း တွေကျတော့ မီးမလာရင်ဂတ်စ်နဲ့အဓိက ထားသုံးကျတယ် အဲ့တော့ မြို့ထဲဘက်တွေမှာ ပိုပြီးဈေး များတယ်""ဟု ဂတ်စ်ရောင်းဝယ်လုပ်သူကပြောသည်။
ယခုကဲ့သို့ မီးဖိုချောင်သုံး ဂတ်စ်များ လိုအပ်သလောက် ဝယ်ယူမရသည့်အတွက် အိမ်တွင်းအသုံးပြုသူများထက် အစားအသောက်ချက်ပြုတရောင်းချသူများနှင့်စားသောက်ဆိုင်များတွင် အခက်ခဲများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 13 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group
‘ ပုံမှန်ကြားရက်တွေမှာ ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား(၅၀၀)ခန့် ဝင်ရောက်ပြီး ပိတ်ရက်တွေမှာ တော့ (၁၀၀၀)လောက် ဝင်ရောက်လာတယ်။ နှစ်စဉ် ဇန်နဝါရီ ၁ရက်ရောက်တိုင်း ပဌာန်းပူဇော်ပွဲတွေနဲ့ ဆီမီးကိုးထောင်စတဲ့ဆီမီးပူဇော်ပွဲတွေရှိတဲ့အတွက် ဘုရားဖူးပြည်သူတွေ လာရောက်ဖူးမြော် ကြည်ညိုနိုင်တယ်’
ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲဝင်တစ်ဦး
Yangon-Times/tthl
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၃ ဒီဇင်ဘာ ၂၀၂၃
မြန်မာနိုင်ငံမှာ (၂)နှစ်ကြာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေကို ဖြေရှင်းဖို့ နစက အစိုးရနှင့် ထိတွေ့ဆက်ဆံရာမှာ ထိုင်းနိုင်ငံအနေနှင့် ဦးဆောင်သူ အခန်း ကဏ္ဍကနေပါဝင်သင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကပြောတယ်လို့ ဂျပန်သတင်းမီဒီယာတစ်ခု ဖြစ်တဲ့ Nikkei Asia က သတင်းရေးသားလိုက်ပါတယ်။
“ ကျွန်တော်တို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို လိုက်နာပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနှင့် အနီးဆုံးမှာရှိနေတာပါ။ ကျွန်တော်တို့မှာ ကီလိုမီတာ ၂၀၀၀ နယ်စပ်ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်ပြောတာ သင့်လျော်မှုရှိပါတယ်။ မြန်မာအစိုးရနှင့်ဆွေးနွေးရာမှာ ကျွန်တော်တို့က ဦးဆောင်သူအဖြစ် ဆောင်ရွက်မယ်ဆိုတာကို အာဆီယံနိုင်ငံတွေကလည်း သဘောတူမယ် လို့ထင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
သူဟာ ထိုင်းအစိုးရဂေဟာမှာ နစ်ကေးအေးရှားနှင့် သီးသန့်အင်တာဗျူးပြုလုပ်ပြီး အဲဒါတွေပြောခဲ့တာပါ။
အာဆီယံက ဘုံသဘောတူညီချက်တွေချမှတ်ခဲ့ပေမယ့် ယခုနောက်ဆုံးအာဆီယံဥက္ကဋ္ဌလုပ်ခဲ့တဲ့ အင်ဒိုနီးရှားရဲ့ကြိုးပမ်းအားထုတ်မှုကလည်း သိပ်မရွေ့ခဲ့ပါဘူး။
အဲဒီလိုအချိန်မှာ ထိုင်းနိုင်ငံဟာ မြန်မာနစကအစိုးရနှင့် နှစ်နိုင်ငံလမ်းကြောင်းဖွင့်ဆက်သွယ်စည်းရုံးခဲ့ပါတယ်။၂၀၂၁ခုနှစ် နိုင်ငံရေး အပြောင်းအလဲနောက်ပိုငး်မှာ ထိုင်းနိုင်ငံကို မြန်မာဘက်က ဒုက္ခသည် ၄၅.၀၀၀ခန့် ထွက်ပြေးရောက်ရှိသွားကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
“ ဒုက္ခသည်အခြေအနေကို ကောင်းကောင်းမကိုင်တွယ်နိုင်တဲ့နေရာတွေမှာ ဖြစ်ရပ်အများကြီး ကျွန်တော်တို့မြင်တွေ့ခဲ့ကြရတယ်။ အဲဒါတွေ ဟာ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးနှင့် သုခချမ်းသာကိုထိခိုက်စေနိုင်မှာတင်မကဘဲ ထိုင်းပြည်တွင်းကပြည်သူတွေကိုပါထိခိုက်စေနိုင်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်။
နယ်စပ်တလျောက် မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်ဖောက်ကားမှုတွေနှင့်ပတ်သက်လို့ မြန်မာနှင့်ဆွေးနွေးနေတဲ့ အခြေအနေအပေါ် သူအနေနှင့် သိပ်ပြီးဘဝင်မကျလှဘူးလို့လည်း သူကပြောပါတယ်။ “ သူတို့ရဲ့ ပြည်တွင်းပြသနာက နေရာအနှံ့စစ်ပွဲတွေအရှိန်တက် နေစေတယ်။ သူတို့ဟာ မူးယစ်ဆေးဝါးရောင်းချရာကနေ ရတဲ့ဝင်ငွေတွေလိုအပ်နေတယ်။ ကျွန်တော်တို့ရဲ့ နယ်စပ်တွေ သေသေချာချာ ကာကွယ်ဖို့ ကျွန်တော်တို့လိုအပ်တယ်” လို့သူကဆက်ပြောပါတယ်။
စစ်ပွဲတွေ အရှိန်ထပ်မြင့်လာရင် ဒုက္ခသည်တွေဆီ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနအနေနှင့် မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ညှိနှိုင်းတိုင်ပင်နေပါတယ်လို့လည်း သူကပြောပါတယ်။
-ymg/knl
၁၂ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံအကူအညီဖြင့် MNDAA၊ TNLA၊ AA အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို အဖျက်သဘောဆောင်သည့် ထုတ်လွှင့်နေမှုများရှိနေ
နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား NUG၊ PDF များမှ ၎င်းတို့ထံ ရောက်ရှိလာစေရေး ခြိမ်းခြောက် စည်းရုံးနေ
၁၂-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်ဒေသနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
နိုင်ငံတော်ဝန်ကြီးချုပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် တွေ့ဆုံခဲ့ရာတွင် ဒေသခံပြည်သူများ၏ သားသမီးများအား ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် အဓိကထားဆောင်ရွက်နေ
ခြင်းတို့နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို
ပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
#Daily_News
Published 12 December 2023
၁။ လုံခြုံရေးအခြေနေအရ ထိုင်းသို့ MOU လုပ်သားစေလွှတ်မှု ယာယီရပ်နားထားပြီး နယ်မြေအခြေနေ ကောင်းမွန်သည်နှင့် ပြန်လည်စေလွှတ်မည်ဟုဆို
၂။ ဆောင်းတွင်းဖြစ်သော်လည်း အယ်နီညိုကြောင့် ဒေသ(၁၁)ခု၌ အအေးပေါ့ပြီး ညအပူချိန်ပိုဦးမည်
၃။ မူဆယ်စစ်ရှောင်များ တိုက်ပွဲရှောင် ရက်ရှည်လာသည်နှင့်အမျှ စားနပ်ရိက္ခာများ ဆက်လက်လိုအပ်နေပြီး ကျေးရွာအချို့၌လည်း ဒေသခံအချို့ ဆက်လက်ပိတ်မိနေ
၄။ တရုတ်မှ ပထမဆုံးဆောက်လုပ်သည့် အပျော်စီးသင်္ဘောကြီး စမ်းသပ်ပြေးဆွဲမှုများ ပြုလုပ်ရန်အသင့်ရှိ
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 852 of 2149