#Local_News
Published_11 January 2024
ကျောက်ဖြူ အထူးစီးပွားရေးဇုန် အမြန်ဆုံးစတင်လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုပမ်း ဆောင်ရွက်ကြဖို့ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းလိုက်တယ်လို့ နစက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဇန်နဝါရီ ၁၀ ရက်ယမန်နေ့က နေပြည်တော်တွင်းပြုလုပ်ခဲ့တဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးတွင် ဗဟိုအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ အဖွဲ့ဝင်များကို တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ကျောက်ဖြူအထူးစီပွားရေးဇုန်သည် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှုပြီး နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
အဆိုပါ စီမံကိန်းအတွက် စီမံခန့်ခွဲမှုကော်မတီက နိုင်ငံတော်အကျိုးစီးပွားကို အဓိကထားပြီး တင်းကြပ်စွာညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အတွက် မကြာသင့်ပဲကြန့်ကြာခဲ့ရပြီး အဆင်မပြေမှုများကြောင့် နှစ်နှစ်တာကာလအတွင်း အခက်အခဲများ တွေ့ကြုံခဲ့ရတယ်လိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
နောက်ပိုင်းတွင် ဗဟိုကော်မတီအဆင့်က ဝိုင်းဝန်းဆွေးနွေးပြီး နှစ်ဖက် Win-Win Solution ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက် စီမံကိန်း လုပ်ကိုင်ခွင့်သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့တယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
၁၈လ သက်တမ်းထပ်တိုးခဲ့တဲ့ Long Stop Date ကာလအတွင်းမှာ လုပ်ဆောင်ရမည့် Condition Precedent များကို တစ်ဆင့်ပြီးတစ်ဆင့် မြန်မြန်ဆန်ဆန်ဖြင့် ဆောင်ရွက်မည်ဆိုပါက အမြန်ဆုံး ကျောက်ဖြူစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပြောဆိုပါတယ်။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး ထိုမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာကာ ကျန်စီးပွားရေးဇုန်များကို အထောက်အကူပြုနိုင်မည်ဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးကဆက်လက်ပြောဆိုပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမြို့တွင် တည်ဆောက်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပြီး နှောင့်နှေးခဲ့ရတဲ့ မဟာဗျူဟာမြောက်တဲ့ ယခုစီမံကိန်းကို များမကြာမီက အလျင်အမြန်လုပ်ဆောင်နိုင်ရန် နှစ်ဘက်အရှိန်မြှင့်လာခဲ့ကြတာဖြစ်ပါတယ်။
#Local_News #ကျောက်ဖြူအထူးစီးပွားရေးဇုန် #ဒုတိယဗိုလ်ချုပ်မှူးကြီးတိုက်တွန်း #-ymg/knl #Yangon_Media_Group
ကမ္ဘာ့ဈေးလည်းကျတယ်၊ ဒေါ်လာဈေးလည်းကျတယ်၊ ဒါပေမယ့်ဒီတစစ်ရက်နှစ်ရက်အတွင်း ဝယ်လိုအားပြန်လိုက်လာတော့ ရွှေဈေးမာနေတယ်
#Local_News
Published_11 January 2024
#ကမ္ဘာ့ရွှေဈေးကျဆင်း #ရွှေအဝယ်လိုက်၍ဈေးမာနေ
#YMG/NN #Yangon_Times
စင်္ကာပူနိုင်ငံမှပြန်ရောက်လာတဲ့ (၃)ဦးမှာ အိုမီခရွန် HV .1 ၊JN.1နဲ့ EG. 5.1.8 Variants တွေတွေ့ရှိခဲ့ရသလို ပြည်တွင်းကူးစက်မှုအနေနဲ့ HV .1 ကူးစက်သူ(၁၁)ဦး နဲ့ XBB.1.16.17 ကူးစက်ခံရသူ(၂)ဦးကို ထပ်မံတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ကိုဗစ်ပိုးအမျိုးအစားလေးမျိုးတွေ့ရတဲ့အနက် အိုမီခရွန် HV .1 ၊JN.1နဲ့ EG. 5.1.8 Variants သုံးမျိုးကတော့ မြန်မာနိုင်ငံမှာ ခုမှတွေ့ရတဲ့ ပိုးသစ်တွေဖြစ်တယ် ကျန်းမာရေးဝန်ကြီးဌာန
#Local_News
Published_11 January 2024
#ကိုဗစ်ဗီဇပြောင်းမျိုးကွဲသစ် #HV.1 ၊JN.1နှင့်EG. 5(၃)မျိုးထပ်မံတွေ့
#tthl #Yangon_Times
#Local_News
Published 11 January 2024
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၁ ဦးကို ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၁၀ရက်က ပြန်ပို့ပေးခြင်းဖြစ်ပြီး ယင်းမြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်ထောင်များတွင် ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်များနှင့်အတူ အလုပ်သမားသံအရာရှိ ဦိးမိုးဇော်မှ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ကို ရနောင်းမြို့ကနေ စက်လှေနှင့် ကော့သောင်းမြိုကိုပြန်ပို့ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၁၀၅ ဦး ပါဝင်ကြောင်း သိရသည်။
ကော့သောင်းမြို့ကို ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးကာ၊ အသိပညာပေးတာတွေပြုလုပ်ပြီး သတ်မှတ်ထားသည့် ရောဂါပိုးတွေ့ရှိပါကအသွားအလာစောင့်ကြည့်ရေးစင်တာတွင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာနိုင်ငံသား၁၂၁ဦး #နေရပ်ပြန်ပို့ #YMG/LW #Yangon_Times
၁၀ ဇန်နဝါရီ ၂၀၂၄
MNDAA ၊ TNLAA ၊ AA စသည့် သောင်းကျန်းသူများ၏ ဘာသာတရားအပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ၏ ပြောကြားချက်အပြည့်အစုံကို ထပ်မံဖော်ပြပေး အပ်ပါတယ်။
၁၀ ဇန်နဝါရီ ၂၀၂၄
နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံသို့ရောက်ရှိလာတဲ့ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun အာဆီယံဘုံသဘောတူညီ ချက်(၅)ရပ်အပေါ်နစက၏ရှေံလုပ်ငန်း စဉ်များနှင့်ချိန်ညှိအကောင်အထည်ဖော်ဆောင်ရွက်နေတာတွေကို ယနေ့ ဇန်နဝါရီ ၁၀ ရက်မှာ နေပြည်တော်၌တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မကြာသေးမီက ခန့်အပ်ခဲ့တဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun ဟာ ပထမဆုံးသော ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး နစက ဥက္ကဋ္ဌအပါအဝင် သက်ဆိုင်တဲ့ နယ်ပယ်အသီးသီးမှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုတွေစတင်နေပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဆီယံအထူးကိုယ်စားလှယ်ကို နစကဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ဇန်နဝါရီ ၁၀ရက်မနက်ပိုင်းကတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာမှာ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လျက် ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နစကအနေဖြင့် နိုင်ငံတော်တာဝန်များကိုထမ်းဆောင် ခဲ့ရမှု၊ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးအရဖြေရှင်းမှုမပြုဘဲ လက်နက်ကိုင် အကြမ်းဖက်မှုများ လုပ်ဆောင်လာမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်း ကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိစေ ရေး တပ်မတော်အနေဖြင့် အခိုင်အမာရပ်တည် ဆောင်ရွက်လျက်ရှိမှုတွေကိုဆွေးနွေးခဲ့ တယ်လို့သိရပါတယ်။
ယင်းအပြင် မြန်မာနိုင်ငံ အနေဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၄ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် မည့်လုပ်ငန်းများကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီ ချက်(၅)ရပ်အပေါ် နစကှမှချမှတ်ဆောင်ရွက်လျက်ရှိသည့်ရှေ့လုပ်ငန်း စဉ်များနှင့်ချိန်ညှိအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိမှု အခြေ အနေ များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်တာဝန် ရှိသူများ တက်ရောက်ကြပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စား လှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။
အထူးကိုယ်စားလှယ်ဟာ နစကကောင်စီဝင်၊ပြည်ထဲရေးဝန်ကြီးဌာန၊ပြ ည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိရပါတယ်။
-ymg/knl
#Daily_News
Published_10 January 2024
၁။ ထီမတိုက်မိလို့ သိန်း(၅၀၀၀)ထီပေါက်နေသည်ကိုမသိသဖြင့် ကံထူးသူကို ခြောက်ရက်ကြာရှာဖွေခဲ့ရ၊ အခြေခံလူတန်းစား လူငယ်တစ်ဦးပေါက်ခဲ့
၂။ PNLO အခြေပြုဒေသ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်သို့ စစ်ဘေးရှောင်လာသည့် ပြည်သူတစ်သောင်းကျော်ထိ ရှိလာဟုဆို
၃။ တစ်ပတ်တာအတွင်း စက်သုံးဆီတစ်လီတာကိုကျပ် ၁၂၀အထိ ကျဆင်းလာ
၄။ ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ်အများဆုံး တည်ရှိရာနိုင်ငံဖြစ်လာသည့် ပီရူးနိုင်ငံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 850 of 2198