‘FDAအနေနဲ့ ဈေးကွက်အတွင်းဆေးဝါးတွေကိုပုံမှန်စစ်ဆေးပြီး အရည်အသွေး၊ အာနိသင်၊ ဘေးအန္တရာယ်အာမခံချက်မရှိတဲ့ ဆေးဝါးမှတ်ပုံတင်မရှိတဲ့ ဆေးဝါးတွေကိုရောင်းချနေတာတွေ့ရတဲ့အတွက် မှတ်ပုံတင်ရှိတဲ့ဆေးဝါးနဲ့တရားမဝင်ဆေးဝါးရဲ့ ပုံတွေ၊ကွာခြားမှုတွေကို ဓာတ်ပုံနဲ့တကွယှဉ်ပြီး ဖော်ပြထားတယ်’အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)
#Local_News
Published 19 December 2023
#နာမည်ကြီးအဖျားပျောက်ဆေး #သံချဆေး
#tthl #Yangon_Times
#Local_News
Published 19 December 2023
စက်သုံးဆီသယ်ဆောင်ခွင့်မျှောစာ တင်ပြနိုင်ခြင်းမရှိဘဲ သယ်ဆောင်လာသည့် စက်သုံးဆီ ဒီဇယ်ဂါလံ စုစုပေါင်း(၇၅၆၉)ကို သိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
အဆိုပါ စက်သုံးဆီများကို (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင် လာသော ယာဉ်တစ်စီးပေါ်မှစက်သုံးဆီ သယ်ဆောင်ခွင့်မျှောစာတင်ပြနိုင်ခြင်း မရှိသည့် စက်သုံးဆီဒီဇယ်ဆီဂါလံ ၆၀၀၊ မန္တလေးမြို့အဝင် မြစ်ငယ်တံတားအနီး၌ ယာဉ်တစ်စီးပေါ်မှ စက်သုံးဆီသယ်ဆောင်ခွင့် မျှောစာ တင်ပြ နိုင်ခြင်း မရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ(ချက်ဆီ) ဂါလံ ၆၀၀၀၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဖရဲကျွန်း ကျေးရွာ၊မိုင်တိုင်အမှတ်(၃၅၈/၄)၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စက်သုံး ဆီ ဒီဇယ်ဆီ ၉၆၉ဂါလံတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
သိမ်းဆည်းရမိသည့် ယင်းစက်သုံးဆီများကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရပြီး ဒီဇင်ဘာ ၁၅ ရက်၊ ၁၆ ရက် နှင့် ၁၈ ရက်တို့တွင် အဆိုပါစက်သုံးဆီများအပါအဝင် တရားမဝင်ကုန်ပစ္စည်းများသိမ်ဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ရှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၆၈၆၈၅၈၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
#Local_News #မန္တလေး #ဒီဇယ်(၇၅၆၉)ဂါလံသိမ်းဆည်းရမိ #tthl #Yangon_Times
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပတဲ့၂၀၂၃ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရှမ်းယူနိုက်တတ်အသင်းက ရှုံးပွဲမရှိ စံချိန်ဖြင့် ဆွတ်ခူးရရှိခဲ့ပါတယ်။
#Local_News
Published 19 December 2023
#၂၀၂၃မြန်မာနေရှင်နယ်လိဂ် #ရှမ်းယူနိုက်တက်အသင်းဆွတ်ခူး
#YMG/LW #Yangon_Times
#Local_News
Published 19 December 2023
လာမည့်ဇန်နဝါရီလဆန်း၌ပြုလုပ်မည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့်ပန်းမန်ပြပွဲပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်များကို ဒီဇင်ဘာလ (၃ဝ) ရက်နောက်ဆုံးထားပေးပိုရမည်ဖြစ်ကြောင်း ရနကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲပြိုင်ပွဲကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ (၇) ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြိုနယ်ရှိ ကန်တော်ကြီး သဘာဝဥယျာဉ် ပုလဲ/မဟာမြိုင်ကျွန်း ဆင်ဖြူတော်ရုပ်တုများနှင့် စိုက်ပျိုးရေးပြတိုက်အနီး၌ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်များကို ဒီဇင်ဘာလ (၃ဝ) ရက် နံနက် (၈) နာရီမှ ညနေ (၅) နာရီအတွင်း ပြိုင်ပွဲကျင်းပမည့်နေရာသို ပေးပိုရမည်ဖြစ်ပြီး မြေ ယာရှုခင်း (Land- scaping) ပြိုင်ပွဲကို ဒီဇင်ဘာလ (၂၉) ရက်မှ (၃၁) ရက်အထိ အပြီးပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ သစ်သီးအလှပုံဖော်ပြိုင်ပွဲကို ဒီဇင်ဘာလ (၃၁) ရက် ညနေ (၃) နာရီမှ (၅)နာရီအထိ၊ ပန်းအလှပြင်ဆင်ခြင်းပြိုင်ပွဲကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက် နံနက် (၅) နာရီခွဲမှ (၇) နာရီအထိ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲ၌ သစ်သီးဝလံပြိုင်ပွဲ (တစ်လုံးချင်း)၊ သစ်သီးဝလံပြိုင်ပွဲ(ဥစား)၊ သစ်သီးဝလံပြိုင်ပွဲ(အခိုင်လိုက်)၊ သစ်သီးဝလံပြိုင်ပွဲ (အသီးပါအပင်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ (အရွက်)၊ (အထုပ်)၊ (ဥစား)၊ (အလုံးလိုက်)၊ (အသီးပါအပင်)၊ မြေယာရှုခင်းပြိုင်ပွဲ၊ပြည်ပသစ်ခွပြိုင်ပွဲ (ကတ်တလီယာ)၊ (ဗန်ဒါ)၊ (ဒန်ဒရိုဗီယမ်)များနှင့် သစ်ခွအခြားအုပ်စုပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲများ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် အရွက်အလှပင်ပြိုင်ပွဲ (Indoor)(Outdoor)၊ ရာသီပန်းပြိုင်ပွဲ၊ သက်ကြီးပုပင်ပြိုင်ပွဲ (Bonsai) (၆ လက်မအောက်)နှင့် (၆ လက်မနှင့် ၁ဝ လက်မကြား)နှင့် (၁၀ လက်မအထက်)၊ အလှပြင်ဆင်ခြင်းပြိုင်ပွဲ၊ သစ်သီးအလှပြင်ဆင်ခြင်းပြိုင်ပွဲနှင့် ပန်းအလှပင်ပြိုင်ပွဲ စသည့် ပြိုင်ပွဲအမျိုးအစားများလည်း ပါဝင်ပြီး မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ် ပြုလုပ်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ပြပွဲပြိုင်ပွဲများကိုယာယီ ရပ်နားထားခဲ့ပြီးနောက် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ၌ ၁၉ ကြိမ်မြောက်အဖြစ်ပြန်လည်ကျင်းပခဲ့ပြီးနောက် လာမည့် ၂၀၂၄ခုနှစ်တွင် လည်းဆက်လက်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #သစ်သီးဝလံ #ပန်းမန်ပြပွဲပြိုင်ပွဲ #YMG/NN #Yangon_Times
အိန္ဒိယဈေးနှုန်းသတ်မှတ်လိုက်တော့ ပြည်တွင်းဈေးတက်လာတယ်၊ ဗီယက်နမ်တို့ဘာတို့ နည်းနည်းပြန်ဝယ်ချင်တဲ့သဘောပေါ့၊ တောင်သူတွေအလုပ်ဖြစ်တယ်၊ အိန္ဒိယဘက်ကစောပိတ်လိုက်ရင် မိုးကြက်သွန်သမားတွေ ပိုစားသာသွားမယ်
#Local_News
Published 19 December 2023
#မြန်မာ့ကြက်သွန်နီ #တောင်သူများဈေးကောင်းရ
#YMG/NN #Yangon_Times
"အခုရက်ပိုင်းအတွင်းမှာတော့ ခရစ္စမတ်နဲ့ နယူးရီးယားအတွက် ဘိုကင်ပြန်တင်သူတွေနဲ့ ဟိုတယ်တွေ ပြန်ပြည့်လာတယ်။ အရင်က လုံခြုံရေး အခြေအနေအရ ကမ်းခြေခရီးစဉ်တွေ ဘိုကင်ပြန်ဖျက်သွားတာတွေရှိခဲ့တယ်"
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌဦးနောင်းနောင်းဟန်
#Local_News
Published 19 December 2023
#ခရစ္စမတ် #နယူးရီးယား #ဘိုကင်ပြန်တင်သူတွေပြည့်လာ
#tthl #Yangon_Times
#Local_News
Published-19 December 2023
စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ (၉.၇၂) သန်းကို ယမန်နေ့က ဗဟိုဘဏ်မှရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ (ဒေါ်လာ) ရောင်းဝယ်မှုတွင် ဈေးနှုန်းသတ်မှတ်ခြင်းမပြုတော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းချခွင့်ကို ဒီဇင်ဘာ ၅ ရက်တွင် လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုထားခြင်းဖြစ်ကြောင်းသိရသည်။
ထို့အတူ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာ ရောင်းချနိုင်ရန် ခွင့်ပြုပေးခဲ့ပြီး စက်မှုဇုန်များအတွက် လိုအပ်သည့် စက်သုံးဆီများကို အဆိုပါပို့ကုန်ရငွေမှ မိမိအစီအစဉ်အတိုင်း ဝယ်ယူရန်နှင့် ဒေါ်လာလိုအပ်ခဲ့ပါကလည်း ဗဟိုဘဏ်မှ စိုက်ထုတ်ပေးထားမည်ဖြစ်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။
လက်ရှိတွင် ပြည်ပမှ တင်သွင်းနေရသည့် ကုန်စည်များထဲတွင် စက်သုံးဆီသည် သွင်းကုန်ပထမ ဦးစားပေးအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားကြောင်း သိရသည်။
#Local_News #စက်သုံးဆီတင်သွင်း #ဒေါ်လာ၁၀သန်း #ဗဟိုဘဏ်ရောင်းချပေး #YMG/NN #Yangon_Times
Page 855 of 2165