#Local_News
Published 31 -August- 2023
(၅၅)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲနှင့် အောင်ဘာလေအွန်လိုင်းထီဖွင့်ပွဲကို သီးခြားစီ ဖွင့်လှစ်ပေး သွားမည်ဟု ပြည်တွင်းအခွန်များဉီးစီဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ယနေ့ ဩဂုတ် (၃၁)ရက်တွင် ကြိုတင် အသိပေးထုတ်ပြန်ထားသည်။
(၅၅)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲနဲ့ အောင်ဘာလေအွန်လိုင်းထီဖွင့်ပွဲကို လာမည့် အောက်တိုဘာ (၁)ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ၊ အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို နံနက်(၈) နာရီတွင် လည်းကောင်း၊ အောင်ဘာလေအွန်လိုင်းထီဖွင့်ပွဲကို နံနက် (၁၀)နာရီတွင် လည်းကောင်း သီးခြားစီ ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မနက်ဖြန် စက်တင်ဘာ(၁)ရက်တွင် (၅၅)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းဆုထီ အတွက် “က” အက္ခရာမှ “ည” အက္ခရာအထိ ထီစောင်ရေ (၆၇၅၀၀၄၀) စောင်အား စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး ၊ ရောင်းချရငွေ၏ (၇၀) ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအတူ ကျပ် တစ်ထောင်တန် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီ အတွက် “က” အက္ခရာမှ “ည” အက္ရရာအထိ ထီစောင်ရေ ( ၂၂၄၉၉၄၀) စောင်ကိုလည်း စက်တင်ဘာ (၁) ရက်နေ့၌ပင် ရောင်းချပေးသွားမည်ဖြစ်ပြီး၊ ရောင်းချရငွေ၏ (၇၀) ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မနက်ဖြန် စက်တင်ဘာလတွင် ဖွင့်လှစ်ပေးမည့် (၅၄)ကြိမ်မြောက် ကျပ််တစ်ထောင်တန်အောင်ဘာလေ သိန်းထီဖွင့်ပွဲတွင် ကျပ်သိန်း ငါးထောင်ဆု (၁)ဆု၊ ကျပ်သိန်း နှစ်ထောင်ဆု( (၁) ဆု ၊ ကျပ်သိန်းတစ်ထောင်ဆု(၁) ဆု အပြင် အခြား ဆုမံ များကို လည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/MY #Local_News #အောင်ဘာလေသိန်းဆုထီဖွင့်ပွဲ #အွန်လိုင်းသိန်းဆုထီဖွင့်ပွဲ
#ဌာနခွဲကြိုတင်အသိပေး #Yangon_Times
#Local_News
Published_ 31 August 2023
မလေးရှားနိုင်ငံသို့ရောက်ရှိသည်မှာ လပိုင်းခန့်သာရှိသေးသည့် မြန်မာအမျိုးသမီး ၁-ဦး နေအိမ်ပေါ်တွင်ရေပိုက်ကို ခလုတ်တိုက်မိစဉ် ဦးခေါင်းဒဏ်ရာရရှိကာ သေဆုံးမှုဖြစ်ခဲ့ကြောင်း နှလုံးလှပရဟိတသွေးလှူရှင်များ အသင်း (မလေးရှား)က သိရသည်။
အဆိုပါ အမျိုးသမီးမှာ KL Maluri နေအိမ်ပေါ်တွင် ရေပိုက်ကို ခလုပ်တိုက်မိ၍ (၂)ပေခန့် အမြင့်မှလဲကျကာ ဦးခေါင်းဘယ်ဘက်အခြမ်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အထောက်အထားခိုင်လုံမှုမရှိ၍ ဆေးရုံပြရန် နောက်ကျသောကြောင့် သေဆုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။
"ဆေးခန်းသွားဖို့ကျတော့ အထောက်အထားမရှိတာကတစ်ကြောင်း မလေးကိုရောက်တာ လပိုင်းပဲရှိသေးတော့ ဟိုလူစောင့်ဒီလူစောင့်နှင့်အချိန်တွေကြာသွားခဲ့တာကတစ်ကြောင်း ဆေးခန်းရောက်နောက်ကျပြီး သေဆုံးသွားခဲ့ပါတယ်"ဟု နှလုံးလှပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။
ကွယ်လွန်သူကို သြဂုတ်လ ၃၀ ရက် ဗုဒ္ဓဟူးနေ့တွင် ချဲရတ်ဂျလန်ကွာလီ သုဿန်သို့ ကွယ်လွန်သူ၏ မိသားစုမိတ်ဆွေသူငယ်ချင်းများနှင့်အတူ ကုသိုလ်ယူပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းက သိရသည်။
သေဆုံးသူအမျိုးသမီး ( မိချစ်စုရီ )မှာ အသက် ( ၂၃ )နှစ်အရွယ်ရှိပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးအနောက်ဘက်ကမ်းကျေးရွာအုပ်စု၊ သရက်ကျေးရွာ မှဖြစ်ကြောင်း သိရသည်။
#Local_News #ဦးခေါင်းဒဏ်ရာရသေဆုံး #မလေးရှား
#Yangon-Times/PP
#Local_News
Published_ 31 August 2023
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာကြည့်ရူမှု အချိန်စာရင်းအသစ် စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ကင်ဆာဓာတ်ရောင်ခြည်ဌာနကို တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ မနက်ပိုင်း(၉)နာရီမှ(၁၂)နာရီထိ၊ မွန်းလွဲပိုင်း (၂)နာရီမှ(၄)နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး ကြာသပတေးနေ့ (Day Care)တွင်လည်း မနက်ပိုင်း(၉)နာရီမှ (၁၂)နာရီထိ၊ မွန်းလွဲပိုင်း (၂)နာရီမှ(၄)နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်။
ခွဲစိတ်ရန်လိုအပ်သည့်လူနာများအတွက် ခွဲစိတ်ကုသဆောင်(၁)ကို တနင်္လာမနက်ပိုင်း၊ ဗုဒ္ဓဟူးနေ့လည်ပိုင်းအချိန်၊ ခွဲစိတ်ကုသ ဆောင်(၂)ကို အင်္ဂါမနက်ပိုင်း၊ ကြာသပတေးနေ့လည်ပိုင်းအချိန်၊ခွဲစိတ်ကုသဆောင်(၃)ကို ဗုဒ္ဓဟူးမနက်ပိုင်း၊ တနင်္လာနေ့နေ့လည်ပိုင်းအချိန်များတွင် ပြသနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
ပြင်ပလူနာများတွင် နှလုံးဆေးကုသဌာနကိုတနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့မနက်ပိုင်းအချိန်တွင် ပြသနိုင်မည်ဖြစ်ပြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနကို တနင်္လာ၊ ဗုဒ္ဓဟူးနေ့လယ်ပိုင်းအချိန်၊ အစာအိမ်အူလမ်းကြောင်းနှင့် ဆေးကုဌာနကို တနင်္လာ၊ ကြာသပတေး မနက်အစောကြီးပိုင်းအချိန်၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့လည်ပိုင်းအချိန်များတွင် ပြသနိုင်မည်ဖြစ်သည်။
အဆိုပါအချိန်စာရင်းအသစ်တွင် ရောဂါအလိုက်ပြသနိုင်မည့် နေ့ရက်များနှင့် ပြသနိုင်မည့်အချိန်များကို အသေးစိတ်ဖော်ပြထားပြီး Yangon General Hospital Facebook Page၌လူနာများအသေးစိတ် သွားရောက်ကြည့်ရူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#tthl #Local_News #ရန်ကုန်ပြည်သူ့ဆေးရုံကြီး #အချိန်စာရင်းအသစ်ထုတ်ပြန်
#Yangon_Times
#Local_News
Published_ 31 August 2023
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU ၊ PNLO) တို့သည် NCA (၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးအဓိပ္ပာယ် ပြည့်ဝစွာကျင်းပနိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဩဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲတွင် ပဋိပက္ခဒဏ်ခံစားနေရသောဒေသများရှိ တိုက်ပွဲရှောင်နှင့်ဒေသခံ ပြည်သူလူထုအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် NCA လက်မှတ်ရေးထိုးထားသော သက်ဆိုင်ရာ နယ်မြေများမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် EAO များ ကိုယ်တိုင်လက်တွေ့ကျကျ ပါဝင်လုပ်ဆောင်နိုင်ရေး၊ နိုင်ငံရေးနယ်ပယ်တွင် ဒေသအလိုက် EAO များ၏ ဦးဆောင်မှုကို မြှင့်တင်ရေးဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ဒုတိယဥက္ကဋ္ဌကျာဖူး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ စစ်ကွပ်ကဲရေး မှူးအဆင့်ရှိ စောဘညိမ်းအောင်နှင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
#ygm_mnn #Local_News #NCA(၈)နှစ်ပြည့် #NCA လက်မှတ်ရေးထိုး
#Yangon_Media_Group
#Local_News
Published_ 31 August 2023
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်ကို ဩဂုတ် ၃၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမှုအပေါ်မူတည်၍ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားဖို့လည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ထို့ပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#ygm_mnn #Local_News #တရုတ်-မြန်မာ #တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရန်
#Yangon_Media_Group
#Local_News
Published-31 August 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် သြဂုတ်လအတွင်း ၇ကြိမ်မြောက်အနေဖြင့် မြန်မာလုပ်သား (၁၀၀၀)ကျော်ကို စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။
ယခုလအတွင်း EPS စနစ်ဖြင့် သြဂုတ်လ ၁ရက်တွင် မြန်မာလုပ်သား ၁၃၉ဦးကို လည်းကောင်း၊ သြဂုတ်လ ၂ရက်တွင် မြန်မာလုပ်သား (၁၄၇)ဦးကိုလည်းကောင်း၊ သြဂုတ်လ ၈ ရက်တွင် မြန်မာလုပ်သား (၁၄၂)ဦးကို လည်းကောင်း၊ သြဂုတ်လ ၂၂ ရက်တွင် မြန်မာလုပ်သား(၁၄၂)ဦးကိုလည်းကောင်း၊ သြဂုတ်လ ၂၃ရက်တွင် မြန်မာလုပ်သား (၁၄၇)ဦးကိုလည်းကောင်း၊ သြဂုတ်လ ၂၉ရက်တွင် မြန်မာလုပ်သား(၁၄၆)ဦးကို လည်းကောင်း၊ သြဂုတ်လ ၃၀ ရက်တွင် မြန်မာလုပ်သား(၁၅၁)ဦးကိုလည်းကောင်း စေလွှတ်ခဲ့သည်။
ယင်းကဲ့သို့စေလွှတ်ခဲ့သည့် မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ်များပါဝင်ပြီး မြန်မာလုပ်သားများရန်ကုန်မြို့မှအင်းချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ရာမြန်မာသံရုံး ဆိုလ်းမြို့မှအလုပ်သမားသံအရာရှိမှကြိုဆို၍ သိရှိလိုက်နာသင့်သည့်အချက်များမှာကြား၍ လိုအပ်သည်များကူညီပေးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၀၄၉)ဦးကိုစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။
#Local_News #EPS စနစ် # မြန်မာလုပ်သား(၁၀၀၀)
#Yangon-Times/PP
#Local_News
Published-31 August 2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၁၆ နှစ်အရွယ်အရပ်သား အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၃၀ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာ ကျေးရွာ၏ တောင် ဘက်မီတာ ၅၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွတ်ခိုင်ပြည်သူ့ ဆေးရုံနှင့် နယ်မြေခံဆေးတပ်ရင်း များသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ စေလျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နမ့်ဖတ်ကာကျေးရွာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်ကိုလိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Local_News #လက်နက်ကြီးကျ
#Yangon_Times/PP
Page 857 of 1970