ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခွင့် ယခုလကုန်ပိုင်းနောက်ဆုံးထား လျှောက်နိုင်
‘၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြန်မာသင်ရိုးနဲ့ သင်ကြားကြမယ့် ကိုယ်ပိုင်ကျောင်း၊ပုဂ္ဂလိက ကျောင်းတွေအနေနဲ့အောက်တိုဘာလ၃၁ရက်နောက်ဆုံးထားပြီးမှတ်ပုံတင်လျှောက်လွှာတွေလျှောက်ထားနိုင် တယ်’ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန
Yangon_Times/tthl
#Local_News
#Published_ 06 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Published_ 06 October 2023
EVကားမီးလောင်ခြင်းနှင့်ပတ်သက်၍ကားထုတ်လုပ်သည့် KSD Myanmarအမှတ်တံဆိပ်မှ မီးလောင်ရခြင်းအကြောင်းရင်းနှင့် ဖြေရှင်းချက်ကို၄င်းတို့၏လူမှုကွန်ရက်စာမျက်နှာပေါ်၌ထုတ်ပြန်လိုက်ကြောင်းသိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် KHAING KHAING SANGDA GROUP LIMITED မှ ထုတ်လုပ်ရောင်းချသော KSD အမှတ်တံဆိပ် ELECTRIC VEHICAL ယာဥ်များ ၀ယ်ယူအားပေးသူ လေးစားရပါသော Customer များထံအသိပေးတင်ပြခြင်းခေါင်းစဉ်ဖြင့်
ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၌ အောက်တိုဘာ၅ရက်နေ့ ည (11) နာရီခန့်တွင် KSDV1-NE1 အမျိုးအစား (3S/------) ယာဥ် မီးလောင်မှုဖြစ်ပွားခဲ့ရာ ယနေ့ (6-10-2023) နေ့တွင် KHAING KHAING SANGDA GROUP LIMITED မှ တာ၀န်ရှိသူများမှ သွားရောက်ကြည့်ရှု စစ်ဆေးရာတွင် KSDV1-NE1 ယာဥ်အား Company မှ ရောင်းချစဥ် Battery ကုန်ပါက အားသွင်းရန် နေရာသို့ သွားရောက်ရန် (10-15 Kilometer) ခန့် မောင်းနှင် အသုံးပြုနိုင်မည့် ( 200 cc ) မီးစက်အင်ဂျင်အသေးတစ်လုံးတပ်ဆင်ထားကြောင်း၊
အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် (3S/--------) ယာဥ်တွင် Customer မှ မိမိသဘောဖြင့် ( 660 cc ) အင်ဂျင် နှင့် ဂီယာဘောက် တပ်ဆင်ပြီး၊ Battery Charging သွင်းသည့်စနစ် နှင့် ၀ါယာရိန်း စနစ်အား ပြောင်းလဲတပ်ဆင် အသုံးပြုထား သည်ကိုတွေ့ရှိရကြောင်း၊
သို့ပါသောကြောင့် အဆိုပါယာဥ် မီးလောင်မှုဖြစ်စဥ်တွင် Company ၏ မူလထုတ်လုပ်မှု ပုံစံ ချို့ယွင်းချက် တစ်စုံတစ်ရာကြောင့် မဟုတ်ဘဲ မိမိသဘောဖြင့် ပြောင်းလဲတပ်ဆင်မှုမှတဆင့် မီးလောင်မှု ဖြစ်ပွားခြင်းသာ ဖြစ်ပါသောကြောင့် KSD အမှတ် တံဆိပ် ELECTRIC VEHICLE ယာဥ် များကို ၀ယ်ယူ အသုံးပြုထားသော Customer များနှင့် ထပ်မံ၀ယ်ယူမည့်မိဘပြည်သူများ အန္တရာယ်ကင်း စိတ်အေး ချမ်းသာစွာ စီးနှင်း အသုံးပြု ၀ယ်ယူနိုင်ပါရန် လေးစားစွာအသိပေးတင်ပြအပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ပွင့်လင်းရာသီ ရောက်လာတာကြောင့် ကြိုက်ရောင်းကြိုက်ဝယ်စနစ်မှ အလေးချိန်ပေါ်မှုတည်ပြီး ဈေးကောင်းရလာတဲ့ဆိတ်အရောင်းဝယ်ဈေးကွက်
ပွင့်လင်းရာသီ ရောက်ရှိလာတာကြောင့် အသားစား ရန် မွေးမြုထားတဲ့ ဆိတ်အရောင်းဝယ် ဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ် စနစ် မှ အလေးချိန် ပေါ် မူတည်ပြီး ဈေးရရှိလာတယ်လို့ ဆိတ်မွေးမြူရေး လုပ်ငန်းရှင်တွေထံ က သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 06 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 October 2023
360 Fight Club V အမည်ရှိ မြန်မာ့ရိုးရာ လက်ဝှေ့အောင်လံ ဗိုလ်လုပွဲကို အောက်တိုဘာလ ၈ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း တွဲဆိုင်း ၁၃ ဆိုင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ၅၂-၅၄ ကီလိုတန်း အောင်လံ ထိန်းပွဲစဉ်အဖြစ် မြတ်မြတ်ဟိန်း (လုံးချောကလပ်)နှင့် အောင်ကောင်းကျော် (Ray))၊ ၅၄-၅၇ ကီလိုတန်း အောင်လံထိန်း ပွဲစဉ်များအဖြစ် နော်နော် (Python)နှင့် အောင်ကို (Tiger Gym)၊ စိုးနောင်နောင် (ဒေါနသွေး)နှင့် သန်းလင်းအောင် (Ray)၊ ရိန်နော် (KCK )နှင့်စောထီး (ကျားမနိုင်)၊ ၅၇-၆၀ ကီလိုတန်း အောင်လံ ထိန်းပွဲစဉ်များအဖြစ် ရဲကျော်အောင် (360 Sports)နှင့် ဈာန်ထွန်း (အဖြူရောင်သွေးသစ်)၊ ကျားရိုင်း (ကျားဘုရင်) နှင့် ကဲဒိုစေး (ရိုးရာကျား)၊ မင်းခန့်စိုး (နဂါးမာန်) နှင့် အောင်ခန့် (Smart Fight) တို့ ယှဉ်ပြိုင်မည်ဟုသိရသည်။
အလားတူ ၆၀-၆၃ ကီလိုတန်း အောင်လံထိန်း ပွဲစဉ်များအဖြစ် ရိန်ကြယ်နော် (Python) နှင့် ကောင်းဆက်နိုင် (ရိုးရာကျား)၊ ညီရဲခန့် (YFC) နှင့် ရဲလင်းဇော် (Smart Fight)၊ ၆၇-၇၀ ကီလိုတန်း အောင်လံထိန်းပွဲစဉ်အဖြစ် ရဲမင်း (Python) နှင့် အဒူး(Eagle)၊ ၅၄-၅၇ ကီလိုတန်း အောင်လံဗိုလ်လုပွဲစဉ် အဖြစ် စောကဲဒို (Holy Power) နှင့် အောင်ရဲနိုင် (Power Punch )၊ ၆၀-၆၃ ဒသမ ၅ ကီလိုတန်း အောင်လံဗိုလ်လု ပွဲစဉ်အဖြစ် လောကွာဒူး (တော်ဝင်ရိုးရာ) နှင့် ဂေါ်ဒိုထူး (ရိုးရာကျား)၊ ၆၇-၇၁ ကီလိုတန်း အောင်လံဗိုလ်လု ပွဲစဉ်အဖြစ် အာကာဖြိုး (Tiger Gym) နှင့် ဇော်သက်နောင် (Knight) တို့ ယှဉ်ပြိုင်မည်ဟုသိရသည်။
အဆိုပါပြိုင်ပွဲအတွက် လက် မှတ်ခများကို ရိုးရိုးတန်း ၁၀၀၀၀ ကျပ် ၊ အထူးတန်း ၂၀၀၀၀ ကျပ် သတ်မှတ်ထားပြီး 360 Fight Club ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူများ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
EV ကားများကို တရုတ်က အဓိကတင်သွင်းနေပြီး ဈေးကွက်အတွင်း ကြိုက်နှစ်သက်မှုများရှိနေ
ကိုးလတာအတွင်း EV ကားစီးရေ ကိုးရာကျော် မှတ်ပုံတင်ထား
Yangon_Times/NN
#Local_News
#Published_ 06 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပူတာအို ရေခဲတောင်တက်ခရီးစဉ်များအတွက် လေကြောင်းခရီးစဉ်များတိုးသင့်
‘ ပူတာအိုကို လေကြောင်းခရီးစဉ် တစ်ပတ်တစ်ကြိမ်သာရှိပါတယ် ။ လေကြောင်းခရီးကိုသာ အားပြုသွားလာရမှာဖြစ်လို့ လေကြောင်းခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲစေချင်တယ် ။ နိုဝင်ဘာမှာ တောတွင်းခရီးတွေ သွားလို့ရပါတယ် ။ ဒီနှစ်က ဒီဇင်ဘာမှ ရေစခဲမယ် ’ ပူတာအိုဒေသခံ ဧည့်လမ်းညွှန်တစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 06 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 October 2023
လာမည့်အောက်တိုဘာလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ “World Design Assembly Tokyo ” ကျင်းပသွားမည် ဖြစ်ကြောင်း UMFCCIမှသိရသည် ။
အဆိုပါ World Design Assembly” နှင့်အတူ အာဆီယံ-ဂျပန် နှစ်(၅၀)ပြည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအထိမ်းအမှတ် အာဆီယံနှင့်ဆက်စပ်သည့် အခမ်းအနားများ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည် ။
အာဆီယံ-ဂျပန်စင်တာ (AJC) အနေဖြင့် Japan Institute of Design Promotion (JDP)၊ World Design Assembly နှင့် အာဆီယံဒေသတွင်း တီထွင်ဆန်းသစ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလျက်အာဆီယံဒေသတွင်း နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ ထုတ်ကုန်များ၊ ဒီဇိုင်းထုတ်ကုန်များ၊ ပြသနိုင်ရေးအတွက်မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူများ ပါဝင်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည် ။
အဆိုပါ World Design Assembly တွင် အာဆီယံနိုင်ငံ တစ်နိုင်ငံလျှင် ကုမ္ပဏီ (၅) ခု (သို့မဟုတ်) ထုတ်ကုန် (၅) ခုစီ ပြသနိုင်ရေး လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း ပြခန်းကို အာဆီယံ-ဂျပန်စင်တာမှ ပံ့ပိုးမည်ဖြစ်၍ ကျန်ကုန်ကျစရိတ်ကို ပြသသည့်ကုမ္ပဏီမှ ကျခံရမည်ဖြစ်ကြောင်းလည်း သိရသည် ။
ထို့ကြောင့် “World Design Assembly Tokyo” နှင့် ဆက်စပ်အခမ်းအနားများသို့ ပါဝင်တက်ရောက် ပြသရန် စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှုအသင်းချုပ်ရှိ အသင်းသားများ၊ ညီနောင်အသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ Company Letterhead ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့ အမည်၊ Email Address ၊ ဖုန်းနံပါတ် နှင့် ပြပွဲတွင်ပြသမည့် ပစ္စည်းအမျိုးအစား၊ အရေအတွက်စာရင်းတို့နှင့်တကွ ပူးတွဲပါ FORM အား ပြည့်စုံစွာ ဖြည့်စွက်၍ (၁၁.၁၀.၂၀၂၃) ရက်နေ့ထက်နောက်မကျစေပဲ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ Email:
ထို့အပြင် ကုန်သည်/ စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email:
#Yangon-Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 860 of 2033