Published_ 07 October 2023
ရန်ကုန်စတော့အိတ်ချိန်းတွင် ကုမ္ပဏီ(၈)ခု၏ ရှယ်ယာများ နေ့စဉ်ရောင်းဝယ်နေပြီး ယခုနှစ်၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် (၆)လတာကာလအတွင်းရှယ်ယာ(၁ဒသမ၉၄၅)သန်းအရောင်းအဝယ်ဖြစ်ခဲ့ပြီးဈေးကွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကျပ် (၇၄၉ ဒသမ ၇၇၂) ဘီလီယံရှိခဲ့ကြောင်းသိရသည်။
ယင်းကဲ့သို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းကို ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင် အကြိုဈေးကွက်တွင် အစုရှယ် ယာရှင်(၁၀၀)ဦးနှင့်အထက် အများပိုင်ကုမ္ပဏီများက လွယ်ကူစွာဝင်ရောက်မှတ်ပုံတင်နိုင်ရေးအတွက် စာရင်းဝင် အကြို ဈေးကွက်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲမှသိရခြင်းဖြစ်သည်။
စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတက်ရောက်ခဲ့ပြီးစာရင်းဝင်အကြိုဈေးကွက် (Pre listing Board-PLB) ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်ကိစ္စများကို အသေးစိတ်ရှင်းလင်း ဆွေးနွေး မည်ဖြစ်၍ တက်ရောက်လာသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်း ကြစေလိုကြောင်းပြောကြား ခဲ့သည်။
ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ (၈)ခု၏ ရှယ်ယာများ နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ (၄၅၉၃၄) ဦးရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၆) လတာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ (၈) ခု၏ ရှယ်ယာ စုစုပေါင်း (၁ ဒသမ ၉၄၅) သန်း၊တန်ဖိုးကျပ် (၄ဒသမ ၇၄)ဘီလီယံ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်(၇၄၉ ဒသမ ၇၇၂) ဘီလီယံရှိကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 07 October 2023
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဝမ်းဘဲအင်း ကျေးရွာ ရန်ကုန် -မန္တလေး လမ်းဟောင်း
မိုင်တိုင်အမှတ် (၄၉/၃)နှင့် (၄၉/၄)ကြားတွင်ဆိုင်ကယ်နှင့် ၁၂ဘီး ကုန်တင်ယာဥ် တို့ တိုက်မိရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာ ၆ရက် ည ၇နာရီ၄၀မိနစ်ခန့်တွင် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပျဉ်ပုံကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့်သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၈နာရီ ၁၅ အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
" ဆိုင်ကယ်က အမျိုးသမီးမောင်းလာတာရှေ့ကားကို ကျော်တတ်တာကနေ မျက်နှာချင်းဆိုင်လာတဲ့ ၁၂ဘီးကားနဲ့ တိုက်မိပြီး လူက လွင့်သွားတယ် ဆိုင်ကယ် က ကားအောက် ထဲ ရောက်သွားပြီး ဖိတ်ကျတဲ့ဆီတွေနဲ့လမ်းပွတ်တိုက်တာနဲ့ မီးလောင်သွားတာ"ဟုဘုရားကြီးနယ်မြေမီးသတ်စခန်းမှတာဝန်ရှိသူကပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် ၁၂ဘီးယာဥ် ခေါင်းခန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားကြောင်း ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးမှာလဲ ထိခိုက်ဒဏ် ပြင်းထန်ပြီး စိုးရိမ်ရအခြေနေ ရှိကာ ဘုရားကြီးလူငယ် ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
YMG/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group
#Published_ 07 October 2023
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမ pt power ဆီဆိုင်ရှေ့တွင် ယနေ့ အောက်တိုဘာလ ၇ ရက် နံနက်က ယာဉ်တိုက် မှုဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ၃ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ကသိရသည်။
ယာဉ်တိုက်မှုတွင် ပရိုဘောက်ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီး(၄)ဦးအမျိုးသား(၁)ဦး ကလေးငယ်မိန်း ခလေး(၂)ဦး တို့အထဲမှ အမျိုးသမီး(၂)ဦးနှင့် ကလေးငယ်(၁)ဦးတို့ အခင်းဖြစ်ရာနေရာ၌ သေဆုံးခဲ့ကြကြောင်း သိရသည်။
ထို့အတူဖယ်ရီကားပေါ် တွင် လိုက်ပါစီးနင်းလာသူ (ZKG အထည်ချုပ်စက်စုံ ) အမျိုးသမီး (၁၆)ဦး၊ အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။
ယင်းဖြစ်စဉ်တွင် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးများ ကူညီဆောင်ရွက်ခဲ့ပြီး လူနာများနှင့်သေဆုံး သူများအားမေဓါဝီဆေးရုံသို့ ပို့ဆောင်ကူညီနေကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 06 October 2023
၁။ ပူတာအို ရေခဲတောင်တက်ခရီးစဉ်များ ပိုမိုလာရောက်နိုင်ရန်လေကြောင်းခရီးစဉ်များ ပိုတိုးသင့်ဟုဆို
၂။ EVကားများကို တရုတ်က အဓိကတင်သွင်းနေပြီး ဈေးကွက်အတွင်း ကြိုက်နှစ်သက်မှုများရှိနေ
၃။ ပွင့်လင်းရာသီ ရောက်လာတာကြောင့် ကြိုက်ရောင်းကြိုက်ဝယ်စနစ်မှ အလေးချိန်ပေါ်မှုတည်ပြီး ဈေးကောင်းရလာတဲ့ ဆိတ်အရောင်းဝယ်ဈေးကွက်
၄။ ဘရာဇီးလ် အမေဇုံအပူပိုင်းမိုးသစ်တောတွင် မိုးခေါင်ရေရှားမှု ဆိုးရွားသဖြင့် စားနပ်ရိက္ခာနှင့်သောက်သုံးရေများပြတ်လပ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 06 October 2023
ပြည်တွင်းပြည်ပ ခရီးသွားများလာရောက်လည်ပတ်အပန်းဖြေနိုင်ရန် ပုဂံဒေသ၌ သဘာဝကိုအခြေခံသည့်ခရီးစဉ်ဒေသများကို ဖော်ဆောင်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်၏ ပြောကြားချက်အရသိရသည်။
အဆိုပါခရီးစဉ်အသစ်များအား သဘာဝအလှအပများအား ခံစားကြည့်ရှုနိုင်စေရန်၊ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား တန်ဖိုးထားစေရန်အပါအဝင်ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းသစ်များ ရရှိစေရန်ရည်ရွယ်၍ဖော်ဆောင်ထားရခြင်းဖြစ်ကြောင်း၊ခရီးစဉ်အသစ် များမှာ တစ်ဆက်ထဲသွားရောက်နိုင်ည်ဖြစ်ပြီး ပုဂံဒေသအနီးတစ်ဝိုက်တွင် တည်ရှိသည့်တောတောင်များ၏သဘာဝအလှများနှင့်ဒေသခံများ၏လူနေမှုစရိုက်များအားလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည် ။
သဘာဝ ခရီးစဉ်အသစ်များမှာ ဧရာဝတီ မြစ်၏အလှ၊တန့်ကြည်တောင်၏အလှ၊နတ်မတောင်တန်းကြီးများမှတဆင့် ညနေခင်း နေဝင်ဆည်းဆာအလှများကိုကြည့်ရှု့ခံစားနိုင်မည့် ကျောက်မျက်မော်ခရီးစဉ်ဒေသ၊တူရွင်းတောင်တန်းပေါ်ရှိ သက်စိုးတောင် ပေါ်မှ သဘာဝ ကျောက်ရေကန် ခရီးစဉ် ၊ ပုဂံ-ညောင်ဦးကနေ ၁၄မိုင်အကွာမှာရှိသည့် လွန်ခဲ့သည့် နှစ်ပေါင်း ၉၀၀ကျော် ကမကျဉ်းကိုးခွပင်ကြီးနှင့် ဧက၄၀အကျယ်အဝန်းရှိ အင်ကြင်းတော၊ သဲပြင် တောကျေးရွာမှ လူထုအခြေပြု ခရီးသွားလုပ်ငန်းနှင့် ဒေသခံနှင့်ထန်းတက်တောင်သူများ၏လူနေမှုဘဝကို လေ့လာခြင်း ၊ ရွှေနတ်တောင် တောင်ပေါ်မှ ပုဂံရှုခင်းအလှ ခံစားခြင်း၊ပုဂံ-ညောင်ဦး နှင့် မိုင် ၂၀ ခန့်ဝေးကွာသည့် နေရာကစက်စက်ယိုကျေးရွာက ဆံရစ်ဝိုင်းနှင့်သျှောင်ထုံးများ၏တမူထူးခြားသည့်အလှတရားများ ၊ ပုပ္ပားတောင်ကြီးရဲ့သဘာဝကျောက်ခက်ပန်းခက်များပရဆေးများဖြင့် ပေါက်ရောက်နေသည့်သစ်တော တွင်း၌ ခြေလျင်လမ်းလျောက်ခြင်နဲ့ ကမ္ဘာပေါ်တွင်ရှားပါးသည့် မျက်ကွင်းဖြူ မျောက်မျိုးစိတ်များရှိသည့် ပုပ္ပားတောင်ခြေ ၊ သဘာဝလျှိုမြောင် တွင်းသို့သွားရောက်ပြီး စွန့်စားခရီးစဉ်များ အဖြစ်လေ့လာနိုင်မည့် ခရီးစဉ်သစ်တွေအဖြစ် ဖော်ဆောင်ထားကြောင်း သိရသည် ။
ပုဂံဒေသသည် ရိုးရာအမွေအနှစ်များနှင့်ပြည့်နေသည့်အတွက်ကိုဗစ်ကာ လမတိုင်မီက ပြည်တွင်းပြည်ပ ခရီးသွားများနှင့် စည်ကားနေသည့် ဒေသတစ်ခုဖြစ်သည် ။
သို့သော်ကိုဗစ်ကာလအတွင်းက ခရီးသွားများ လျော့ကျခဲ့ပြီးနောက် ကိုဗစ်ကာလနောက်ပိုင်းမှ
စတင်၍ ပြည်တွင်းခရီးသွားများအနေဖြင့် အများပြည်သူ ရုံးပိတ်ရက်ကာလများ၌ ပြန်လည်စည်ကားခဲ့ကြောင်းသိရသည်။
ပုဂံဒေသသို့ ပြည်ပခရီးသွားဝင်ရောက်မှုမှာမူကိုဗစ်ကာလမတိုင်မီကာလကဲ့သို့ဝင်ရောက်ခြင်းမရှိသေးကြောင်း၊အဆိုပါပုဂံဒေသတွင် ဟိုတယ် စုစုပေါင်း ၁၄၀ခန့်ရှိသော်လည်း လတ်တလောတွင်၇၃ လုံးခန့်သာ ဖွင့်နိုင်သေးကြောင်းသိရသည် ။
Yangon_Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 October 2023
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဝဲကြီးကျေးရွာအနီး၊ ဆင်ဖြူတောင်တော်ရှိ ကျင်းဟောင်းအတွင်း ရွှေတူးဖော်ရာမှ အမျိုးသား ၂ဦး သေဆုံးခဲ့ ပြီး အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ အောက်တိုဘာ ၆ ရက် မွန်းတည့် ၁၂နာရီ ၁၅မိနစ် ခန့်က ကျင်းဟောင်းအတွင်း ဝင်ရောက်၍ ရွှေတူးဖော်ရာမှ မြေပြိုကျပြီး လူပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ကျင်းအတွင်းပိတ်မိနေသူ အမျိုးသား ၃ဦး အနက် အမျိုးသား၂ဦးသေဆုံးခဲ့ကာတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သ ဖြင့် မြို့နယ်ကြက်ခြေနီအသင်းယာဉ်နှင့် မိုးစေတနာပရဟိတအသင်းယာဉ်များဖြင့် ပျဉ်းမနားကုတင်(၂၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group
တညင်းကုန်း လက်ကားဈေးဝန်းအတွင်း ညအိပ်ကားကြီးများ အစီးရေ ၁၀၀၀ခန့် ရပ်နားနိုင်ရန်ဆောင်ရွက်နေ
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့မှာ ရှိတဲ့ တညင်းကုန်း လက်ကားဈေးကြီးဝန်းအတွင်း ညအိပ် ကားကြီးများ အစီးရေ ၁၀၀၀ခန့် ရပ်နားနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ တညင်းကုန်းလက်ကားဈေးကြီး၏ လုပ်ငန်းရေးရာဌာန က သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 06 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 859 of 2033