#Local_Sport
Published_ 28 June 2024
▪️ ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲပြင်ဆင်မှုအဖြစ် ရန်ကုန်အသင်း ကစားသမားဟောင်း ရခိုင်ယူနိုက်တက်ကွင်းလယ်ကြည်လင်းကို ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် အားဖြည့်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

 

▪️ သူရဲ့ကစားဟန်ကြောင့် ရန်ကုန်ပရိသတ်များ၏ အားပေးမှုများရရှိခဲ့သလို ကွင်းထဲတွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သည့် ကြည်လင်းသည် Goal.com Reader's Choice of the Years 2012 အာဆီယံအကောင်းဆုံး ၁၁ ယောက် စာရင်းဝင်ခဲ့သည့်သူတစ်ဦးလည်းဖြစ်ပါတယ်။

 

▪️ သက်တမ်းအလိုက်လူငယ်လက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင်အသင်းတွင်လည်း ပါဝင်ခဲ့သည့် ကြည်လင်း က "ကျွန်တော်ဒီအသင်းအတွက် ပေးဆပ်ကစားချင်သေးလို့ ပြန်လာခဲ့တာပါ။ ဒီအသင်းက ကျွန်တော့်ရဲ့ မွေးရပ်မြေလည်းဟုတ်သလို မိသားစုလည်းဟုတ်ပါတယ်။ ဒီအသင်းကို ပြန်လာခွင့်ရတာ အရမ်းဝမ်းသာမိပါတယ်" ဟု ပြောကြားခဲ့ပါတယ်။

 

▪️ ရန်ကုန်ယူနိုက်တက်အသင်း စတင်တည်ထောင်သည့်နှစ်မှစ၍ အသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ်နှင့် အခြားရှုံးထွက်ဖလားများစွာရရှိအောင်မြင်ခဲ့တဲ့ ကြည်လင်းအသင်းနှင့် ပြန်လည်ခြေစွမ်းပြရန် ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်လို့ ရန်ကုန်ယူနိုက်တက်က သတင်းထုတ်ပြန်ထားပါတယ်။

 

#Ymg_mnn #Yangon_Media_Group