နေပြည်တော်၊ ရန်ကုန်နဲ့မန္တလေးရှိ ဆန်ဆိုင် (၂၈၆ )ဆိုင်မှာ အထူးဧည့်မထ၊ပေါ်ဆန်းတွေကို (10 Kg)အိတ်တွေနဲ့
ရောင်းချပေးနေပြီး လူမှုရေး/ ဘာသာရေး အသင်းအဖွဲ့တွေ  ဌာနဆိုင်ရာအဖွဲ့အစည်းတွေ  စက်ရုံအလုပ်ရုံတွေ  ထမင်းဆိုင်တွေက လုပ်ငန်းသုံး/ အများသုံးဝယ်ယူတာတွေအတွက်အရေအတွက် အကန့်အသတ်မထားဘဲသင့်တင့်မျှတသော ပမာဏ/ အိတ်ရေကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။ ဇွန် ၂၇ ရက်နေ့မှာတော့  ဈေးအရောင်းစင်တာ‌၊ Super Market ၊ Mini Mart  ‌တွေမှာ လည်း ရွှေဘိုပေါ်ဆန်း  ၊ ဧရာဝတီပေါ်ဆန်း ၊ ဧည့်မထဆန် တွေကို  Consumer Pack  တွေနဲ့  ရည်ညွှန်းဈေးနှုန်းများအတိုင်း ပြန်လည်ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published_ 28 June 2024
#လက်လီဆိုင် #ရည်ညွှန်းဈေးဖြင့်ရောင်းချ
#NN#Yangon_Times