#Local_News
Published_08 June 2024


▪️ လုံခြုံရေးနှင့်ပတ်သက်၍ သက်စွန့်ဆံဖျားစရိတ်များကို တိုးမြှင့်ပေးနိုင်ရေးဆောင်ရွက်ခဲ့သည့်အပြင် အလားတူ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအတွက်လည်း ထောက်ပံ့မှုများတိုးမြှင့်ပေးခဲ့သကဲ့သို့ အခြားနိုင်ငံ့ဝန်ထမ်းများကို လည်းထောက်ပံ့မှုများပိုမိုဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း နစက ဥက္ကဌက ပြောသည်။

 

▪️ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှာ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် တစ်နိုင်ငံလုံး ဖြန့်ကျက်၍ လုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တာဝန်ထမ်းနေခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် သက်စွန့်ဆံဖျားစရိတ်များကိုတိုးမြှင့်ပေးနိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။

 

▪️ ဇွန်လ ၇ ရက်က ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂ဝ၂၄)တွင် နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ပြေကြားလိုက်ခြင်းဖြစ်သည်။

 

▪️ ပြည်ပနိုင်ငံများအနေဖြင့် အကြမ်းဖက်လုပ်ရပ်ဆောင်ရွက်နေသည့်အဖွဲ့အစည်းများကိုအကြောင်းအမျိုးမျိုးဖြင့် တိုက်ရိုက်နှင့် သွယ်ဝိုက်၍ အကူအညီများပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အချို့ဒေသများတွင် ငြိမ်းချမ်းမှုကိုလိုလားသည့်တိုင်းရင်းသားအဖွဲ့များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး သောင်းကျန်းသူများထံပေးပို့မည့် လက်နက်ခဲယမ်းများကို တားဆီးပိတ်ဆို့နိုင်ခဲ့ကြောင်းလည်း သိရသည်။

 

▪️ တပ်မတော်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်ဒေသများရှိ မြို့ရွာများပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်သောင်း ကျန်းသူများအနေဖြင့် ၎င်းတို့လက်လွတ်ခဲ့ရသော မြို့ရွာများကိုမီးရှို့ဖျက်ဆီးခြင်းမှာ အလွန်စိတ်ထားသေးသိမ်သည့် လုပ်ရပ်များပင်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

 

▪️ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံရေးကိစ္စကို အကြမ်းဖက်သည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်နေကြသည်ကိုတွေ့ရှိရကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေးကို ဆောင်ရွက်နေကြသည်ကိုတွေ့ရကြောင်းလည်း နစက ဥက္ကဌက ပြောသည်။

 

▪️ အကြမ်းဖက်သမားများ၏ တရားမဝင်မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်မှုများကို တားဆီးနိုင်ရေးနှင့် လက်နက် ခဲယမ်းမီးကျောက်သယ်ယူမှုများ တားဆီးနိုင်ရေး အတွက်ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့နေရာများရှိ လုံခြုံရေးစခန်းများကို လာရောက်တိုက်ခိုက်မှုများရှိသောကြောင့် လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့်၍ ဆက်လက်၍ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကပြောကြားခဲ့သည်။

 

#Yangon_Times/PP