#Local_News
Published 13 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့်၊ အမှတ် ၂၃ ESPERADO ဟိုတယ် ပိုင်ရှင်၏ဇနီးဖြစ်သူအသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နင့်နီးစပ်သူထံက သိရသည်။
အဆိုပါ ဟိုတယ်၏ သုံးလွှာရှိအခန်းအမှတ် ၃၀၀၃ တွင် ဖေဖော်ဝါရီလ ၁၃ ရက်နံနက် ၈း၃၀ နာရီအချိန်၌ ဟိုတယ်ပိုင်ရှင် ဦးအောင်ဇော်ဝင်း၏ဇနီးဖြစ်သူဒေါ်သန်းသန်းဦး (ခေါ်) မာရီယမ်သည် အခန်းအတွင်းကျောပြင်တွင် ဓါးဒဏ်ရာငါးချက်ဖြင့် သေဆုံးနေကြောင်း သိရသည်။
"CCTV မှတ်တမ်းကိုစစ်ဆေးပြီးတဲ့ရလာဒ်အရ လွန်ခဲ့တဲ့ ၃ လ ကျော်က အလုပ်ထုတ်လိုက်တဲ့ တစ်ယောက် မကျေနပ်လို့ လုပ်သွားတယ်လို့ ကောက်ချက်ချထားကြပါတယ်" ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက YMG ကို ပြောသည်။
သေဆုံးသူ၏သားမှ မိခင်ဖြစ်သူအခန်းတွင်းမှ ထွက်မလာသဖြင့် သားဖြစ်သူကောင်းမြတ် ဇော်ကဖုန်းခေါ်ရာ မကိုင်သဖြင့် မာစတာကီးဖြင့် အခန်းကိုဖွင့်ရာအခန်းအတွင်း မိခင်ဖြစ်သူမှာဓါးဒဏ်ရာများဖြ င့်ကြမ်းပြင်တွင် လဲကျသေဆုံးနေသည်ကိုတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
#Local_News ##ESPERADOဟိုတယ် #ဇနီးဖြစ်သူအသတ်ခံရ #YMG/PP #Yangon_Times
"မွန်ဘိုင်းရုပ်ရှင်ပွဲတော်"တွင် ပါဝင်ပြသပြီး မြန်မာဇာတ်ကားများနိုင်ငံတကာရုပ်ရှင်ဈေး ကွက်ထိုးဖောက်နိုင်
အိန္ဒိယမှာကျင်းပမယ့်'မွန်ဘိုင်းအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်'ဟာကြီးကျယ်ခမ်းနားပြီး ပြပွဲအပြင်ပြိုင်ပွဲတွေ၊Short Filmတွေပါပါဝင်ပြီး ဇွန်လ(၁၅)ရက်မှ(၂၁)ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
#Local_News
Published_ 13 February 2024
#မွန်ဘိုင်းရုပ်ရှင်ပွဲတော် #နိုင်ငံတကာရုပ်ရှင်ဈေးကွက်ထိုးဖောက်နိုင်
#tthl #Yangon_Times
#Local_News
Published_ 13 February 2024
ယခုအပတ်တွင် စားအုန်းဆီရည်ညွှန်းဈေး ကျပ် ၅၁၄၀သတ်မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် အပတ်တုန်းက(၅၂၇၅)ကျပ်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုအပတ်တွင် စားအုန်းဆီရည်ညွှန်းဈေး ကျပ် ၅၁၄၀သတ်မှတ်လိုက်ခြင်းဖြစ်၍ ဈေးနှုနှုန်းရာဂဏာန်းထပ်ကျခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၈ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅,၁၄၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
#Local_News #စားအုန်းဆီရည်ညွှန်းဈေး #အရင်အပတ်ထက်ရာဂဏာန်းထပ်ကျ #tthl #Yangon_Times
#Local_News
Published-13 February 2024
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ တစ်နှစ်လျှင်ပျားရည် တန်ချိန် ၃၀၀ ခန့်ထွက်ရှိနေပြီး တန်ချိန် ၁၀၀ ခန့်သာပြည်တွင်းသုံးစွဲနေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ(နေပြည်တော်)မှ သိရသည်။
ဇီပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည်များဖြစ်ကာ မကွေးတိုင်းဒေသကြီးမှ အဓိကထွက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်သော ပျားမွေးမြူမှု အဓိက ဒေသဖြစ်တဲ့ မကွေးတိုင်းဒေသကြီးအတွင်း အစိုးရပိုင်ပျားမွေးမြူရေး စခန်းခြောက်ခုနှင့် ပုဂ္ဂလိက ပျားမွေးမြူသူ ၇၈ ဦးရှိပြီး ပျားအုံပေါင်း ၁၃,၀၀၀ ကျော် ရှိကာ ပျားရည်များကို နှစ်စဉ်ထုတ်လုပ်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် နှမ်း ပျားရည်နှင့် ဇီးပျားရည်သည် ၆၀ ရာခိုင်နှုန်း၊ ပန်းပေါင်းစုံပျားရည်သည် ၁၀ ရာခိုင်နှုန်း ထွက်ရှိကြောင်း သိရသည်။
နှစ်စဉ် တန်ချိန် ၁၀၀ ခန့်ကိုသာပြည်တွင်း၌ စားသုံးလေ့ပြီး ဂျပန် အပါအဝင် တရုတ်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံသို့ နှစ်စဉ် ပျားရည်တန်ချိန် ၂၀၀ ခန့် တင်ပို့နေရကြောင်း၊ ပြည်ပတင်ပို့မှုတွင် နေကြာပျားရည်သည် ဈေးနှုန်းအများဆုံးရရှိလျှက်ရှိကြောင်း သိရသည်။
#Local_News #ပျားရည်တန်ချိန်၃၀၀ခန့်ထွက်ရှိ #YMG/NN #Yangon_Times
#Local_News
Published 13 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်တံတားပေါ်တွင် ယာဉ်နှစ်စီးအရှိန်လွန်ပြီး တိုက်မိမှုတစ်ခုဖြစ်ပွားကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဖေဖော်ဝါရီ (၁၂) ရက် ည (၇)နာရီကျော် အချိန်ခန့်က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်တံတားပေါ်တွင် Toyota Hiace အံစာတုံးယာဉ်နှင့် Toyota Corolla Van ကားနှစ်စီး အရှိန်လွန်ပြီး တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့်ယာဉ်ပေါ်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ယာဉ်နှစ်စီးမှာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။
#Local_News #ယာဉ်နှစ်စီးအရှိန်လွန်ပြီးတိုက်မိမှုဖြစ် #YMG/LW #Yangon_Times
၁၂ ဖေဖော်ဝါရီ
နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၇) နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၂ရက် ညမှာ နေပြည်တော် မြို့တော်ခန်းမ ဥပစာရင်ပြင်တွင် တည့်ခင်းဧည့်ခံခဲ့ပါတယ်။
အဆိုပါညစာစားပွဲသို့ NCAလက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများတက်ရောက်ကြတာတွေ့ရပါတယ်။
အခမ်းအနားသို့ နစက ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊နစက အဖွဲ့ဝင် များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်အတူ NCAလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ နှင့်ကိုယ်စားလှယ် များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီးပွားရေးရာနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ MSME. လုပ်ငန်းရှင်များတက်ရောက်ကြပြီး ဗိုလ်ချုပ်မှူးကြီးက ထိုပုဂ္ဂိုလ်များ အား တစ်ဦး ချင်းလိုက်လံနှုတ်ဆက်ခဲ့ကြောင်းလည်း နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
#Daily_News
Published_ 12 February 2024
၁။ ကျိုက်ထီးရိုးစေတီတော်သို့ ပြည်ထောင်စုနေ့ပိတ်ရက်အတွက် တစ်ရက်ကို ဘုရားဖူးဧည့်သည် သုံးသောင်းကျော်အထိစံချိန်တင် ဝင်ရောက်မှု များပြား
၂။ တစ်ရက်ထဲတွင် ဒေသ(၂)ခု၌ ငလျင်လှုပ်၊ ပြတ်ရွေ့ကြောပေါ်ရှိ ဒေသများ ငလျင်သတိထားသင့်ဟုဆို
၃။ ရန်ကုန်တိုင်းတွင် ဇီဝဇိုး ငှက်အိမ် ၁၀၀ကျော် ထပ်မံတိုးချဲ့ မွေးမြူမည်
၄။ တရုတ်ပြည်၏ အရန်ရွှေထားရှိမှု (၁၅)လ ဆက်တိုက် မြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 866 of 2272