#Local_News
Published- 31 March 2024
ယခုနှစ်အတွင်း ပြည်ပခရီးသွားပိုမိုဝင်ရောက်နေပြီး နေပြည်တော်အပါအဝင်ကမ်းခြေဒေသများသို့လည်ပတ်ကြကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများ အများဆုံးလာရောက်လည်ပတ်မှုအများဆုံးဖြစ်ပြီး ကျိုက်ထီးရိုးစေတီ၊ ချောင်းသာကမ်းခြေ၊ (ရှေးဟောင်း သုတေသနပြတိုက်)ပုဂံ၊ ငွေဆောင်ကမ်းခြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်သို့ ခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်းသို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ နှစ်လတာကာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ဦးရေ ၂၆၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ရာ ယခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ်ထက် အလားတူကာလအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု ဦးရေ ၈၅,၀၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက သိသိသာသာတိုးတက်မှုရှိလာကြောင်း သိရသည်။
#YMG/ NN #Yangon-Times
#Local_News
Published -31 March 2024
တရုတ်သို့တင်ပို့သည့် ဖရဲ၊သခွှားမွှေးဈေးနှုန်းများဈေးနှုန်းမတည်မငြိမ်ဖြစ်နေပြီး တန်ဆာခနှုန်းထားမြင့်မားနေကြောင်း ဖရဲကုန်သည်များထံမှသိရသည်။
"ဒီဘက်မှာ အပြောင်းလဲမြန်တဲ့စျေးကွက်အချိန်တိုင်းမိနစ်တိုင်းနာရီတိုင်းပြောင်းလဲနေပါတယ် ၊
အရည်သွေးတူဆိုဒ်တူအသီး တွေ တစ်နာရီအတွင်းရောင်းစျေး၂ယွမ်ကနေမှ ၃ယွမ် အထိကွာဟနိုင်ပါတယ်၊ " ဟု သစ်သီး ကုန်သည် တစ်ဦးကပြောသည်။
လတ်တလောတွင် ကုန်ကျစရိတ်ကားခ များပြားနေပြီး ဖရဲတောင်သူများသခွါးတောင်သူများ အနေဖြင့်မိမိ၏အသီးအရည်အသွေးတင်သင့်မှသာ ချိန်ဆ၍တင်ကြရန်လိုအပ်ကြောင်းသိရသည်။
"လွန်ခဲ့တဲ့ ရက်အနည်းကဘဲ ဖရဲသခွါးဈေးဟာတစ်ရက်ကို နှစ်ကျော့ ကနေ ငါးကျော့အထိ တစ်အိအိနဲ့ မြင့်တတ်လာတယ်၊ တစ်ဖက်ကကြည့်ရင် ဒီရိုက်ခက်မှုဟာ အသီးတင်ဖို့ကားလုလာတဲ့ပြဿနာဖြစ်စေခဲ့ပါတယ်၊ သူ့ထက်ငါအပြိုင်ပေးလို့ ကားခဟာ မြန်မာငွေ သိန်း(100)နဲ့ သိန်း(120 )ဝန်းကျင် မြင့်တက်လာတာပါ၊တနည်းအားဖြင့် ကားပေါ်မှာပါလာတဲ့ အသီးကုန်ချိန် မက်ထရစ်တန် 5တန်လောက်ဟာ ကားခအဖြစ်ပေးလိုက်ရတာပါ၊ ကုန်သည်တွေဟာ အရမ်းစွန့်စားရာ ကျနေပါပြီ "ဟု၎င်းကဆက်ပြောသည်။
ထို့အပြင် ထျန်ဝှမ်ဖရဲသီးနှင့်ရွှေဝါအရည်သွေးညံ့သီးများအရည်သွေးမကောင်းလျှင်လုံးဝမတင်ကြပါရန်လိုအပ်ကြောင်း၊ အသီးစျေးနှုန်းတက်ရန်ဆိုပါက အရည်သွေးညံ့သီးမဝင်ပဲအရည်သွေးအာမခံသီးတွေသာ ဝင်မည်ဆိုပါက မျှော်လင့်ချက်ရှိနိုင်ကြောင်းဆိုသည်။
လတ်တလောတွင် အသီးအညှာလတ် ရောဂါစက်မပါ အသံကောင်းအာမခံနိုင်မယ့်အသီးများမှာ 855ဖရဲ အမျိုးအစား 800/900လုံးပါရှိသည့် 16တန်လျှင် ယွမ် 35000မှ 42000 ယွမ်၊
1000မှ1100လုံး ပါရှိသည့် 16တန်လျှင် ယွမ် 30000မှ 33000 ယွမ်၊ 1200မှ 1300လုံး ပါရှိသည့် 16တန်လျှင် ယွမ် 20000မှ28000 ယွမ်စသဖြင့်ဈေးနှုန်းအသီးသီးရရှိနိုင်ကြောင်းသိရသည်။
ထို့အပြင် အညှာခြောက်ရောဂါစက်ပါရှိပါက ယွမ်10000မှ20000 ယွမ်အထိသာရရှိပြီး စရိတ်မကာမိကြောင်း၊ ထျန်ဝှမ်ဖရဲ ယွမ် 20000မှ 45000ယွမ်အထိဈေးနှုန်းအသီးသီးရရှိကြောင်းသိရသည်။
#YMG/ NN #Yangon-Times #ဖရဲ၊ သခွှားမွှေးဈေးနှုန်းမတည်ငြိမ်
#Local_News
Published 31 March 2024
လာမည့် ဧပြီ၁ရက်တွင်ကျင်းပမည့် ၆၁ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန်အောင်ဘာလေ ထီလက်မှတ်ရောင်းရငွေ မှ ကျပ် ၅ ဘီလျံခွဲနီးပါးကျော်ရရှိပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ရောင်းချရရာယခင်လထက်ကျပ်သန်း၆၀၀ကျော်ဖိုး ပိုမိုရောင်းချနိုင် ခဲ့ကြောင်းသိရသည်။
ယခု၆၁ ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် စျ အက္ခရာတစ်လုံးပိုလာပြီး အက္ခရာ ၉ လုံး၏ ၇၅ ရာခိုင်နှုန်းရောင်းချရာတွင် ကျပ် ၅၅၂၂ ဒသမ ၇၆၀ သန်းရရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ်ပြန်လည်ချီးမြှင့်မည်ဖြစ်ရာ ကျပ် ၃၈၆၅ ဒသမ ၉၃၂ သန်းကို ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၆၁ ကြိမ်မြောက် အောင်ဘာလေဆုအဖြစ် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုအပြင် ဝေဝေဆာဆာပဒေသာဆုအဖြစ် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၃,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည့် အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကိုလည်း ကျပ်ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဘာလေသိန်းဆုထီနှင့် အွန်လိုင်းထီတို့ကို ၅၅ ကြိမ်မြောက်မှစတင်၍ သီးခြားစီဖွင့်လှစ်ပေးခဲ့ပြီး ၆၁ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီလက်မှတ်များကို မတ်လ ၂၈ ရက် ည ၁၂ နာရီမတိုင်မီအထိ ရောင်းချခဲ့ပြီး ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီလက်မှတ်များ၏ စုစုပေါင်းရောင်းရငွေအပေါ် ရာခိုင်နှုန်း ၇၀ ကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၆၁ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဆုဖွင့်ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက် မနက် ၈ နာရီအချိန်၊ အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို မနက် ၁၀ နာရီအချိန်၌ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ထီလက်မှတ်ရောင်းရငွေ #YMG/ NN #Yangon-Times
'တစ်ပတ်တာအတွင်းဓာတ်ဆီနှင့်ဒီဇယ်ဈေးအနည်းငယ် အတက်အကျရှိနေပြီး ခရီးသွားကာလဖြစ်ပြီးသင်္ကြန်ကာလလည်းနီးကပ်လာပြီဖြစ်တာကြောင့် အရောင်းအဝယ်ကောင်းနေတယ်လို့ ရန်ကုန်စက်သုံးဆီဈေးကွက်က သိရပါတယ်။'
#Local_News
Published_ 31 March 2024
#သင်္ကြန်ကာလ #စက်သုံးဆီအရောင်းအဝယ်ကောင်း
#YMG/NN #Yangon_Times
သင်္ကြန်အကြိုနေ့မှာရခိုင်ရိုးရာနံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲကို ရခိုင်ဓမ္မာရုံမှာ ကျင်းပဖို့ရှိပြီး ဘုန်းကြီး(၅)ပါးပင့်ဖိတ်လှူဒါန်းသွားဖို့ရှိတယ်။ ဒီနှစ်တော့ အကျဉ်းချုန်းပဲကျင်းပဖို့ရှိပါတယ်။ (ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဦးသန်းမောင်)
#Local_News
Published_ 31 March 2024
#ရခိုင်ရိုးရာနံ့သာသွေးပွဲ #ဘုရားရေသပ္ပာယ်ပွဲ
#tthl #Yangon_Times
#Daily_News
Published_ 30 March 2024
၁။ ခရမ်းချဉ်သီးတစ်ပိဿာ ကျပ် ၁၀၀၀ ကျော်သို့ ဈေးပြန်မြင့်တက်လာ
၂။ တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေဆိုရမည့်ရက်နှင့် စာစစ်ဌာနများကို ထုတ်ပြန်
၃။ လေပတ်ကားရွှေရောင်းဝယ်သူများဟု သံသယရှိသူများအား ခေါ်ယူစစ်ဆေးလျှက်ရှိဟုဆို
၄။ ပြည်တွင်းစစ်အတွင်းထောင်ခဲ့ကြသည့် မြေမြှုပ်ဗုံးများသည် ယီမင်မှအပြစ်မဲ့ပြည်သူများကို ဆက်လက်ခြိမ်းခြောက်လျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published_ 30 March 2024
ယနေ့မတ်လ(၃၀)ရက်တွင်လည်း ဈေးကွက်ပေါက်ဈေး ကျပ်၃၈သိန်းကျော်ဖြင့် ရွှေဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ရွှေဈေးနှုန်းအပြောင်းအလဲမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ထုတ်ပြန်ချက်အရ သိရသည်။
ရွှေဆိုင်ကြီး(၇)ဆိုင်မှ ရွှေဈေးအတိုင်း YGEA ဈေးကွက်ဈေးနှုန်း (Market Rate)ကို တစ်နေ့သုံးကြိမ်ဖော်ပြ လျက်ရှိရာ ရွှေဈေးနှုန်းအခြေအနေမှာ ၁၆ ပဲရည် ရွှေ ၁ ကျပ်သား လျှင် ၃,၈၃၄,၈၀၀/- ကျပ်ဖြစ်ပြီး ရွှေဈေးကွက်ဈေးနှုန်းသည် ယနေ့မတ်လ(၃၀)ရက်ထုတ်ပြန်သည့် (၃) ကြိမ်အတွင်း ပြောင်းလဲမှုမရှိဟုဆိုသည်။
ယင်းကဲ့သို့ ဈေးနှုန်းအပြောင်းအလဲမရှိသော်လည်း ရွှေဈေးကွက်ကို ကမောက်ကမဖြစ်စေလိုသော မသမာသူများနှင့် လေပတ်ကား ရောင်းဝယ် သူများ/ ပွဲစားများသည် ရွှေဈေးနှုန်းများ မတန်တဆမြင့် တက်စေရန်အတွက် ဈေးကွက် အတွင်းတွင် အရောင်း အဝယ်မရှိသော ဈေးနှုန်းများကို သတင်းထုတ်လွှင့်ပြီး ဈေးကစားလျက်ရှိကြောင်းတွေ့ရှိရကြောင်း၊
ယင်းမသမာသော ဆောင်ရွက်ချက်များကို အသင်းမှကန့်ကွက်ရှုတ်ချကြောင်း ၊ အသင်းဝင်များသည်လည်း ယင်းမသမာမှုများတွေ့ရှိပါက သက်ဆိုင်ရာတရား ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများထံ သတင်းပေးပို့သွားရမည်ဖြစ်ကြောင်း။
ရန်ကုန်မြို့ရှိ ရွှေဈေးကွက်တွင် လေပတ်ကားရောင်းဝယ် ဆောင်ရွက်နေသည်ဟု သံသယရှိသူများကို တာဝန်ရှိအဖွဲ့အစည်းများက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရှိရကြောင်း၊
ရွှေဆိုင်များနှင့် မိဘပြည်သူများအနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်သော ဈေးကွက်ရွှေဈေးနှုန်းအတိုင်းသာ ရောင်းဝယ်ကြရန်နှင့် လေပတ်ကား ရောင်းဝယ်သူများ/ ပွဲစား များ၏ မသမာသော စိတ်ဓာတ်ဖြင့် ရွှေဈေးနှုန်း ကမောက်ကမဖြစ်စေရန် ဆောင်ရွက်မှုများတွင် ပါဝင် ပတ်သက် ခြင်းမရှိစေရေးထိန်းသိမ်းဆောင်ရွက်သွားရန် သတင်းထုတ်ပြန်ထားသည်။
အဖိုးတန်သတ္တုရောင်းဝယ်ရေး အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်၊ မြိုတော်စည်ပင်မှ ရွှေရောင်းဝယ် ခွင့်လုပ်ငန်းလိုင်စင်နှင့် ရွှေ အတုံး/အခဲ ရောင်းဝယ်ရေးလိုင်စင်များကို ခွင့်ပြုမိန့်လိုင်စင်လျှောက်ထားပြီး ရောင်း ဝယ်လုပ်ကိုင်ကြပါရန်လည်း အသိပေးအပ်ထားကြောင်း သိရသည်။
#Local_News #ရန်ကုန်ရွှေဈေးကွက် #သတ်မှတ်ဈေးနှုန်းကျပ်(၃၈)သိန်း #Tthl #Yangon_Times
Page 872 of 2362