‘၂၀၂၃ခုနှစ်အတွက်ရွှေကြိုရွေးချယ်ပွဲနောက်ဆုံးအဆင့်ဆက်လက်ကျင်းပနေပြီး ရုပ်ရှင်ထူးချွန်ဆု ရွှေကြို အမျိုးသား(၁၀)ဦး၊ အမျိုးသမီး ၁၀ ဦးအပြင် သရုပ်ဆောင်ဖြစ်နိုင်သူတွေကိုပါ ရွေးချယ်သွားမှာဖြစ်တယ်’
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဒုဥက္ကဌဦးအေးကြူလေး
#Local_News
Published 28 December 2023
#ရွှေကြိုမောင်မယ် #ရုပ်ရှင်ထူးချွန်ဆု
#tthl #Yangon_Times
#Local_News
Published 28 December 2023
နှမ်းအဝင်နည်းသော်လည်းဝယ်လိုအားကျဆင်းနေသောကြောင့် ဈေးကွက်အေးနေကြောင်း မန္တလေးပဲနှမ်းဈေးကွက်မှသိရသည်။
နှမ်းဖြူကို ဆီထုတ်လုပ်ရာတွင်အသုံးပြုလေ့ရှိပြီး လတ်တလောတွင် ပြည်တွင်းဆီစက်သမားများ၏ဝယ်လိုအားလျော့ကျနေခြင်းးကြောင့် ဈေးကွက်အေးနေခြင်းဖြစ်ကြောင်းသိရသည်။
'ဒီရက်ပိုင်းထဲ နှမ်းမျိုးစုံဈေးကွက်ထဲ ဝင်တာ နည်းလာတယ်၊နည်းလာ ပေမယ့်ပြည်တွင်းဈေးကွက် ဝယ်ယူမှုအေးတာ ကြောင့်နှမ်းညို ဈေးအေးနေတယ်၊နှမ်းဖြူရိုးရိုးဈေးကျတယ်၊ နှမ်းနက် (စမုံ) ဈေး ကတော့ ဝယ်လက်လေးရှိတော့ အနည်းငယ်မြင့်တက်နေတယ်' ဟု မန္တလေးမှ ပဲနှမ်းကုန်သည် ဦးမိုးကျော်ကပြောသည်။
နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ် ကျပ် ၃၁၀၀၀၀ မှ ၃၅၅၀၀၀ အထိဈေးနှုန်းရှိနေပြီး ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေကာ ယခင်လထက် ၁၅၀၀၀ မှ၂၅၀၀၀ မြင့်တက်လာကြောင်းသိရသည်။
နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၂၀၀၀၀ မှ ၃၄၀၀၀၀ ဈေးနှုန်းရှိနေပြီး ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ အထိလည်းကောင်း၊ ယခင်လထက်ကျပ် ၅၀၀၀လည်းကောင်း ဈေးနှုန်းများကျဆင်းလာကြောင်း သိရသည်။
နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၆၀၀၀၀ မှ ၃၆၅၀၀၀ အထိဈေးနှုန်းရှိလာပြီး ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၅၀၀၀ အထိမြင့်တက်လာကြောင်းသိရသည်။
ထို့အပြင် နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၇၀၀၀၀ မှ ၂၇၅၀၀၀ အထိဈေးနှုန်းရှိနေပြီး ယခင်တစ်ပတ်က ထက်ကျပ် ၅၀၀၀ နှင့် ယခင်လထက်ကျပ် ၁၀၀၀၀ နိမ့်ဈေးနှုန်းကျဆင်းလာကြောင်းသိရသည်။
#Local_News #နှမ်းအဝင်နည်း #ပြည်တွင်းဝယ်လိုအားကျဆင်း #YMG/ NN #Yangon-Times
#Local_News
Published 28 December 2023
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ထန်ဘူရီမြို့နယ်၊ ပချာထိပတ်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်ထဲသို့ ရွှေဝယ်မဲ့သူဟန်ဆောင်ဝင်လာကာ လုယူထွက်ပြေးသွားသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး အဖမ်းခံရကြောင်း ထိုင်းသတင်းဌာန များ၏ဖေါ်ပြချက်အရသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွှေဆိုင်အတွင်းသို့ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ဝင်ရောက်လာပြီး (၃) ကျပ်သားရှိသည့် ရွှေဆွဲကြိုးကို ဝယ်ယူရန်အတွက် အရောင်းဝန်ထမ်းကို ပြသခိုင်းကာ ဆွဲကြိုး ထုတ်ပြစဉ် လုယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွှေဆိုင်ပိုင်ရှင်က အရေးယူပေးဖို့ နယ်မြေခံရဲစခန်းကို တိုင်ကြားခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ ပြစ်မှုကျူးလွန်သူ မြန်မာလုပ်သား၏ မျက်နှာကို CCTV မှတ်တမ်းမှတဆင့် တွေ့မြင်သိရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာလ ၂၆ ရက် တွင် ပြစ်မှုကျူးလွန်သူနေထိုင်သည့် ပထုံဌာနီခရိုင်၊ ခေါင်လွမ်မြို့နယ်၊ ခေါင်နိမ်ကျေးရွာရှိ အိမ်တန်းလျားတွင် အခင်းဖြစ်ပွားသည့်ေန့က ဝတ်ဆင်ခဲ့သည့် အဝတ်အ စားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ပြစ်မှုကျူးလွန်သူဟုဆိုသည့် မြန်မာအလုပ်သမားကို စစ်ဆေးရာတွင် မြန်မာနိုင်ငံရှိ ဖခင်ကျန်းမာရေးအတွက် ခွဲစိတ်ကုသမှုပြုလုပ်ရန် ငွေကြေးလိုအပ်သောကြောင့် ယခုကဲ့သို့ပြုလုပ်ရခြင်းဖြစ်ကာ လုယူခဲ့သည့် ရွှေဆွဲကြိုးကိုလည်း အခင်းဖြစ်သည့်နေ့ကတည်းက ရောင်းချပြီး မြန်မာနိုင်ငံသို့ ဖခင်ကျန်းမာရေးအတွက်ငွေလွှဲပေးခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။
အဆိုပါ ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသားကို နယ်မြေခံရဲစခန်းတွင် ထိန်းသိမ်းထားပြီး လုယက်မှုဖြင့် အမှုဖွင့်လှစ်ထားကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ရွှေဆိုင်မှရွှေဆွဲကြိုးလုယူမှုဖြစ် #YMG/LW #Yangon_Times
#Local_News
Published 28 December 2023
လာမည့်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်လာနိုင်သည့် အယ်လ်နီညို အခြေအနေကို မိုးလေဝ်နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်လိုက်ပြီးလာမည့်ဇန်နဝါရီလတွင်အယ်နီညိုအားကောင်းပြီး ဖေဖော်ဝါရီလတွင်တဖြည်းဖြည်းအားပြန်လျော့ကျလာနိုင်ကြောင်းသိရသည်။
အယ်နီညိုသက်ရောက်မှုအားကောင်းချိန်တွင် အကျိုးသက်ရောက်မှုအဖြစ် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူ ချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များဖြစ်နိုင်သည်ဟုသတိပေးထားသည်။
ထုတ်ပြန်ချက်တွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားကောင်းသော အယ်လ်နီညိုအခြေအနေတွင် ရှိနေသည်။
နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားကောင်းသော အယ်လ်နီညို အခြေအနေတွင် ဆက်လက်တည်ရှိနိုင်ပြီး၊ ဖေဖော်ဝါရီလမှ စတင်၍ အယ်နီညိုအခြေ အနေမှာ တဖြည်းဖြည်း ပြန်လည်လျော့ကျလာနိုင်သည်ဟု ခန့်မှန်းရသည်ဟုဆိုသည်။
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ် ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးအပ်ကြောင်းနှင့် အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့် တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွား မည် ဖြစ်ကြောင်း သိရသည်။
#Local_News#အယ်နီညိုအားကောင်း #ပူပြင်းခြင်း #tthl #Yangon_Times
"ရောဂါဖြစ်တဲ့ ဆိတ်ကိုဝယ်မိမှာစိုးတဲ့အတွက် ဆိတ်မွေးမြူသူတွေဟာ ထပ်တိုးမွေးမြူတာမျိုး မလုပ်တာရယ် ဆောင်းတွင်ကာလမှာ အအေးဒဏ်ကြောင့် ပိုဂရုစိုက်ရတဲ့အတွက် ဆိတ်မွေးမြူရေးဈေးကွက်ကတော့အေးနေအုံးမှာပါ"လို့ ဝမ်းတွင်းမြို့နယ်က ဆိတ်မွေးမြူရေးပြုလုပ်သူ ကိုထူးကပြောပါတယ်။
#Local_News
Published 28 December 2023
#ဆိတ်မွေးမြူရေးဈေးကွက် #အရောင်းဝယ်အေးနေ
#YMG/LW #Yangon_Times
#Local_News
Published 28 December 2023
အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ် နိုင်ငံကြက်ခြေနီအသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် မကွေးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများကိုငွေသားထောက်ပံ့ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။
မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့အတွင်းရှိ ပြည်တော်သာကျေးရွာမှ အိမ်ထောင်စုပေါင်း (၁၂၆)စု၊ မြောက်ရှားတော ကျေးရွာမှ အိမ်ထောင်စုပေါင်း(၁၂၅)စုနှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း (၁၀၁)စု၊ အမှတ်(၂)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း(၇၇)စု၊ အမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း(၁၆၈)စုဖြင့် စုစုပေါင်းအိမ်ထောင်စု(၅၉၇)စုအတွက် အိမ်ထောင်စု(၁)စုလျှင် ငွေသားကျပ် (၂)သိန်းစီဖြင့် စုစုပေါင်းငွေသား (၆၉,၂၀၀,၀၀၀)ကျပ် ကို ထောက်ပံ့ကူညီခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌပါမောက္ခဒေါက်တာဒေါ်ချောခင်နှင့်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှု ယူနစ်ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့ ဦးဆောင်မှုဖြင့် ဒေသခံကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်မှ ဝန်ထမ်းများက သွားရောက်ကူညီဆောင်ရွက်ခဲ့သည် ဟုဆိုသည်။
အသင်းအနေဖြင့် ဆင်ဖြူကျွန်းမြို့နှင့်ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် အိမ်ထောင်စုများ ‘ကန်သတ်ချက်မဲ့ငွေသားထောက်ပံ့ခြင်းအစီအစဉ်’ကိုဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ (၂၂)ရက်မှ ဒီဇင်ဘာလ (၂၃)ရက်နေ့အတွင်း အိမ်ထောင်စုပေါင်း(၁,၉၇၀)စုအတွက် စုစုပေါင်း ငွေသား (၃၉၄,၀၀၀,၀၀၀)ကျပ် ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#Local_News #နိုင်ငံတကာကြက်ခြေနီအသင်း #ကျပ်သိန်း(၃၉၀၀)ကျော်ထောက်ပံ့ #tthl #Yangon_Times
လက်ရှိပို့ကုန်ရငွေ မူဝါဒအရ ဆန်၊ ပဲ၊ ပြောင်းကရရှိတဲ့ ပို့ကုန်ရငွေကို စက်သုံးဆီနဲ့ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းချရင် ၇၀ ရာခိုင်နှုန်းကို အရင်သတ်မှတ်ထားတဲ့ တစ်ဒေါ်လာ ၂၁၀၀ ကျပ် မဟုတ်ဘဲ နေ့စဉ်ပေါက်ဈေး တစ်ဒေါ်လာ ၃၀၀၀ ကျော်နဲ့ရမယ်၊ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းထဲကမှ ၃၅ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ် နှုန်းနဲ့ ရာခိုင်နှုန်း ၆၅ နှုန်းကိုတော့ နေ့စဉ်ပေါက်ဈေးနဲ့ ရောင်းချရမှာဖြစ်လို့ နိုင်ငံခြားငွေ ၉၀ရာခိုင်နှုန်း
လောက်ပြင်ပပေါက်ဈေးနဲ့ ရတယ်
#Local_News
Published 28 December 2023
#နိုင်ငံခြားငွေလဲလှယ်နှုန်း #ပို့ကုန်မူဝါဒအပြောင်းအလဲ
#YMG/NN #Yangon_Times
Page 872 of 2196