ထူးခြားချက်အနေနဲ့ ကဆုန်လပြည့်နေ့မှာ ဘုရားဖွင့်ချိန် နာရီဝက်စောဖွင့်ပေးထားမှာဖြစ်ပြီး အများပြည်သူ ဘုရားဖူးတွေအနေနဲ့ မနက်(၄)နာရီခွဲကတည်းက ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်မယ်။
#Local_News
Published_09 May 2024
#ကဆုန်လပြည့်နေ့ #ညောင်ရေသွန်းလောင်းလှူနိုင်
#tthl #Yangon_Times
ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ဗီဇာလျောက်ထားရန် ကြိုတင်ရက်ချိန်း ရယူရာမှာ မသမာတဲ့နည်းလမ်းနဲ့ ဗီဇာရက်ချိန်းယူပြီး ရောင်းစားတာတွေရှိတဲ့အတွက် မေလ၇ရက်မှစပြီး ရက်ချိန်းပယ်ဖျက်တဲ့စနစ်ကို ရပ်ဆိုင်းလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ေကြညာလိုက်ပါတယ်။
#Local_News
Published_09 May 2024
#ထိုင်းသံရုံးတွင်ဗီဇာလျောက် #ဗီဇာရက်ချိန်းယူပြီးရောင်းစား
#YMG/LW #Yangon_Times
၉ မေ ၂၀၂၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ နယ်ရှိ ဆုံရွာကျေးရွာအား ယနေ့မေလ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ဒေသခံ ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ရတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်မှာရှိတဲ့ အဆိုပါ ဆုံရွာကျေးရွာကို အကြမ်းဖက်သမားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်တဲ့အတွက် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး ၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန် ဒဏ်ရာများ လည်းရရှိခဲ့တယ်လို့သိရပါတယ်။
ဆီမီးခုံကျေးရွာ၏ အရှေ့ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ဆုံရွာကျေးရွာ ပြည်သူ့စစ်စခန်းအား ယနေ့ နံနက်ပိုင်းတွင် ကျေးရွာ၏ တောင်ဘက်နှင့် အရှေ့တောင်ဘက်မှနေ၍ PDF အကြမ်းဖက်သမားများက လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ ပြည်သူ့ စစ်စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာစဉ် နီးစပ်ရာ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်တယ် လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယင်းကဲ့သို့ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ကျေးရွာအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံ ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး ၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ကျေးရွာအတွင်း နေအိမ် ၅၀ခန့်မီးလောင်ပျက်စီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါကျေးရွာနှင့်အနီးဆုံး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာသို့ သွားရောက်၍ လိုအပ်သည့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကာ ထိခိုက်ဒဏ်ရာ ရရှိသူများအား မန္တလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဆုတ်ခွာထွက်ပြေးသွားခဲ့ သည့် အကြမ်းဖက်သမားများအား လိုက်လံချေမှုန်းကာ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl



အခုမုတ်သုန်အဝင်သဘာဝဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ၊ လူအင်အားတွေလုံလုံလောက်လောက်ရှိတယ်။ ကူညီကယ်ဆယ်ရေးကားတွေအတွက်ဒီဇယ်၊ စက်သုံးဆီလိုအပ်ချက်တွေရှိတယ်။
#Local_News
Published 09 May 2024
#မုန်တိုင်းနှင့်သဘာဝဘေး #စက်သုံးဆီလိုနိုင်
#tthl #Yangon_Times
#Local_News
Published_09 May 2024
▪️ ရန်ကုန်တွင် မေလ(၉)ရက်ညနေပိုင်းက မိုးတိမ်တောင်များကြောင့် မြို့နယ်အချို့တွင်မိုးခြိမ်းခြင်း၊မိုးကြိုးပစ်ခြင်းများ၊ လျှပ်စီးလက်ခြင်း၊ မိုးအနည်းငယ်ရွာခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအဖြစ် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိသည်ဟုဆိုသည်။
▪️ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုထားသည်။
▪️ နောက်(၂)ရက် မေလ(၁၀)ရက်နှင့် (၁၁)ရက်အတွက်ခန့်မှန်းချက်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြထားသည်။
#tthl #Yangon_Times
နယ်မြို့စုံကဝယ်လိုအား ပြန်များလာတဲ့အတွက် ရှမ်းခရမ်းချဉ်သီး တစ်ပိဿာကို ကျပ်၁၇၀၀ အထိ ဈေးမြင့်လာတယ်လို့ အောင်ပန်းရှိကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published 09 May 2024
#ရှမ်းခရမ်းချဉ်သီးဈေးမြင့် #အောင်ပန်းရှိကုန်စိမ်းပွဲရုံ
#YMG/LW #Yangon_Times
ဧပြီလအတွင်းပြောင်းတင်ပို့မှုလျာထားချက်ထက်ကျော်လွန် တင်နိုင်ခဲ့ပြီးအိန္ဒိယသို့အဓိက တင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကသိရပါတယ်။
#Local_News
Published 09 May 2024
#အိန္ဒိယသို့အဓိကတင်ပို့ #ပြောင်းတင်ပို့မှု
#YMG/ NN #Yangon_Times
Page 874 of 2420