တက်စီသမားတွေ အရေးပေါ်အခြေအနေကြုံလာရင် အချက်ပြမီးခလုတ်ကို နှိပ်ရပါမယ်၊ သူ့ကိုကားပေါ်မှာ နုကြမ်းစီးတာတို့ တခြားအခက်အခဲကြုံလာရင် အချက်ပြမီးကိုနှိပ်လိုက်တဲ့အခါမှာ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေသိနိုင်မယ်၊သက်ဆိုင်ရာကလည်း ကူညီပေးလို့ရအောင်လို့ပါ ' Yangon City Taxi Association (YCTA)ဥက္ကဌဦးအောင်ဇော်မိုး
Yangon_Time/NN
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
စက်သုံးဆီ အခက်ခဲတွေကြောင့် သယ်ယူပိုဆောင်ရေးစရိတ်တွေ ယခင်ထက် ပိုမိုကုန်ကျလာပေမယ့် ဈေးကွက်အခြေနေအရ ဈေးတိုးမြင့်ရောင်းချလို့ မဖြစ်နိုင်တာကြောင့် အုန်းသီးအရောင်းဝယ် ပြုလုပ်သူတွေ အခက်တွေ့နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးက အုန်းသီးအရောင်းဝယ် ပြုလုပ်သူတွေထံက သိရပါတယ်။
Yangon_Time/LW
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
‘ အီးမေးလ်တွေမှာပါတဲ့ Microsoft Word ဖိုင်တွေကို ဖွင့်ကြည့်မိပါက Microsoft Windows Support Diagnostic Tool (MSDT) ရဲ့ လုံခြုံရေးအားနည်းချက်ကို တိုက်ခိုက်ပြီး တိုက်ခိုက်ခံရသူရဲ့ ကွန်ပျူတာတစ်ခုလုံး ကို ထိန်းချုပ်ကာ သတင်းအချက်အလက်တွေကို ခိုးယူတာ၊ ဖျက်ဆီးတာနဲ့ ဖွင့်ချတာတွေကိုဆောင်ရွက်နိုင်တယ်’မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံပြန်ရေးအဖွဲ (MMCERT)
‘ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းသုံးကွန်ပျူတာတွေကို အမြဲအပ်ဒိတ်ပြုဖို့နဲ့ Antivirus ဆော့ဖ်ဝဲတွေနဲ့အမြဲတမ်းအပ်ဒိတ် လုပ်ထားဖို့လိုအပ်တယ်’ အိုင်တီဆော့ဝဲလ်ကုမ္ပဏီတစ်ခုမှ အိုင်တီကျွမ်းကျင်သူတစ်ဦး
Yangon_Time/tthl
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
26 December 2023
ယခုတစ်ပတ်တွင် စားအုန်းဆီဈေးတစ်ပိဿကိုတစ်ရာကျော်ခန့်ဈေးအနည်းသာတက်ပြီး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿ၄၉၅၅သတ်မှတ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့်အပတ်က တစ်ပိဿာ ကျပ် ၄၈၁၀သတ်မှတ်ခဲ့ပြီး ယခုအပတ်တွင် ရာဂဏာန်းအနည်းငယ်သာတက်ပြီး ရည်ညွှန်းဈေး တစ်ပိဿ၄၉၅၅ ကျပ်ဖြင့်ရောင်းချရမည်ဖြစ်သည်ဟုဆိုသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ရက်နေ့ မှ ၃၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၉၅၅ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
ဒီဇင်ဘာ(၂၆)ရက်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏စီစဉ်မှု ဆီကုမ္ပဏီများ၏ ရောင်းချမှုဖြင့် ရန်ကုန်တိုင်းအတွက် ဆီဂါလံ ၃၀၀၀၊နေပြည်တော်မန္တလေးနှင့်တိုင်းနှင့်ပြည်နယ် အသီးသီးအတွက် ၅၅၃၀ဂါလံ ရောင်းချပေးထားကြောင်းထုတ်ပြန်ထားသည်။
သို့ဖြစ်၍ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
Yangon_Time/tthl
Published 26 December 2023
#Local_News
#YMG #Yangon_Times
Published 26 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၅၂)ရပ်ကွက်၊ အောင်သပြေ(၃)လမ်း ရှိ နေအိမ် အနီး ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်းမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက် အရ သိရသည်။
ဒီဇင်ဘာ (၂၅) ရက်၊ ည (၁၀)နာရီ (၅၀) မိနစ်အချိန်ခန့်ကအဆိုပါနေရာတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရသည်။
ထိုသို့ ငြှိမ်းသတ်ရာ ည (၁၀)နာရီ (၅၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကာ မီးလောင်သည့် ဖြစ်စဉ် အသေးစိတ် အချက်အလက်နှင်ဆုံးရှုံးမှုတန်ဖိုး တို့ကို မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Published 26 December 2023
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 December 2023
ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ရှိသည့်အတွက် မြို့နယ်နေရာအချို့တွင် ဒီဇင်ဘာ (၂၆)ရက်မှ ဇန်နဝါရီ (၂) ရက်အတွင်းယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အာထုတ်လုပ်ပို့လွှတ်နိုင်မှု (၁၀၀)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကမ်းလွန်ရွှေဂက်စ်မှ မြင်းခြံသို့ ပေးပို့နေသော တောင်သာသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပေါ်နေသောကြောင့် ယနေ့ နံနက် ၁၀နာရီခွဲ မှ နေ့လည် ၂နာခွဲ အထိ အရေးပေါ်ရပ်တန့် ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် gas ပေးပို့မှုရပ်တန့်ရမည်ဖြစ်ကာ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၃၁၅)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းနေမည်ဖြစ်ကာ အရေးပေါ် ဝန်အားလျှော့ ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။
Yangon Time/LW
#Local_News
#Published 26 December 2023
#YMG_News #Yangon_Times #Yangon_Media_Group
၂၅ ဒီဇင်ဘာ ၂၀၂၃
ပို့ကုန်တင်ပို့သူတွေအနေနှင့် ပို့ကုန်ရငွေများပြည်လည်ဝင်ရောက်ရမည့်ကာလသတ်မှတ်ချက်တွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ကြေညာပါတယ်။
ပို့ကုန်ရငွေများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် (၄၅) ရက်အစား (၃၀)ရက်သို့ လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့ သည့်နေ့မှ ယခင်(၉၀)ရက်အစား (၆၀) ရက်သို့လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်တယ်လို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၂၅ရက် ရက်စွဲဖြင့်ထုတ်ပြန်လိုက်တဲ့ ဗဟိုဘဏ်ရဲ့ အမိန့် ကြော်ငြာစာအမှတ် ၂၇ /၂၀၂၃ တွင်ဖော်ပြထားပါတယ်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၆-၅-၂၀၂၂) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၂) တို့အရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေကို နိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရေး ဆောင်ရွက်ရာတွင် အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ (၄၅) ရက် အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း ပြန်လည်ဝင်ရောက်ရန် သတ်မှတ်ထားခဲ့တာဖြစ်ပြီး ယင်းကို ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။
ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ အရအရေးယူခြင်းခံရမယ်လို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေလက်မှတ်ရေးထိုး ထုတ်ပြန်တဲ့အဆိုပါအမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
-ymg/knl
Page 877 of 2197