#Daily_News
Published_ 26 March 2024
၁။ အခုရက်ပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့်ဒေသ(၉)ခု၌ နေ့အပူချိန်တိုးမည်
၂။ တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်၌ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အောင်ပွဲကျင်းခဲ့
၃။ တနင်္သာရီဒေသ၌ ဖရဲစိုက်ဧကများလျော့ချစိုက်ပျိုးလာ
၄။ KungFu Panda4 ရုပ်ရှင်ကား အမေရိကန်နှင့် တရုတ်တွင် ရုံတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 26 March 2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ်ထုတ်ပေးသည့် UIDနံပတ်ပါ အရပ်ခေါ်စမတ်ကတ်များကို မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသောမြို့နယ်ကို သွားရောက်ပြုလုပ်စရာမလိုဘဲ မိမိရောက်ရှိနေသော မြို့နယ်ရှိ လဝက ရုံးတွင်လည်း ပြုလုပ်နိုင်ကြောင်း သက်ဆိုင်ရာဌာနက ပြောကြားထားသည်။
နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် UID နံပတ်ပါ စမတ်ကတ်ပါရှိရမည်ဆိုသော အကြောင်းရာနှင့် ပတ်သက်ပြီး သတင်းမီဒီယာတစ်ခုမှ ဆက်သွယ်မေးမြန်းမှုကို သက်ဆိုင်ရာဌာနက ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့အနေဖြင့် မတ်လက ၁၉ ရက်ကစပြီး ပတ်စပို့စ်သက်တမ်းတိုးခြင်း အသစ်ပြုလုပ်ခြင်းများ လာရောက် လုပ်ဆောင်သူများ အနေဖြင့်လဝကမှ ထုတ်ပေးထားသည့် UID နံပါတ်ထုတ်ပေးထားကြောင်း အထောက်ထားလက်မှတ် ယူဆောင်လာရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်သူတွေအနေနဲ့ UID နံပတ်ပါ စမတ်ကတ်ကို ရယူလိုပါက နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့် မြို့ကိုပြန်ပြီး လုပ်စရာမလိုဘဲ လက်ရှိကိုယ်နေထိုင်ရာမြို့မှာ ရှိသည့်လဝကရုံးတွင်ဖြစ်စေရပ်ကွက်များကို ဆင်းပြီး ပြုလုပ်ပေးနေသည့် UID နံပါတ် စမတ်ကတ်ကို အခမဲ့ ပြုလုပ်နိုင်ကြောင်း သိရသည်။
အစိုးရအဖွဲ့အစည်းအရပ်ဘက်အဖွဲ့အစည်း များအနေဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ပေးသည့် အခါတွင် အဆိုပါ UID နံပတ်အပေါ်အခြေခံပြီး ဆောင်ရွက်ပေးမှာဖြစ်သည့်အတွက် ပြည်သူတွေအနေဖြင့် UID မြန်မြန် ပြုလုပ်ပါက အကျိုးမြန်မြန် ခံစားရမည်ဖြစ်ကြောင်း ဖြေကြားထားသည်။

#Local_News #UIDနံပတ်ပါစမတ်ကတ် #လဝကရုံးများတွင်လည်းပြုလုပ်နိုင် #YMG/LW #Yangon_Times
ရွှေတိဂုံစေတီတော် တပေါင်းပွဲတော်ကြီးကို မတ်လ (၁၅)ရက်မှ (၂၄)ရက်(တပေါင်းလပြည့်နေ့)အထိ (၁၀) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တယ်။ ဩဝါဒါစရိယဆရာကြီးတွေနဲ့ ပင့်သံဃာတော်(၁၂၁)ပါး၊ သာသနာ့နွယ်ဝင် သီလရှင်(၂၇)ပါးတိုကိုသံဃဒါန ဆွမ်းဆန်တော်နဲ့ လှူဖွယ်ပစ္စည်းတွေ လောင်းလှူခဲ့ပါတယ်။
#Local_News
Published_ 26 March 2024
#ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် #အောင်ပွဲအခမ်းအနားကျင်းပ
#tthl #Yangon_Times
#Local_News
Published_26 March 2024
မနက်ဖြန်ကျင်းပမည့်တပ်မတော်နေ့ကို ညပိုင်းကျင်းပရခြင်းမှာ ယခင်သမိုင်းအစဉ်အလာရှိသကဲ့သို့ဖြစ် သည့်အပြင် လေယာဉ်၊ ရဟတ်ယာဉ်များ၏ ညဘက်စွမ်းရည်ပြမှု ထူးခြားစွာတွေ့မြင်ရန် ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်လည်း ဖြစ်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်း ဖြစ်သော ဗိုလ်ချုပ်ဇော်မင်းထွန်း က ယနေ့ မတ်လ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ယင်းက“၇၉ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို ညနေပိုင်းမှာ စစ်ရေးပြအခမ်းအနား ပြုလုပ်သွားမှာဖြစ်ပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး မီဒီယာများ သိလိုသူများက ညနေပိုင်း၊ ညပိုင်းအချိန်မှာလုပ်တာနဲ့ ပတ်သက်ပြီး မေးမြန်း တာရှိပါတယ်။ တပ်မတော်နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းလေးကို အရင်ပြောချင်ပါတယ်။ တပ်မတော်နေ့ကို ၁၉၄၆ ခုနှစ်မှာ ပထမအကြိမ် စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီလိုကျင်းပတဲ့အခါ မနက်ပိုင်းကျင်းပခဲ့တာ မျိုးရှိပါတယ်။ ညနေပိုင်း၊ ညပိုင်းကျင်းပခဲ့တာမျိုး ရှိပါတယ်။ တပ်မတော်နေ့ကို ညနေပိုင်း၊ ညပိုင်းစစ်ရေးပြ အခမ်းအနားပြုလုပ်မှုနဲ့ ပတ်သက်ပြီး ၁၉၅၄ ခုနှစ် ၉ နှစ်မြောက်တပ်မတော်နေ့ကနေ ၁၉၆၇ ခုနှစ် ၂၂ နှစ်မြောက် တပ်မတော်နေ့အထိ ၁၄ ကြိမ်တိုင်တိုင် ညနေပိုင်း၊ ညပိုင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ညနေပိုင်း၊ ညပိုင်းကျင်းပရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ရာသီဥတုအခြေအနေအရဖြစ်ပါတယ်။ ဒီနှစ်ဟာ အယ်လ်နီညိုကျရောက်နေတဲ့နှစ်ဖြစ်လို့ ရာသီဥတုအခြေအနေအရလည်း ညနေပိုင်း၊ ညပိုင်းမှာကျင်းပရ ခြင်းဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ကတော့ ညပိုင်းမှာ စစ်ရေးပြအခမ်းအနားကျင်းပချိန်မှာ လေယာဉ်၊ ရဟတ်ယာဉ်များရဲ့ ညဘက်စွမ်းရည်ပြပျံသန်းမှုကို ထူးခြားစွာတွေ့မြင်ရမှာဖြစ်ကြောင်း ပြောလိုပါတယ်” ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။
မနက်ဖြန် မတ်လ ၂၇ ရက်တွင် ပြုလုပ်မည့် ၇၉ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမှာ ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ တန်းစီကွင်းကနေ စစ်ရေးပြကွင်းကြီးထိ ချီတက်ရာလမ်း ကြောင်းတစ်လျှောက် ဂုဏ်ပြုပန်းစည်းကမ်းလိုသူများအနေဖြင့်လည်း ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း နစက အနေဖြင့် ထုတ်ပြန်ထားသေးသည်။
(၇၉)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်ခြင်းကို ပြီးခဲ့သည့် မတ်လ ၂၂ ရက်က နေပြည်တော်စစ် ရေးပြ ကွင်း၌ ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
စစ်ရေးပြလေ့ကျင့်မှုတွင် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင် ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင် စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းများပါဝင်ပြီး စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းသို့ တပ်မတော်စစ်တီးဝိုင်းအဖွဲ့များ၏ တီးခတ်မှု နှင့်အတူစစ်ချီ သီချင်းများသီဆို၍ ညီညာစွာချီတက်ကြပြီးစစ်ရေးပြ အခမ်းအနား အစီအစဉ်အတိုင်း လေ့ကျင့်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ရေးပြအခမ်းအနားကို တပ်မတော်(ကြည်း၊ရေ၊လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊စစ်သည် များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များ၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#Local_News #တပ်မတော်နေ့ကိုညပိုင်းကျင်းပ #ဗိုလ်ချုပ်ဇော်မင်းထွန်း #Yangon_Times/PP
ရန်ကုန်၊ မန္တလေးအပါအဝင်ဒေသ(၉)ခုမှာ နေ့အပူချိန်တိုးဖို့ ရှိတယ်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်တယ်။ အပူကြောင့်ဖျားနာနေမကောင်းမဖြစ်နေဖို့လိုတယ်။
#Local_News
Published_ 26 March 2024
မန္တလေးနှင့်ဒေသ(၉)ခု #နေ့အပူချိန်တိုး
#tthl #Yangon_Times
#Local_News
Published_ 26 March 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။
မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများ အနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၅,၀၀၀-၇,၀၀၀ ဖြင့်လည်းကောင်း၊ မတ်လပထမပတ်တွင် ငွေကျပ် ၃,၀၀၀-၄,၀၀၀ ဖြင့်လည်းကောင်း၊ မတ်လ ဒုတိယပတ်တွင် ငွေကျပ် ၂,၀၀၀-၂,၅၀၀ ဖြင့်လည်းကောင်း၊ ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း ၊ကွမ်းကို တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးကြကြောင်း သိရသည်။
ပွင့်လင်းရာသီချိန်တွင် ကွမ်းအထွက်နှုန်းတိုးလာပြီး ဈေးကွက်အတွင်း ကုန်စည်ဝင်ရောက်မှု များပြားကာ ဈေးနှုန်းများ ဆက်လက်ကျဆင်းရှိကြောင်း သိရသည်။
#Local_News #ကွမ်းဈေးနှုန်းများကျဆင်း #YMG/ NN #Yangon-Times
#Local_News
Published_ 26 March 2024
ထိုင်းနိုင်ငံမှ နိုင်ငံတကာအဆင့်မီ တက္ကသိုလ် ၃၀ ကျော် ပါဝင်ပြသမည့် (၇) ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကို ဧပြီ (၇) ရက် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ဆီဒိုးနားဟိုတယ်၌ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကို ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများ အသင်း Association of Myanmar Alumni from Universities in Thailand က ကြီးမှူးကျင်းပတာဖြစ်ပါတယ်။
ပြပွဲတွင် ထိုင်းနိုင်ငံမှ နိုင်ငံတကာအဆင့်မီ နာမည်ကျော်တက္ကသိုလ် ၃၂ ခု ပါဝင်ပြသမည်ဖြစ်ပြီး၊ တက္ကသိုလ်၊ ကောလိပ်များ၊ ပညာရေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များထံမှ သတင်းအချက်အလက်များကိုတစ်ပြိုင်နက်တည်း ရရှိနိုင်မှာ ဖြဟ်ပါတယ်။
မြန်မာ ကျောင်းသား/သူများအနေဖြင့် ပညာရေးပြပွဲသို့ မည်သူမဆို ဝင်ကြေး အခမဲ့ဖြင့် လာရောက်လေ့လာနိုင်မှာဖြစ်ပြီး ထိုင်းတက္ကသိုလ်အများအပြားနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်နိုင်ကာ scholarships ၁၀၀ ရာခိုင်နှုန်းထိပေးမယ့် တက္ကသိုလ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #ထိုင်းတက္ကသိုလ်၃၀ကျော် #ပညာရေးပြပွဲ #Ymg_mnn #Yangon_Media_Group
Page 879 of 2362