'ဈေးမြင့်မားတဲ့အနေအထားပေါ်မှာ အရောင်းအဝယ်အေးနေတယ်၊ အဝယ်တွေပျောက်သွားတာ၊ တစ်ချို့ကျတော့လည်း သုံးဖို့ပြုဖို့ဝယ်ထားတယ်၊ တချို့ကျတော့လည်းဝယ်ရောင်းပေါ့နော်၊ မြတ်ရင်ပြန်ရောင်းမယ်၊ လုပ်ငန်းပိုင်းအနေနဲ့ကတော့ အားကောင်းတဲ့အနေအထားမရှိဘူး ' မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဌဦးခင်မောင်သန်း
#Local_News
Published_ 13 November 2023
#စက်မှုဇုန်မြေဈေးကွက် #အရောင်းအဝယ်အေး
#YMG/ NN #Yangon Times
‘ဆောင်းတွင်းမှာ ကိုဗစ်တစ်ကျော့ပြန်ပြန်ဖြစ်နိုင်လို့ သတိထားဖို့လိုပါတယ်။နာတာရှည်ရောဂါရှိသူတွေ၊ လူအများနဲ့ထိတွေ့ဆက်ဆံရတဲ့အလုပ်လုပ်ကိုင်ရသူတွေအနေနဲ့ခြောက်လတစ်ကြိမ်ကိုဗစ်ကာကွယ်ဆေးပြန် ထိုးဖို့လိုသလို ကျန်တဲ့သူတွေကတော့ တစ်နှစ်တစ်ကြိမ်ပြန်ထိုးသင့်တယ်’ မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်း
#Local_News
Published_ 13 November 2023
#ကိုဗစ်ပိုးတွေ့သူ(၂၅)ဦး #ပြည်သူ့ကျန်းမာရေး #ကိုဗစ်တစ်ကျော့ပြန်ပြန်ဖြစ်နိုင်
#tthl #Yangon_Times
#Local_News
Published 13 November 2023
ပြည်တွင်းရေယာဉ်များ လုံခြုံချောမွေ့စွာသွားလာနိုင်ရေးအတွက် ဝန်တင်ရေစူးကန့်သတ်ချက် များကို ရေယာဉ်များ အနေဖြင့် လိုက်နာကျရန် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးချက်ကို နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်အထိ ကာလကို ရေနည်းကာလအဖြစ် သတ်မှတ်၍ ရေကြောင်းနယ်မြေအလိုက် ရေယာဉ်များ၏ ဝန်တင်ရေစူးကို ကန့်သတ်လိုက်ကြောင်း သိရသည်။
ကန့်သတ်လိုက်သည့် ရေယာဉ်များ၏ ဝန်တင်ရေစူးမှာ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်အတွင်းရှိ ရေကြောင်းနယ်မြေ ၉ ခုတွင်ဖြစ်ပြီး ရေစူးကန့်သတ်ချက်များကို ရေကြောင်းနယ်မြေ အလိုက် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ဝန်တင်ရေစူးကန့်သတ်ချက်များကို ရေယာဉ်များ အနေဖြင့် လိုက်နာကျရန် ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကတိုက်တွန်းနှိုးဆော်ထားသည်။
#Local_News #ရေစူးကန့်သတ်ချက် #ရေအရင်းမြစ်နှင့်မြစ်ချောင်း #ရေလမ်းသတိပေး
#YMG/LW #Yangon_Times
#Local_News
Published 13 November 2023
အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသည့် အလုပ်သမား၁၀ဦးနှင့်အထက်ရှိသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများအတွက် ထောက်ပံကြေးတစ်ရက်လျှင် ၁၀၀၀ ကျပ် မရရှိပါက အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားနိုင်ကြောင်း သိရသည်။
အဆိုပါ အပိုထောက်ပံကြေး ၁၀၀၀ ကျပ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ရက်ကစပြီးအလုပ်သမား ၁၀ဦးနှင့်အထက်ရှိသည့် လုပ်ငန်းများရှိ အလုပ်သမားများ ခံစားခွင့်ရရန် အတွက် အောက်တိုဘာ ၉ ရက်က အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သော်လည်း အချို့ လုပ်ငန်းခွင်များတွင် မရရှိသည့် အလုပ်သမားများ ရှိနေကြောင်း သိရသည်။
''အလုပ်သမား ၁၀ဦးနဲ့ အထက်ရှိတဲ့ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေ အကုန်ထောက်ပံ့ကြေး ၁၀၀၀ ကျပ်ရရမှာပါ မရဘူးဆိုရင် မြို့နယ်အလုပ်သမားရုံးကို လာတိုင်လို့ရပါတယ်၊ စက်ရုံက စက်ချုပ်သမားပဲရမယ် Helperတော့ မရဘူးဆိုတာ မရှိပါဘူး။ အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်အပြင် အပိုထောက်ပံကြေး ၁၀၀၀ ကျပ်ရရပါမယ်''ဟု အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူကပြောသည်။
ယင်းအပိုထောက်ပံကြေး ၁၀၀၀ ကျပ် ကို ၁၉၅၁ ခုနှစ်ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေအရ ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အများပြည်သူရုံးပိတ်များအတွက်ရရှိမှာဖြစ်ပြီး ခွင့်တိုင်ကြား ခြင်းမရှိဘဲ အလုပ်ပျက်ကွက်ပါက ပျက်ကွက်သည့်နေ့အတွက် အပိုထောက်ပံကြေးရရှိမည် မဟုတ်ကြောင်း သိရသည်။
သို့သော် အချိန်ပို လုပ်အားခတွက်ချက်ရာတွင် အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ် ပေါ် မူတည်ပြီးသာ တွက်ချက်ရမည်ဖြစ်ပြီး အပိုထောက်ပံ့ကြေးဖြစ်သောကြောင့် ထည့်သွင်း တွက်ချက်၍ မရကြောင်း ထည့်သွင်းတွက်ချက်ပါကလည်း အလုပ်ရှင်အလုပ်သမား သဘော တူညီမှုအပေါ် မူတည်ကြောင်း သိရသည်။
#Local_News #ထောက်ပံကြေးတစ်ရက်အတွက်၁၀၀၀ကျပ် #မရပါကတိုင်ကြားနိုင် #YMG/LW #Yangon_Times
#Local_News
Published 13 November 2023
ပြည်တွင်းစက်သုံးဆီဖူလုံစေရေးအတွက် ပြီးခဲ့ သည့် နိုဝင်ဘာ ၁၁ရက်နှင့် ၁၂ရက်တို့တွင်စက်သုံးဆီတင် ဘင်္ဘော ၄စီးဆိုက်ကပ်ခဲ့ပြီး မကြာမီမှာလည်း စက်သုံးဆီတင်သင်္ဘော ၁၅ စီး ထပ်မံ ရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ရက်က ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၄၆ အနက် အချို့ဆိုင်များတွင် ဓါတ်ဆီ 92 RON သည်နေ့စဉ်ပုံမှန် ရောင်းအားထက် ပိုမိုရောင်းအားမြင့်တက်ခဲ့တာကြောင့် ပြည်တွင်းစက်သုံးဆီသိုလှောင်ထား သည့် Terminal (၃) မှအရောင်းဆိုင်များ အားလုံးသို့ဖြန့်ဖြူးပေးရာတွင် ဖြန့်ဖြူးနိုင်မှုစွမ်းအားအရ အလျင်မမှီဖြစ်ခဲ့ခြင်းကြောင့် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ ယင်းနေ့ညတွင်းချင်းပင် Urgend စနစ်ဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်း စက်သုံးဆီ လုံလောက်မှုရှိအောင် စီမံဆောင်ရွက်ထားရှိပြီး လက်ရှိတွင် အများသုံးဓါတ်ဆီဖြစ်သော 92 RON ဂါလံ ၁၃ သန်းကျော် 95 ဂါလံ၃သန်းကျော်၊ 97 RON ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ် ၂၉သန်းကျော်နှင့် ပရီမီယာ ဒီဇယ်သန်း၂၀ ကျော် ကျန်ရှိကြောင်း သိရကာ ပြတ်လပ်မှုမရှိစေရေး အချိန်မီဆက်လက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် စက်သုံးဆီများ ဖူလုံစွာရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းတွင် မည်သည့်စက်သုံးဆီ အမျိုးအစားမဆို အရန်တစ်လစာ ကျန်ရှိအောင် အမြဲ ဆောင်ရွက်လျက်ရှိပြီး ယခုကာလသည် ခရီးသွားရာသီဖြစ်၍ ခရီးသွားများနှင့် အများပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Local_News #ပြည်တွင်းစက်သုံးဆီ #ဘင်္ဘော ၁၅ စီးထပ်မံရောက်ရှိ #YMG/LW #Yangon_Times
#Local_News
Published 12 November 2023
ဂီတလောကသား အသံဖမ်းအင်ဂျင်နီယာ ဦးကျော်ကျော်အနုပညာဆည်းဆာရိပ်တွင်နားခိုနိုင်ရန်မြန်မာနိုင်ငံဂီတအစည်းအရုံးမှဆက်သွယ်အကူ အညီပေးခဲ့ကြောင်းသိရသည်။
တစ်ခေတ်တစ်ခါက မေစတူဒီယိုတွင် အသံသွင်းပြီးပေါက်ခဲ့သည့်စီးရီးတော်တော်များများ၏အသံဖမ်းအင်ဂျင်နီယာ ဦးကျော်ကျော်အားကူညီစောင့်ရှောက်ပေးရန် မြန်မာနိုင်ငံဂီတအစည်းအရုံးမှဆက်သွယ်အကူအညီတောင်းခဲ့သည့်အတွက်အနုပညာဆည်းဆာရိပ်တွင်ခိုလုံနိုင်ရန်ကူညီပေးခဲ့သည်ဟုဆိုသည်။
ဦးကျော်ကျော်သည် ဘယ်ဘက်တစ်ခြမ်း လေထိထားတဲ့အတွက် ဘယ်လက်တစ်ဖက် မလှုပ်ရှားနိုင်သလို အတူနေသမီးက မိသားစု စီးပွားရေးအတွက် တရပ်တကျေးမှာ အလုပ်သွားလုပ်ရမှာမို့ အဘိုးကိုအနုပညာဆည်းဆာရိပ်မှာ နေထိုင်ခွင့်ပြုရန် ဆက်သွယ်အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#Local_News #အသံဖမ်းအင်ဂျင်နီယာဦးကျော်ကျော် #အနုပညာဆည်းဆာရိပ်တွင်နားခို #tthl #Yangon_Times
#Local_News
Published 12 November 2023
ကမ္ဘာ့ဖလားပွဲစဉ်များ၊နိုင်ငံတကာပွဲများတွင် မြန်မာ့ လက်ရွေးစင်အသင်းများ ဝတ်ဆင်ကြမည့် အပေါ်ဝတ်ဂျာစီဒီဇိုင်းအသစ်ထွက်ရှိလာပြီး နိုဝင်ဘာလ ၁၂ရက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ထုတ်ပြန်ချက်အရသိရသည်။
၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များ၊ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်များနှင့် ၂၀၂၃-၂၄ ခုနှစ် နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး အသင်းများ၊ သက်တမ်းအလိုက်အသင်းများ၊ ဖူဆယ်လက်ရွေးစင် အသင်းများသည်အဆိုပါ ဂျာစီဒီဇိုင်းအသစ်အား ဝတ်ဆင်ကြမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းလိုဂို အသစ်၊ ခေတ်အဆက်ဆက်အောင်မြင်မှုများနှင့် ရှေ့သို့တက်လှမ်းခြင်း Pattern များထည့်သွင်းထားသည့် ဂျာစီဒီဇိုင်းအသစ်အား လာမည့် နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပမည့် ဂျပန်နှင့်မြန်မာ အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် (ဒုတိယအဆင့်)မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်း ဝတ်ဆင်ကစားသွားမည် ဖြစ်သည်။
Warrix မှထုတ်လုပ်သည့် မြန်မာ့လက်ရွေးစင် အသင်း ဂျာစီများအား Warrix Myanmar မှတင်သွင်းဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး အသေးစိတ်အား Warrix Myanmar Facebook စာမျက်နှာတွင် ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
#Local_News #ကမ္ဘာ့ဖလားပွဲစဉ် #ဝတ်ဆင်မည့်ဂျာစီဒီဇိုင်းအသစ်ထွက် #tthl #Yangon _Times
Page 875 of 2112