#Local_News
Published_07 June 2024


▪️ မုတ်သုံအားအသင့်အတင့်မှ အားကောင်းနေပြီး မိုးတိမ်တောင်များဖြစ်ထွန်းနေ၍ အခုရက်ပိုင်းအတွင်း ဒေသ(၄)ခု မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

▪️ ဇွန်(၈)ရက်နှင့် ဇွန်(၉)ရက်တို့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၌ မိုးကြီးခြင်း မိုးဆက်လက်ပိုခြင်းများ ရှိနိုင်သည်ဟုဆိုသည်။

 

▪️ ဇွန်(၈)ရက် မနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်  ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာမည်ဟုဆိုသည်။


 
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ရန်လိုအပ်ကြောင်း သိရသည်။

 

#tthl #Yangon_Times