#Local_News
Published_07 June 2024


▪️ ယခုဘဏ္ဍာနှစ်နှစ်လတာအတွင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄ ဘီလျှံခွဲကျော်အထိရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဧပြီ ၁ ရက်မှ မေလ ၃၁ ရက်အထိနှစ်လအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၃၀၇ ဘီလျံအထိရရှိထား‌ကြောင်း သိရသည်။

 

▪️ ထို့အပြင် သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၂ ဒသမ ၂၄၃ ဘီလျံရှိကာ ယခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် နှစ်လအတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဘီလျှံခွဲကျော်အထိရှိကြောင်း သိရသည်။

 

▪️ မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိပြီး ပြည်ပနိုင်ငံများမှ  ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times