Published 25 September 2023
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တရားဝင်စာရွက်စာတမ်းအထောက်အထားမပြနိုင်သည့် တိုင်းရင်းဆေး ဒူးနာပျောက်ဆေး(၁၄၉)ဗူးနှင့်Hand Setခြောက်လုံး၊Electrical Spare Partsတစ်ခု ကျပ်(၄၅)သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ၏ထုတ်ပြန်ချက် ချက်အရသိရသည်။
အဆိုပါပစ္စည်းများကို တာဝန်ကျအကောက်ခွန်အဖွဲ့များမှ သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
ယင်းပစ္စည်းများအပြင် တနင်္သာရီတိုင်းတွင် တရားမဝင်ငါးဖမ်းစက်လှေစက်လှေပေါ်မှ ငါးသယ်ရေယာဉ်တစ်စီး ကိုလည်း ဖမ်းဆီးရမိသိမ်းဆည်းခဲ့သည်ဟုဖော်ပြထားသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် တရားမဝင်လူသုံးကုန်ပစ္စည်းများ၊လုပ်ငန်းသုံး ပစ္စည်းများ၊စားသောက်ကုန်ပစ္စည်းများ၊ယာဉ်များကိုသိမ်းဆည်းရမိခဲ့ကြောင်းနှင့် စက်တင်ဘာလ(၂၀)ရက်မှ (၂၂)ရက်အထိ သုံးရက်တာအတွင်း အမှုတွဲပေါင်း(၂၂)မှု သိမ်းဆည်းရမိခဲ့သည့် သိန်း(၄၄၀၀)ကျော်တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
ပြည်နှင့်ပုပ္ပါးဘက်ကလာတဲ့ သြဇာသီးတွေ ဈေးကွက်ထဲကို အများပြား ဝင်ရောက် လာပေမယ့် ဝယ်လိုအားမရှိတာကြောင့် အချို့ကုန်သည်တွေဟာ သယ်ယူစရိတ် အရှုံးခံကာ ကုန်ဖိုးပြန်ရနိုင်ဖို့အတွက် ဈေးလျော့ရောင်းနေရတယ်လို့ ဆိုပါတယ်။
Published_ 25 September 2023
#Local_News
#သြဇာသီးဈေးကွက် #သယ်ယူစရိတ်အရှုံးခံ
#YMG/LW #Yangon_Times
‘အခုရက်ပိုင်းအတွင်း လေပွေလှိုင်းနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းတာ၊ မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်’ ဦးလှထွန်း(ညွှန်ကြားရေးမှူး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
Published_ 25 September 2023
#လေပွေလှိုင်းနှင့်လေဖိအားနည်းရပ်ဝန်း #မိုးထစ်ချုန်း #လေပြင်းတိုက်ခတ်
#tthl #Yangon_Times
‘စားအုန်းဆီတွေ ဝယ်မရဘူးဆိုတာ မရှိလို့ ရှားပါးလို့မဟုတ်ပါဘူး စားအုန်းဆီတွေကအလုံအလောက်ရှိပါတယ်။ နေရာဒေသအပေါ်မူတည်ပြီး အဲဒီ့ဒေသကိုမရောက်သေးတာနဲ့ မလိုအပ်ဘဲ စားအုန်းဆီတွေ ဝယ်ထားတဲ့သူတွေကြောင့်ဖြစ်တာဖြစ်တယ်’ ဘုရင့်နောင် စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Published_ 25 September 2023
#Local_News
#စားအုန်းဆီရည်ညွှန်းဈေး #ဆီရှားပါးခြင်းမရှိ
#tthl #Yangon_Times
ပြောင်းလဲပြင်ဆင်ထားတဲ့ဥပဒေမှာ ပြည်ပရောက် မြန်မာနိုင်ငံသားများကို လစာ မဟုတ်တဲ့ဝင်ငွေများက ၁၀ရာခိုင်နှုန်း အခွန်ကောက်ခံမှုကို မပြောင်းလဲဘဲ ယခင်အတိုင်း သတ်မှတ်ထားပေမယ့်လဲ အခုခါမှာလစာနဲ့လုပ်ကိုင်သူတွေကိုပါ စတင်အခွန်ကောက်ခံမှာ ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာများကနေ အသိပေးကြေညာခဲ့ပါတယ်။
Published_ 25 September 2023
#YMG/LW #Yangon_Times
#လစာအပေါ်အခွန်ကောက်ခံ #နိုင်ငံပိုင်သတင်းစာ
‘ဖူးကြီးရေလှောင်ကန်ထိခိုက်ပျက်စီးမှုမရှိပေမယ့် ပန်းတစ်ပွင့်တောင်ရှိသာသနိကအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပြီး ယခင်တန်ဖိုးကျပ်သိန်း ၃၀၀ခန့် အဆောက်အဦးများထိခိုက်ပျက်စီးခဲ့ရတယ်။ ကျောင်းတွေက ကလေးငယ်တွေကို ငလျင်နဲ့ပတ်သက်လို့ဇာတ်တိုက်လေ့ကျင့်ပေးနေတယ်” တိုက်ကြီးမြို့နယ်၊ ဒေသခံတစ်ဦး
Published_ 25 September 2023
#Local_News #ပန်းတစ်ပွင့်တောင် #ဖူးကြီးရေလှောင်ကန်
#tthl
#Yangon_Times
#Local_News
Published 25 Setember 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး ကျောက်တိုင်မှတ်တိုင်အနီး Max ဆီဆိုင်အရှေ့တွင် Taxi တစ်စီးမှ အရှိန်လွန်၍ လမ်းဘေးဆိုင်းဘုတ်တိုင်အား ဝင်တိုက်မှုဖြစ်ခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေး အသင်းထံက သိရသည်။
အဆိုပါယာဉ်တိုက်မှုမှာ စက်တင်ဘာ ၂၄ရက် ည ၁၁နာရီ ခွဲ အချိန်ခန့် ဖြစ်ခဲ့တာဖြစ်ပြီး ကားထဲ တွင် အသက် ၃၅ခန့် အမျိုးသားတစ်ဦး ညပ်နေတာကြောင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၊ Emergency Medical Service တို့မှမြေပြင်ကို ကယ်ထုတ်ပေးကာ မနောဖြူလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းအမျိုးသားမှာ ရင်ဘတ်နှင့်ဒူးခေါင်းထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံသို့ရောက်ရှိပြီးနောက်၂၅ ရက်နံနက်၂နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
#YMG/LW #Local_News #အမျိုးသားတစ်ဦးသေဆုံး #အရှိန်လွန်၍လမ်းဘေးဆိုင်းဘုတ်ကိုဝင်တိုက် #Yangon_Times
Page 881 of 2036