#Local_News
Published_06 June 2024


▪️ လသာသံဈေးတွင် ခွင့်မပြုဆိုးဆေးနှင့်ဖော်မလင်သုံးခြင်းရှိမရှိစစ်ဆေးပြီး သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်း‌‌လျှောမဖြစ်အောင် အဘိတ်ဆေးခတ်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

▪️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် အများပြည်သူနေရာများတွင် ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယင်းကဲ့သို့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

 

▪️ ဇွန်(၆)ရင်က လသာမြို့နယ်အတွင်းရှိ အမှတ်၂ရပ်ကွက်၊လမ်းမတော်လမ်းသံစျေးအတွင်းစျေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါနှင့်ဝမ်းပျက် ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရေး ဈေးရှိ ရေစည်ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ် ပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း(Mask) များ ဝေငှခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ခွင့်မပြုဆိုးဆေးနှင့်ဖော်မလင်များ သုံးစွဲခြင်း ရှိ/မရှိ၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

 

#tthl #Yangon_Times