#Local_News
Published_12 May 2024
▪️ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကောလိပ်များနှင့် တက္ကသိုလ်များကို တိုးချဲ့ ဖွင့်လှစ်သွား မည်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကပြောသည်။
▪️ ယနေ့ မေလ ၁၂ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများအား ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုး တက်ရေးဆိုင် ရာများကိုဆွေးနွေးစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ ရှမ်းပြည်နယ် (အရှေ့ပိုင်း)သည် ပညာရေးနှင့်ပတ်သက်၍ အားနည်းသည့် ဒေသတစ်ခုဖြစ်၍ ယခင် ကတည်း ကပင် အားပေးဆောင်ရွက်နေရသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ယင်းကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုပ ညာကျွမ်းကျင်သည့် လူသားအရင်း အမြစ်များရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု အထက် တန်းကျောင်း များကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် အဆင့်မြင့်ပညာရပ်များ ဆက်လက် သင်ယူသွားနိုင်ရေး သိပ္ပံများ၊ ကောလိပ်များနှင့် တက္ကသိုလ်များကို တိုးချဲ့ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
▪️ ယင်းအပြင် ကျန်းမာရေး၊ အိုင်တီ၊ အင်ဂျင်နီယာ ပညာရှင်များမွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ ကျောင်းမှသင် ကြား ပေးသည့် ပညာရပ်များသာမက အခြားအသိပညာဗဟုသုတများ ရရှိစေရေးအတွက် လည်း စာကောင်း ပေမွန်များ ဖတ်မှတ်လေ့လာကြရန်လိုသောကြောင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် စာကြည့်တိုက်များ တိုးချဲ့ပေးနိုင်ရေး၊ စာအုပ်စာစောင်များ ရရှိရေး၊ စာကြည့်တိုက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေး ထားဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
▪️ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျိုင်းတုံလေဆိပ် နှင့် တာချီလိတ်လေဆိပ်တို့ကို အဆင့်မြှင့်တင် ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အိမ်နီးနားချင်းနိုင်ငံများမှ လေကြောင်းခရီးစဉ်ဖြင့် ပြည်ပခရီးသွားများ ဝင်ရောက်နိုင် မည်ဖြစ်ကြောင်း၊ ကျိုင်းတုံဒေသသည် ခရီးသွားလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက် နိုင်မည့် ရေမြေတောတောင်သဘာဝနှင့် ရှေးဟောင်းအမွေအနှစ်များစွာကို ပိုင်ဆိုင် ထားရှိပြီးဖြစ်သဖြင့် ခရီးသွားလုပ် ငန်းမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန် ၊ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများလာရောက် ခြင်း ဖြင့် ဒေသတွင်း ငွေကြေးလည်ပတ်မှုကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် သဖြင့် ဒေသသာယာလှပရေး၊ တည်းခိုရန်နေရာများ၊ စား သောက်ဖွယ်ရာများ၊ ဒေသထွက်အစားအသောက်များကို အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးပမ်းကြရန်လည်း နစက ဥက္ကဌက တိုက်တွန်းခဲ့သည်။
▪️ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသည် ယခင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နာမည်ထွက်ပေါ်ခဲ့သောကြောင့် ဒေသအတွင်း မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး ထိန်း သိမ်းဆောင် ရွက်ကြရန်နှင့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ထိထိရောက်ရောက် တိုက် ဖျက် ဆောင်ရွက်ကြရန်လည်း နစက ဥက္ကဌက ပြောကြားခဲ့သည်။
▪️ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျိုင်းတုံဒေသသို့ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်း ပြေးဆွဲပေးစေလိုမှု၊ကျိုင်းတုံဒေသတွင်အစိုးရနည်းပညာအထက်တန်းကျောင်းကို အဆင့်မြှင့်တင်ပေးစေလိုမှုနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလိုအပ်ချက်များကို အသီးသီးတင်ပြခဲ့ကြကြောင်း သိရသည်။
#Yangon_Times/PP