#DailyNews
Published_ 21 February 2023
၁။ YBS ယာဉ်စီးခကို တစ်ထောင်တန်အတုထည့်ပြီး ပြန်အမ်းငွေကျပ် ၈၀၀ ယူခြင်းများနေ
၂။ ရန်ကုန်ရွှေပြင်ပပေါက်ဈေး ၂၈ သိန်း ၅ သောင်း ၇ ထောင် ဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးအနည်းငယ်ပြန်တက်
၃။ လျှပ်စစ်သုံးယာဉ်တင်သွင်းလိုသူများ လိုက်နာရမည့် စည်းကမ်းချက်များထုတ်ပြန်
၄။ ဂျပန်တွင် ကလေးမွေးဖွားနှုန်းလျော့နည်းခြင်းကြောင့် လူငယ်ဝန်ထမ်းအင်အားရှားပါးလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 189
#Local_News
Published_ 21 February 2023
ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ သရုပ်ဆောင်ရော၊ ဇာတ်ညွှန်းရော၊ ဒါရိုက်တာပါ ဘက်စုံထူးချွန်တဲ့ စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်တဲ့အတွက် သူကွယ်လွန်သွားတာဟာ ရုပ်ရှင်လောကအတွက်ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်၊၊
#Yangon_Media_Group
#Crime
#Myanmar_Actor
#YMG
- Category: Myanmar
- Hits: 954
#Local_News
Published_ 21 February 2023
ဒုဌဝတီမြစ် အတွင်း ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အသက် (၁၈)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က သိရသည်။
ပုလိပ်မြို့ အနီး၊ဒုဌဝတီမြစ်အတွင်း အမျိုးသားတစ်ဦး ရေနစ်ကြောင်း သိရသည့်အတွက် ရေငုပ်ရှာဖွေပေးပါရန် အကူအညီတောင်းခံလာသောကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ကသွားရောက် ဆယ်ယူပေးနိုင်ခဲ့ကြရာ ရေအောက်မှ အလောင်းကို ပြန်လည် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အဲဒီကောင်လေးက ပုလိပ်မြို့က မိုတယ်တစ်ခုရဲ့ ဝန်ထမ်းပါ၊ရေဆင်းကစားရင်းနဲ့ ရေနစ်တာပါ၊အလောင်းကိုတော့ ပုလိပ်တိုက်နယ် ဆေးရုံကို ပို့လိုက်တယ်"ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ၏ တာဝန်ရှိသူက ပြောသည်။
#ymg/mt
#Crime
#Mandalay
#YMG
#Yangon_Media_Group
- Category: Myanmar
- Hits: 251
#Local_News
Published_ 21 February 2023
ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရသည်။
ယနေ့ နံနက်ပိုင်းက နှလုံးရောဂါဖောက်လာသည့်အတွက် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ကွယ်လွန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သရုပ်ဆောင် ဝေဠုကျော်က "ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားကြောင်း သိရလို့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်" ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
သီဟတင်စိုးသည် ဗီဒီယိုဇာတ်ကားများခေတ်ကောင်းစဉ်က နယ်ချဲ့ တော်လှန်ရေးဇာတ်ကားများဖြင့် နယ်ပရိသတ်များ၏ အထူးအားပေးမှုခံခဲ့ရသူဖြစ်ကာ ၂၀၀၀ ပြည့်နှစ်က ငရဲသားဇာတ်လမ်းဖြင့် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုများ ရရှိခဲ့သူလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 864
#Local_News
Published_ 21 February 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံရေပိုင်နက်အတွင်း ငါးခိုးဖမ်းနေသည့် ဘင်္ဂါလီ ၃ ဦးကို ဖမ်းမိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
ယင်းတို့ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ နတ်မြစ်(မြန်မာရေပိုင်နက်)ဖြစ်သော မင်္ဂလာကြီးချောင်းဝ နယ်ခြားစောင့်ရဲကင်းစခန်း၏ ခြံစည်းရိုးအပြင်ဘက်၊ နတ်မြစ်(မြန်မာရေပိုင်နက်)အတွင်း လောင်းလှေနှင့်အတူ ဖေဖော်ဝါရီလ၂၀ ရက် နံနက် ၁ နာရီခန့်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်ရှိ ကျေးရွာများမှ ဂျူဘိုင်(၂၁)နှစ်၊ (ဘ)အဒူဇော်လီ၊ မာမတ်ဆော်လိမ်(၂၅)နှစ်၊ (ဘ)အာမာနူရ်လာ၊ လာမီယာ (၃၅)နှစ်၊ (ဘ)ရှော့အာလိမ်တို့ ၃ ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့သည်နတ်မြစ်အတွင်း ငါးရှာဖွေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာပ်ဖ်မြို့နယ်၊ နတ်တောင်ဆိပ်ကမ်းမှ လောင်းလှေဖြင့် ထွက်ခွာလာပြီး မြန်မာနိုင်ငံရေပိုင်နက်အတွင်း ဝင်ရောက်၍ ငါးခိုးဖမ်းနေခြင်းဖြစ်ကြောင်း သိရှိရ၍ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လဝကအက်ဥပဒေပုဒ်မဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 261
#Local_News
Published_ 21 February 2023
နစကဥက္ကဋ္ဌက ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌတို့အား ဂုဏ်ထူးဆောင်ဘွဲ့နှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
ဂုဏ်ထူးဆောင်တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်ခြင်းကို နေပြည်တော်၌ ပြုလုပ်ရာ အခမ်းအနားသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများ၊ Japan- Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။
နစကဥက္ကဋ္ဌက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့တဲ့ Japan- Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE ထံ သီရိပျံချီ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက် ချီးမြှင့်အပ်နှင်းပါတယ်။
ယင်းနောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ဂုဏ်ထူးဆောင်ဘွဲတံဆိပ် ရရှိခဲ့သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Taro Aso အား သရေစည်သူဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်အပ်နှင်းရာ H.E. Mr. HIDEO WATANABE က ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းကိုယ်စားလက်ခံရယူခဲ့ပါတယ်။
နစကဥက္ကဋ္ဌက ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြုစကား ပြောကြားရာတွင် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည့် မိတ်ဆွေကောင်းတစ်ဦးဖြစ်ကြောင်း၊ နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် လာရောက်ဆောင်ရွက်နိုင်ရန်တို့အတွက် အစွမ်းကုန်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့ပြင် နှစ်နိုင်ငံအစိုးရ၊ ပြည်သူများနှင့်တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုထက် ပိုမိုတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါတယ်။
H.E. Mr. HIDEO WATANABE က ကျေးဇူးတင်စကားပြန်လည် ပြောကြားရာတွင် အခုကဲ့သို့ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုပါကြောင်း၊ ယခင်အတိတ်က ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီဆောင်ရွက်မှုများကို ဆန်းစစ်၍ ယခုအချိန်တွင်လည်း ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တပ်မတော်၏ ရပ်တည်မှုအတွက် မိမိအသက်ရှင်သန်နေသည့်အချိန်အထိ ရာသက်ပန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
#ygm_mnn
#Yangon_Media_Group
- Category: Myanmar
- Hits: 345
#Local_News
Published_ 21 February 2023
ပြည်ခိုင်ဖြိုးပါတီကို တိကျပြတ်သားမှုရှိခြင်း သစ္စာရှိခြင်းနှင့်ပြည်လူထုက ယုံကြည်အားကိုးရသည့် Smart Party ဖြစ်ရေးကြိုးပမ်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုမှ အထွေထွေအတွင်းရေးမှူး ဦးသောင်းကပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၁၉ရက်နေ့ ကမန္တလေးတိုင်းဒေသကြီးခရိုင်/မြို့နယ်/ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာ ဖြစ်သည်။
Smart Party ဖြစ်စေဖို့အတွက် ၂၀၂၃ ခုနှစ် မတ်လ(၁)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ရက်ပေါင်း(၉၀) စီမံချက်ကာလသတ်မှတ်ပြီးပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမှာ ဖြစ်သည်။
ပါတီအင်အားကြီးမားခြင်း၊ စည်းလုံးညီညွှတ်မှုရှိပြီး ပါတီဝင်အင်အားတိုးပွားစေရန် စည်လုံးဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်းထားပါသည်။ ပါတီဗဟိုဌာနချုပ်မှ လမ်းညွှန်းထားသည့် အသွင်သစ်ဖြင့်ဆက်ဆံရေးလုပ်ငန်းစဉ်များ၊ တန်းတူညီတူဆက်ဆံရေးလုပ်ငန်းစဉ်များအကောင်ထည်ဖော်ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါသည်။
လက်ရှိအချိန်အထိ နစက အစိုးရက နိုင်ငံရေးပါတီမှတ်ပုံတင်ရေးဥပဒေကိုအသစ်ပြဌာန်းထားပြီး ရွေးကောက်ပွဲကော်မရှင်က ရက်ပေါင်း၉၀ အတွင်းပါတီမှတ်ပုံတင်ဖို့ ထုတ်ပြန်ကြေညာထားသည်။
#ymg/ynz
#Yangon_Media_Group
- Category: Myanmar
- Hits: 258