သက်ြန်ကာလအလွန်မှာ ဈေးကွက်ပြန်ဖွင့်လာတဲ့ ရန်ကုန် ရွှေရည်ညွှန်းဈေးဟာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း၄၀နားထိ ကပ်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
အခုနှစ်အတွင်း ပုသိမ်ထီးလုပ်ကိုင်ရာမှာအသုံးပြုတဲ့ ကုန်ကြမ်းတွေ ပိုရှားပါးလာတာကြောင့် တစ်နိုင်တစ်ပိုင်ပုသိမ်ထီးလုပ်ငန်းများ ရပ်ဆိုင်းနေရတယ်လို့ ပုသိမ်မြိုကလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
သင်္ကြန်ပြီးကာလမှာ ဈေးကွက်အတွင်း ကုန်အဝင်များလာပြီး ဝယ်လိုအားနည်းနေတဲ့အတွက် ငရုပ်ပွဈေး ထက်ဝက် ခန့် ကျဆင်းလာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
ယခင်က တစ်ပိသာကို ကျပ် ၆၀၀၀ မှ ၇၀၀၀ ဝန်းကျင်ရှိရာကနေ ယခုရက်ပိုင်းမှာ တပိသာကိုကျပ်၂၅၀၀မှ ၄၀၀၀ကျပ် ဝန်းကျင်သာ ရှိတော့တယ်လို့ ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ နိုင်ငံရေးအားကောင်းအောင် ပတ်ဝန်းကျင်ကိုပြန်ပြီးတော့ မဖန်တီးပေးဘူးဆိုရင် ပြည်သူက နိုင်ငံရေးနည်းလမ်းနဲ့ ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတာ အယုံအကြည်မရှိတော့ဘဲ ဖာသိဖာသာနေသူတွေနဲ့ နိုင်ငံရေးနည်းလမ်းနဲ့တော့ မရတော့ဘူး ချမှရမယ်ဆိုပြီး လက်နက်ကိုင်ကို သွားအားပေးသလိုပဲဖြစ်တယ်။ (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး)
Yangon_Times/tthl
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 22 April 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်၊ ရတနာနှင်းဆီအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားကြောင်း အရှေ့ပိုင်းခရိုင်မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။
ဧပြီ ၂၂ရက် မွန်းတည့် ၁၁နာရီ ၃၇မိနစ် က လောင်ကျွမ်းခြင်းဖြစ်ကာအရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးနှင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
""၁၃လွှာမှာလောင်တယ်လို့ကြားတယ် အထပ်မြင့်ဆိုတော့ လှေကားအမြင့်ပါတဲ့ မီးသတ်ကားတွေနဲ့ငြိမ်းသတ်နေရတယ် လူထိခိုက်ဒဏ်ရာရတယ်တော့ မကြားမိသေးဘူး""ဟု အနီးနားနေထိုင်သူတစ်ဦးကပြောသည်။
မီးသတ်တပ်ဖွဲ့များ၏ မီးငြိမ်းသတ်မှုကြောင့် ၁၁နာရီ ၅၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၁၁နာရီ ၅၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်သည့် အကြောင်းရာနှင့် ဆုံးရှုံ မှု တန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Yangon_Times/ LW
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group

၂၂ ဧပြီ ၂၀၂၄
မြဝတီအနီးတစ်ဝိုက် တိုက်ပွဲတွေ မရှိတော့တဲ့အတွက် မဲဆောက်မှာရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေ နေရပ်ပြန်သွား ကြလို့ စစ်ဘေးရှောင် အရေအတွက်ဟာ တနင်္ဂနွေနေ့က ၃၀၀၀ဦးခန့်ရှိခဲ့ရာမှ ယခုဆို ၁၀၀၀ဦးခန့်ပဲကျန်ရှိတော့တယ်လို့ ထိုင်း စစ်ဒေသအမှတ်(၃) တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ပရာဆန် ဆေအင်ဆီရီယက် ကပြောတယ်လို့ ဘန်ကောက်ပို့စ်က သတင်း ဖော်ပြပါတယ်။
ပဋိပက္ခမှာပါဝင်တဲ့ နှစ်ဘက်တပ်တွေဟာ အခုဆို ဆွေးနွေးညှိနှိုင်းမှုတွေစတင်လုပ်ဆောင်နေပြီး မြန်မာအစိုးရရဲ့ စစ်ကူ တပ်တွေဟာ ကော့ကရိတ်ကနေ မြဝတီကိုမရောက်သေးဘူးလို့လည်း သူက ထိုင်း ပီဘီအက်စ်သတင်းဌာနကိုပြောပါတယ်။
စစ်ပွဲရှောင်လာကြတဲ့ မြဝတီက လူတော်တော်များမျာဟာ ယခုဆိုရင် မဲဆောက်ကနေ အိမ်ကိုပြန်နေကြပြီဖြစ်ပါတယ်။
အမှတ်(၁)ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားဟာ ခြေလျှင်သွားသူတွေနှင့် စီးပွားရေးလုပ်ငန်းသုံးယာဉ်တွေအတွက် ဆက်လက် ဖွင့်ပေးထားပါတယ်။
ဒေသ(၃) စစ်တိုင်းအနေနှင့် နယ်စပ်တလျောက်အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး မဲဆောက်က အိမ်တစ်လုံး ပေါ် ကျည်ဆံကျလို့ လောလောဆယ်ကန့်ကွက်မှုပြုလုပ်ထားတယ်လို့လည်းဒေသတိုင်းမှူးက ပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
@ymg/knl
Published 21 April 2024
ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၀/၁)တွင် ကျိုက်ထိုမြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာသော (၁၀)ဘီးယာဉ်(၁)စီး ဘရိတ်ပေါက်၍ အနီးရှိ နေအိမ်ခြံဝန်းအတွင်း ဝင်တိုက်မှု ဖြစ်ပွားကာ တစ်ဦးေ-သဆုံး ခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီ ၂၁ရက် နေ့လည် ၂နာရီ ၁၅ မိနစ် အချိန် ခန့်က ဖြစ်ပွားခဲ့သဖြင့်ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၆)ဦးအနက် အမျိုးသား(၁)ဦး(သေဆုံး)ကာအမျိုးသား(၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်း၊ ပဒုမ္မာလူမှုကူညီရေးအသင်းတို့မှ ယာဉ်များဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 21 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 758 of 2273