Published_ 7 March 2024
ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ နှင့် ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ခြင်း၊ဈေးကစားရန်သိုလှောင်ခြင်းပြုလုပ်လျှင် အများဆုံးထောင်ဒဏ် ၃ နှစ်အထိချနိုင်ကြောင်း စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးလိုက်သည်။
အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့် Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများကိုဈေးနှုန်းမြှင့်တင်ခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုကြရန် ယမန်နေ့ကသတိပေးလိုက်ခြင်းဖြစ်သည်။
အဆိုပါအရေးကြီးကုန်စည်များကိုဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းသို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းဆောင်ရွက်ကြောင်းစိစစ်တွေ့ရှိရပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီပြစ်မှုကြောင်းအရအရေးယူခြင်းခံရမည် ဖြစ်ကြောင်း၊အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ သတ်မှတ်ချက်တွင် အရေးကြီးကုန်စည်များနှင့် ပတ်သက်၍အမိန့်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားစီရင်ခံရပါက ထိုသူအားအနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်ပြီးကျပ် ၅ သိန်းထက် မပိုသောငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားကြောင်းသိရသည်။
အထက်ပါ ပစ္စည်းများကိုအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၀)ဖြင့် အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီးယင်းအမိန့်ကြော်ငြာစာ၏ အပိုဒ် ၂ တွင် အဆိုပါအရေးကြီးကုန်စည်များကိုဈေးကွက် အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းသို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာ့သရက်သီး တရုတ်သို့တင့်ပိုရန် ဈေးကွက်မသေချာ၍ ခြံပြုစုစောင့်ရှောက်မှု ၂၀ရာခိုင်နှုန်းခန့်သာရှိ
' အခုတင်ပို့နေတဲ့ဖရဲ၊ သခွှားမွှေး ကုန်စိမ်းတွေလည်း တင်ပို့ရက် အရမ်းကြာတော့ အနည်းနဲ့အများ အရည်အသွေးကျဆင်းသွားတာကိုး၊ သရက်ကလည်း တရုတ်နယ်စပ်လိုင်းက အဓိကတင်ပို့ရတာ၊ အခုလမ်းကြောင်းတွေက မဖွံဖြိုး၊မပွင့်လင်းသေးတော့လေ၊ ဒါကြောင့် သရက်ခြံပိုင်ရှင်တွေက အရည်အသွေးကောင်းဖို့ နည်းပညာထည့်တာ၂၀% လောက်အထိ နည်းသွားတယ်၊ ကျန်တာက သဘာဝအတိုင်း ဘုရားပေးသလောက်ပဲ '
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဂျပန်နည်းပြချုပ် ယူကီတက်ဆုရိုအနေနဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကို အခုနှစ်အတွင်း နိုင်ငံတကာခြေစမ်းပွဲတွေ၊ လေ့ကျင့်ရေးခရီးစဉ်တွေ သွားရောက်ဖို့ စီစဉ်လျက်ရှိပါတယ်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဆန်လျော့ဈေးများဖြင့် ရောင်းချပေးနေသော်လည်း စိတ်ဝင်စားမှုနည်းပါး ၊ဆန်ဈေးထပ်မကြီးနိုင်
' လက်လီဆိုင်တွေမှာ အသင်းကချတဲ့ဆန်တွေကို စားသုံးသူတွေက သိပ်ဟက်ဟက်ပက်ပက်မဝယ်ဘူး၊ ဈေးကွက်ကိုတော့ ထိန်းသွားသလိုဖြစ်တယ်၊ ဆန်ဈေးတော့ ဒီထက်ထပ်မကြီးနိုင်ဘူးဆိုပြီး စားသုံးသူတွေ စိတ်ပူစရာတော့ မရှိဘူး၊
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ယခုတပတ်နှမ်းဈေးကွက် အနေထားမှာတော့ တရုတ်ဝယ်လက်နည်းလာပြီး ကုန်အဝင်မှာလဲ အလွန်နည်းလာတဲ့အတွက် ဈေးအတတ်အကျ အနည်းငယ်သာရှိကာ ယခင်ဈေးတန်းမှာပဲ ငြိမ်နေတယ်လို့ နှမ်းအရောင်းဝယ် ပြုလုပ်သူတွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရွှေစျေး၊ ငွေဈေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူတွေကို ဥပဒေနဲ့အညီ ကြီးကြပ်အရေးယူသွားမှာဖြစ်တယ်။ ရည်ညွှန်းရွှေဈေးနှုန်း ထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူတွေကို အရေးယူနိုင်မယ့်နည်းလမ်း တွေကိုဆောင်ရွက်ဖို့လိုတယ်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 7March 2024
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပြည်တွင်းအလုပ်အကိုင်အခွင့်လမ်းပေါင်း၁၃၆၈ဦး ဖန်တီးပေးနိုင်မည့်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းသစ် ၇ခု ကို ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။
မတ်လ ၆ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး တွင် ခွင့်ပြုခု့ခြင်း ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အသစ် ၇ ခု ကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂၂၂ သန်းနှင့် ကျပ် ၉၉,၆၈၃ ဒသမ ၁၂၂ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၃၆၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ယင်းအစည်းဝေးကို နေပြည်တော်ရှိ ရုံးအမှတ် (၁၈)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သောနိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်းသိရသည်။
စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၉ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၅ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၀ ရာခိုင်နှုန်း ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 753 of 2202