#Local_News
Published_25 Sept 2024


▪️ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမ ရွှေကျင် သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့် အလှူရှင်တို့က ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဂရုဏာ အလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါအခမ်းအနားကို ယနေ့စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေး နှင့်ယဉ် ကျေးမှုဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပ ခဲ့ရာ သီတဂူ ဆရာတော်ကြီးအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ၊ ကွန်းခိုရာ ကုမ္ပဏီမိသားစုက ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

▪️ အခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက် ချီးမြှင့်တော်မူကြပြီး အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကော်မတီဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

▪️ အလှူငွေများပေးအပ်လှူဒါန်းရာ သီတဂူဆရာတော်ကြီး လှူဒါန်း သည့် အမေရိကန် ဒေါ်လာ ၁၀၀၀၀ ကို ဆရာ တော်ဘုရားကိုယ်စား ကပ္ပိယကာရကမှ ပေးအပ်လှူဒါန်းရာ အမျိုး သား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လက်ခံရယူပြီး အနုမောဒနာဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ဆက်ကပ်ခဲ့ကြောင်း သိရသည်။

 

▪️ ဆက်လက်၍ ကွန်းခိုရာကုမ္ပဏီမိသားစုက အလှူတော်ငွေကျပ် သိန်း ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က လက်ခံရယူပြီး အနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

#Yangon_Times/PP