#Local_News
Published 25 September 2024


▪️ မြန်မာနိုင်ငံရှိရေဘေးကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့်  ရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ(၁.၇)သန်းထပ်တိုးလှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးမှ ထုတ်ပြန်လိုက်သည်။

 

▪️ ဩစတြေးလျနိုင်ငံအနေဖြင့် အဆိုပါအကူအညီအား ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာ၊ ရေနှင့်ခိုနားရန်နေရာများကို ပေးအပ်ပံ့ပိုးအသုံးပြုသွားမည်ဟုဆိုသည်။

 

▪️ ရေဘေးကြုံတွေ့ခဲ့ရသည့် မြန်မာပြည်သူများအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးသွားမည့်အကြောင်းနှင့်အမေရိကန်ဒေါ်လာ (၁.၇) သန်းကို ထပ်တိုးအကူအညီအဖြစ်ပေးသွားမည့်အကြောင်းများကို ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

 

#YMG/tthl #Yangon_Times