#Local_News
Published 25 September 2024


▪️ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ယခုလအတွင်း ဘာသာစကားမျိုးစုံ သင်တန်းများဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထိုသို့ဖွင့်လှစ်ရာတွင်  ကိုယ်တိုင်သွား၍တက်ရောက်နိုင်သော ဘာသာစကားသင်တန်းများကို စက်တင်ဘာ ၂၈ ရက်နေ့မှစ၍လည်းကောင်း၊ Online သင်တန်းများကို စက်တင်ဘာ ၂၇ရက်နေ့မှစ၍လည်းကောင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူနေမှုစနစ်နှင့်အတူ တရုတ်စာ ၂၅% ပါသော Diploma in China Studies (၁) နှစ် သင်တန်းကိုလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

 

▪️ ယခုလအတွင်း  ဖွင့်လှစ်မည် သင်တန်းများမှာ Diploma in English For Communication Skills (Online နှင့် Face to Face)၊ တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ၊ ဂျာမန်၊ ဂျပန်၊ ရုရှား (Online)၊ တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မြန်မာ (Face to Face) ၊Diploma in China Studies (Face to Face) များ ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ Diploma in English For Communication Skills သင်တန်း စတင်တက်ရောက်မည့်သူများအတွက် ယခင်က ဝင်ခွင့်ဖြေဆိုထားပြီး တက်ရောက်ခွင့်မရသေးသူ လူဟောင်းများကိုသာ လက်ခံဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times