ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ၊မော်တင်စွန်းအငူမှာ တည်ထားကိုးကွယ်တော်မူတဲ့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားပွဲတော်အတွင်း ဘုရားဖူးတွေအဆင်ပြေစေဖို့ ပုသိမ်သူ သင်္ဘောကို ပွဲတော်ကာအတွင်းနေ့စဉ် ပြေးဆွဲပေးသွားမှာဖြစ်ပြီး အဝေးပြေးယာဉ်express ကားတွေလည်း ကြိုတင်လက်မှတ် မှာယူမှုများပြားနေ တယ်လို့ သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မီးသိပ်မမှန်တဲ့အတွက် လုပ်ငန်းအတွက်ပဲဖြစ်ဖြစ် နေအိမ်တွေအတွက်ပဲဖြစ်ဖြစ် အသုံးပြုမယ့် WiFiနဲ့ချိတ်ဆက်သုံးဖို့အတွက် Power Bankတွေ အဝယ်များပြီး အခုဆို ပစ္စည်းပြတ်တဲ့အထိ ရောင်းနေရတယ်။
Yangon Times/tthl
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 8 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဝါဆိုတံတားအဆင်းတွင် ယာဉ်(၁)စီး မီးလောင်မှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
မတ်လ ၈ရက် မနက် ၁၁နာရီ ၅၆မိနစ်ခန့်က လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂နာရီခန့်တွင်မီးငြိမ်းခဲ့ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 8 March 2024
ပုသိမ်မြို့အနီးအင်အား ရစ်ခ်တာစကေး(၄.၃) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ပုသိမ်နှင့် ငပုတောတွင် သိသိသာသာခံစားခဲ့ရကြောင်း သိရသည်။
"၁၀နာရီ၁၈မိနစ် ငလျှင်လှုပ် တော်တော်လေးပြင်းပြင်းပဲ အနောက်ကနေ အရှေ့ဘက်လှုပ်တယ်"ဟု ပုသိမ်ဒေသခံများမှ ဖော်ပြထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၁၇)မိနစ်၊ (၄၅) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်ဘက် (၇၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပုသိမ်မြို့၏ အရှေ့မြောက်ဘက် (၁၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၀)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိကြောင်းထုတ်ပြန်ထားသည်။
ငလျင်သည်ခန့်မှန်း၍မရသည့်သဘာဝဘေးအန္တ ရာယ်ဖြစ်ပြီး ပြတ်ရွေ့ကြောပေါ်ရှိ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ပဲခူးစတဲ့ ဒေသများကတော့ ငလျင်အန္တရာယ်ကို အထူးသတိထားဖို့လိုအပ်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦး၏သတိပေးချက်အရသိရသည်။
Yangon Times/tthl
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 8 March 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စုတွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏သတင်း ထုတ်ပြန်ချက်အရသိရသည်။
ယနေ့ မတ်လ (၈)ရက်၊ နံနက် (၁)နာရီ (၄၀)မိနစ် အချိန်ခန့်က ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စုတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဖြူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၂)နာရီ (၈)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှု ကြောင့် နေအိမ် အချို့ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုများကို သက်ဆိုင်ရာက စုံစမ်း စစ်ဆေးတွက်ချက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group

#Daily_News
Published_ 7 March 2024
၁။ ပြည်ပ ဝယ်လိုအားနည်းလာကာ ကုန်အဝင်နည်းနေသော နှမ်းဈေးကွက် ဈေးတည်ငြိမ်နေဟုဆို
၂။ ရွှေဈေးကစားသူများ၊ ရည်ညွှန်းဈေးထက် ပိုရောင်းသူများကို ထိရောက်စွာ အရေးယူပြီး ထိန်းကျောင်းတော့မည်ဟုဆို
၃။ ဆန်လျော့ဈေးများဖြင့် ရောင်းချပေးနေသော်လည်း စိတ်ဝင်စားမှု နည်းပါး၊ ဆန်ဈေးထပ်မကြီးနိုင်
၄။ (၁၄)ကြိမ်မြောက် တရုတ်ပြည်သူ့ ကွန်ဂရက်၏ ဒုတိယအစည်းအဝေး အင်္ဂါနေ့၌ စတင်ဖွင့်လှစ်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 7 March 2024
နွေရာသီအားလပ်ရက်တွင်ကလေးငယ်များအတွက် ဘာသာစကားလေ့လာမှုအဖြစ် ဂျာမန်ဘာသာ စကားသင်တန်းကိုGoethe-Institut Myanmarမှ ဖွင့်လှစ်ရန်ရှိကြောင်းသိရသည်။
Goethe-Institut Myanmar ကနေ ဖွင့်လှစ်မည့် ကလေးများအတွက်ဂျာမန်စာသင်တန်း A1.1.1 တွင် အသက်အရွယ်ဖြင့်ကိုက်ညီမည့် အတန်းတွင်းပျော်ပျော်ရွှင်ရွှင်စာလိုက်နိုင်မည့် သင်ကြားမှုပုံစံမျိုး ဖြစ်စေဖို့လည်း စီစဉ်ထားသည်ဟုဆိုသည်။
ဂျာမန်စာအခြေခံမရှိသေးသည့်ကလေးများအတွက်လည်း အဆင်ပြေနိုင်မည့်အတန်းမျိုးဖြစ်ပြီး ကျောင်းကိုလာရောက်သင်ယူနိုင်သလို အိမ်ကနေလည်း သင်ယူနိုင်မယ့် Hybrid class အတန်းမျိုးဖြစ်သည်။
အသက်အရွယ်- ၁၁ နှစ်မှ ၁၅ နှစ်အတွင်း၊ သင်တန်း level - A1.1.1၊သင်တန်းကာလ -16.03 - 07.07.2024၊သင်တန်းချိန် - တစ်ပတ်လျှင် နှစ်ကြိမ် (တစ်ကြိမ်လျှင် နှစ်ယူနစ်)၊သင်တန်းရက် - စနေ၊ တနင်္ဂနွေ (မနက် ၉:၀၀ မှ ၁၀:၃၀ ထိ)၊သင်တန်းကြေး - 440,000MMKသတ်မှတ်ထားသည်။
စိတ်ဝင်စားသူများသူများတက်ရောက်နိုင်ပြီး ဖေဖော်ဝါရီလ (၂၇) ရက်နေ့ကနေ မတ်လ (၁၁) ရက်နေ့အတွင်း
ဂျာမနီနိုင်ငံတွင် ပညာတော်သင်သွားလိုသူများ၊ တက္ကသိုလ်သွားတက်လိုသူများအနေဖြင့် ငယ်စဉ်ကတည်းကပင် ဂျာမန်ဘာသာစကားကို သင်ကြား လေ့လာထားသင့်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 752 of 2202