#Local_News
Published 26 September 2024


ရန်ကုန်မြို့၌ Yangon International Trade Expo 2024 ကိုလာမည့် အောက်တိုဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ Networking Exhibition တစ်ခုဖြစ်သည့် Yangon International Trade Expo 2024 ကို ရန်ကုန်မြို့ရှိ Yangon Convention Center-YCC တွင် အောက်တိုဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများအတွက် အခြေခံကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကိုပြပွဲအတွင်း လေ့လာနိုင်မည်ဖြစ်ပြီး ယင်းပြပွဲ၌ ဆောက်လုပ်ရေး၊ စက်ပစ္စည်းများဆိုင်ရာလုပ်ငန်းများ၊ အိမ်ခြံမြေနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ၊ IT ဆက်သွယ်ရေးနည်းပညာနှင့် Renewable Energy ဆိုင်ရာလုပ်ငန်းများ၊ စိုက်ပျိုး‌ရေးနှင့် စားသောက်ကုန်ဆိုင်ရာလုပ်ငန်းများနှင့်အခြားသော ၀န်ဆောင်မှုဆိုင်ရာလုပ်ငန်းများကို ပြခန်းပေါင်း ၂၀၀ ကျော်ဖြင့် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times