#Local_News
Published 26 September 2024


▪️ ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်ဖူဆယ်အမျိုးသမီးအသင်း၏ လေ့ကျင့်ခြင်းများကို ယခုလကုန်တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ ၂၀၂၄ ခုနှစ် အာဆီယံအမျိုးသမီး ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ် နိုဝင်ဘာ (၁၆)ရက် မှ (၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

 

▪️ ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသမီးအသင်းအား လေ့ကျင့်ပြင်ဆင်မှုများကို မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ် ဖူဆယ်ကစားကွင်း၌ ယခုလစက်တင် ဘာ (၃၀) ရက်မှ နိုဝင်ဘာ (၇) ရက်အထိ စခန်းသွင်း လေ့ ကျင့်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပဏာမမြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းကို MFF Women's Futsal Invitation Cup 2024 ပြိုင်ပွဲမှ ကစားသမား (၂၆) ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးဌေးမြင့်မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times