#Local_News
Published 06 December 2023
'မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၃' ရန်ကုန်၌ ပြုလုပ်မည်ဖြစ်ကြောင်း Myanmar International Textile Expo မှ သိရသည်။
အဆိုပါပြပွဲတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်းရှင်များမှ လာရောက်ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၈ရက်မှ ၁၀ ရက်အထိ Inya Lake Hotel, Yangon Convention Center (YCC) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
'တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာရှိတဲ အထည်ချုပ်လုပ်ငန်းရှင်တွေ လာရောက်ခင်းကျင်းပြသမှာပါ။ တရုတ်နိုင်ငံက အမှတ်တံဆိပ် (၂၅) ခုနှင့် အတူအထည်အလိပ်၊ အဝတ်အထည်၊ ဖိနပ်နဲ့အိတ် ထုတ်လုပ်သူ (၁၀၀) ကျော်တို့ရဲ့ ထုတ်ကုန်များကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Made in Myanmar ထုတ်ကုန်များဖြစ်တဲ့ အဝတ်အထည်၊ ပြည်တွင်းထုတ် ဖိနပ်နှင့် အိတ်များကိုလည်း ပြသသွားမှာဖြစ်ပြီး ပြည်တွင်း SME လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်း၊ မိတ်ဆက်ခြင်းများကို ပြုလုပ်သွားမှာဖြစ်ပါတယ်'ဟု Myanmar International Textile Expo မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းပြပွဲအား တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ ပူးပေါင်းကာ တရုတ်-မြန်မာနှစ်နိုင်ငံအထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာ့အထည်အလိပ် #စက်ယန္တရားကုန်စည်ပြပွဲ #YMG/NN #Yangon_Times
#Local_News
Published 6 November 2023
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ၄ ရပ်ကွက် ဘုရင့်နောင်တံတားအောက်တွင် ပန်းခြံတည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဉယျာဉ်နှင့်အားကစားကွင်းများဌာနမှ သိရသည်။
လက်ရှိတွင် ပန်းခြံတည်ဆောက်ရေးအတွက် မြက်ခင်းများညီညာအောင်စိုက်ပျိုးဆောက်ရွက်ခြင်းများ၊ မြေနေရာ ပြန့်ပြူးအောင်ဆောင်ရွက်ခြင်းများ၊ အလှပန်းပင်များစိုက်ပျိုးခြင်းတို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပန်းခြံဘေးဆိပ်ကမ်းသာလမ်းရှိ လှိုင်မြစ်အတွင်းသို့စီးဝင်သည့် ညောင်ချောင်း ရေတံခါးနှင့်ရှမ်းချောင်းရေတံခါးများ ရေစီးရေလာကောင်းမွန်ရန် စီစဉ်ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ပန်းခြံပတ်လမ်းအား ကတ္တရာကွန်ကရိ(AC) ခင်းကျင်းရေးတို့ လုပ်ဆောင်နေကာပန်းခြံရုပ်လုံးပေါ်လာအောင် အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပန်းခြံတည်ဆောက်နေသည့် ဘုရင့်နောင်တံတား အမှတ်၂ သည် လှိုင်မြစ်ကို ဖြတ်သန်းပြီး လှိုင်သာယာနှင့်မရမ်းကုန်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့် လေးလမ်းသွားနှင့် လူသွားလမ်းတဘက်တစ်ခြပ်စီပါသည့် တံတားဖြစ်ကာ ၂၀၁၄ခုနှစ် နိုဝင်ဘာလက တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
#Local_News #ပန်းခြံတည်ဆောက်နေ #လှိုင်သာယာ #YMG/LW #Yangon_Times
"လတ်တလောမှာတော့အဝေးပြေးယာဉ်လိုင်းတွေက အဝေးပြေးကားလက်မှတ်ခတွေ တက်ဖို့မရှိသေးပါဘူး"
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကော်မတီ (YRTC)၊တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်
#Local_News
Published 06 December 2023
#စက်သုံးဆီအခက်အခဲ #(YRTC)
#tthl #Yangon_Times
#Local_News
Published 06 December 2023
တာမွေရှိရပ်ကွက်(၁၉)ခု၌ ပုံမှန်ထက် လျှပ်စစ်ဓာတ်အားယာယီပိုပြတ်တောက်မည်ဖြစ်ကြောင်း တာမွေ YESC ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာလ(၆)ရက် မနက် (၉:၀၇)ခန့်အချိန်တွင် 66kV သာကေတ-ပုသိမ်ညွန့်ဓာတ်အားလိုင်းအား LDC မှ အရေးပေါ်ဝန်အားထိန်းညှိ၍ ဓာတ်အားပြတ်တောက်နေပါသဖြင့် နတ်ချောင်းရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေကြီး(ခ)၊ မလွှကုန်းဌေးကြွယ်၊ ကျားကွက်သစ်၊ ဗျိုင်းကွက်သစ်၊ နတ်မောက်၊ပျားရည်ကုန်း၊ ဗျိုင်းရွာမ၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ မြန်မာ့ဂုဏ်ရောင်၊ စက်မှုလက်မှု၊ ကျောက်ရှေ့၊ကျောက်ကြီး၊ အောင်မင်္ဂလာရပ်ကွက်၊ ကျောက်ထပ်ရပ်ကွက်၊ နတ်မောက်၊ မအူကုန်း၊ ကျားကွက်သစ်၊ ပုသိမ်ညွန့်စံပြရပ်ကွက်များ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးထားသည်။
အခုရက်ပိုင်းအတွင်း တာမွေမြို့နယ်တွင် ပုံမှန်ထက် မီးပိုပျက်နေပြီး မနက်ပိုင်းထမင်းဟင်းချက်ရန်ပင် ခက်ခဲလျက်ရှိသည်ဟု တာမွေဒေသခံများထံမှ သိရသည်။
ဓာတ်အားလိုင်းပြန်ကောင်းပြီး မြို့နယ်ခွဲရုံများသို့ ဓာတ်အားပြန်လည်ဝင်ရောက်လာပါက အမြန်ဆုံးဓာတ်အားပြန်လည်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
#Local_News #လျှပ်စစ်ဓာတ်အားယာယီပိုပြတ် #tthl #Yangon_Times
'ငွေပေါ်မှဖြစ်မယ်ဆိုတဲ့ သိန်းတစ်သောင်းကနေ နှစ်သောင်းကျော်ဈေးနှုန်းရှိတာတွေကို သိန်း
၂၀၀၀ ကနေ ၃၀၀၀ လောက်အထိ လျော့ရောင်းနေတယ်။ ဒါတောင်ရောင်းချင်တိုင်းရောင်းမထွက်ဘူး၊ အနည်းအပါးလောက်ပဲဖြစ်တယ်' မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဌဦးခင်မောင်သန်း
#Local_News
Published 06 December 2023
#ရန်ကုန်အိမ်ခြံမြေဈေးကွက် #အရောင်းအေး
#YMG/ NN #Yangon_Times
"ပူတာအိုရေခဲတောင်တက်ခရီးသွားဖို့ မူလက ခရီးသွားအဖွဲ့ ၂၀လောက် ကြိုတင်ဘိုကင်တင်ထားပေမယ့်လည်း ပူဝာာအိုကိုပြေးဆွဲတဲ့ လေယာဉ်နည်းပါးတဲ့အတွက် ခရီးစဉ်ဘိုကင်ပြန်ဖျက်သွားရတာမျိုးတွေရှိတယ်"
ပူတာအို ခရီးသွားဧည့်လမ်းညွှန်ကိုဆန်းနိုင်ဧလိယား
#Local_News
Published 06 December 2023
#ပူတာအိုတွင်ရေခဲ #ရေခဲတောင်တက်ခရီး
#tthl #Yangon_Times
ရှမ်းမြောက်တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်နေတဲ့အတွက် မူဆယ်မှာအိမ်သုံး gas ဈေးမြင့်ခဲ့ပေမယ့် လက်ရှိမှာတရုတ်ဘက်မှ gas များ ၀ယ်ယူနိုင်တဲ့အတွက်စျေးထက်ဝက်ခန့်ပြန်ကျလာတယ်လို့ မူဆယ်ရှိ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။
#Local_News
Published 06 December 2023
#အိမ်သုံးgas #ထက်ဝက်ခန့်ပြန်ကျ
#YMG/LW #Yangon_Times
Page 755 of 2039